Synopsis
Wherever you go PadamyarFM will be there with you...
Episodes
-
ဒီနေ့အတွက်စကား
10/09/2020 Duration: 03minI don’t believe in taking right decisions, I take decisions and make them right. မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေရယူခြင်းကို ငါအနေနဲ့ ယုံကြည်ခြင်းမရှိပါဘူး။ ချပြီးသားဆုံးဖြတ်ချက်တွေကိုပဲ မှန်အောင် လုပ်တတ် ပါတယ်တဲ့။ ကမ္ဘာကျော် သန်းကြွယ်သူဌေးကြီးတစ်ဦးဖြစ်တဲ့ TATA Company ရဲ့ ပဲ့ကိုင်ရှင် အိန္ဒိယလူမျိုးသူဌေးကြီး Ratan Tata က ပြောကြားခဲ့တဲ့ စကားတစ်ခွန်းဖြစ်ပါတယ်။ တကယ့်ကို နာမည်ကြီး လုပ်ငန်းရှင် သန်းကြွယ်သူဌေးကြီး ပြောကြား ထားတဲ့စကားကလည်း တကယ့်ကိုမှ မှတ်သားထားစရာကောင်းတဲ့စကားတစ်ခွန်းဖြစ်ပါတယ်။ ကျွန်တော်တို့ သက်ရှိ လူသား တွေအနေနဲ့ ရှင်သန်ရုန်းကန်နေတဲ့ ဒီလောကထဲမှာ လုပ်ငန်းဆောင်တာတွေမှာပဲဖြစ်ဖြစ် ကိုယ့်ဘ၀ အတွက် ရွေးချယ်မှုတွေ လုပ်တဲ့အခါမှာပဲဖြစ်ဖြစ် ဆုံးဖြတ်ချက်တွေကို ချရလေ့ရှိပါတယ်။ ဘဝတစ်ကွေ့မှာ ချမှတ်ခဲ့ရတဲ့ ဒီလိုမျိုး ဆုံးဖြတ်ချက်တွေက အမြဲတမ်းတော့ ကိုယ့်ဘဝအတွက် မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေ ဖြစ်နိုင်မှာမဟုတ်ပါဘူး။ ကိုယ့်ဘဝရဲ့ ကြုံ တွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေ၊ ကိုယ့်ရဲ့ စဉ်းစားတွေးခေါ်နိုင်မှု အတိုင်းအတာတွေ ပေါ်မူတည်ပြီး ဆုံးဖြတ်ချက်တွေ မှန်ကန်မှုရှိ သည် မရှိဘူးဆိုတာက ကွဲပြားသွားတတ်ပါတယ်။ ဒါကြောင့် ဘယ်သူမဆို တစ်ခါတလေမှာတော့
-
ဒီနေ့အတွက်စကား
09/09/2020 Duration: 03minSuccess at anything will always come down to this: Focus and Effort. And we control both. WWE နပန်းသမားဘဝကနေ Hollywood ရုပ်ရှင်လောကမှာ အောင်မြင်တဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်လာတဲ့ The Rock လို့လူသိများတဲ့ Dwayne Johnson ပြောကြားခဲ့တဲ့စကားတစ်ခွန်းဖြစ်ပါတယ်။ ဒီစကားလေးကို ကြားသိလိုက်ရတဲ့အချိန်မှာ အာရုံစူးစိုက်မှုဆိုတဲ့အရာနဲ့ အားစိုက်ထုတ်မှု အဲဒီနှစ်ခုကို ဘယ်လို ထိန်းချုပ်ရမလဲ ဆိုတာကို မေးခွန်းတွေအဖြစ်ကျန်နေရစ်မယ်လို့ထင်ပါတယ်။ လောကမှာ အရာအားလုံးရဲ့ အောင်မြင်မှု အနှစ်ချုပ်က အဲဒီ အာရုံစူးစိုက်မှုနဲ့ အားစိုက်ထုတ်မှုနှစ်ခုပါ။ ဒါပေမယ့် အဲဒီနှစ်ခုကို ပါးပါးနပ်နပ် ထိန်းချုပ်သွားဖို့ကလည်းအရေး ကြီးပါတယ်။ တစ်ခါတစ်လေမှာ ကိုယ့်ရှေ့ကတစ်ခုတည်းကိုပဲ အာရုံစူးစိုက်မှုလွန်ကဲသွားတဲ့အခါမှာ အနီးနားမှာရှိတဲ့အခွင့်အရေး တွေကို ကျွန်တော်တို့တတွေ လက်လွတ်ဆုံးရှုံးလိုက်ရတာမျိုးဖြစ်တတ်ပါတယ်။ ဒါကလည်း ဖြစ်လေ့ဖြစ်ထရှိတဲ့ကိစ္စတစ်ခုပါပဲ။ ထောင်မြင်ရင် ရာကိုစွန့်သင့်ရင်စွန့်ရမှာဖြစ်တဲ့အတွက် အနီးအနားပတ်ဝန်းကျင်မှာ ကိုယ်လိုချင်လို့ကြိုးစားနေတဲအရာတွေထက် ပိုမိုတန်ဖိုးကြီးမားတဲ့အရာတွေ၊ ပိုမိုမြင့်မားတဲ့ အခွင့်အရေးတွေဆိုတာ ရှိတတ်စမြဲမို့ အာရုံစူးစိုက်မ
-
ခေတ်လူငယ်
08/09/2020 Duration: 15minပရိတ်သတ်များအားလုံး မင်္ဂလာပါ... ခု တင်ဆက်ပေးမဲ့ အစီအစဉ်က ခေတ်လူငယ် ဆိုတဲ့အတိုင်း ဒီနေ့အစီအစဉ်မှာ ကွဲပြားခြားနားပြီးတော့ ထူးခြားစုံလင်တဲ့ အကြောင်းအရာတွေ ကိုယ့်အနီးအနားနဲ့ ကိုယ့်ပတ်ဝန်းကျင် .. ဒါ့အပြင် ကိုယ်မသိသေးတဲ့ .ဖြစ်ပျက်ပြောင်းလဲနေတဲ့ အဖြစ်အပျက်အဖုံဖုံကို သုတ ၊ ရသ စုံလင်စွာနဲ့ တင်ဆက်ပေးသွားမှာပါ... ကဲ ဒီတော့ အားလုံးပဲ ခေတ်နဲ့အဆက်မပြတ်ရအောင် ခုပဲ နားဆင်ကြည့်လိုက်ပါနော် . .
-
THE LIFE
08/09/2020 Duration: 15minဘဝမှာသေခြင်းနဲ့ရှင်ခြင်းကြားက ဖြတ်သန်းရမယ့် နေ့ရက်တွေအတွက် အသင့်ဖြစ်နေဖို့ The Life အစီအစဉ်ကစောင့်ကြိုနေပါတယ်..... ဂီတဆိုတာ လူအများနှစ်သက်တဲ့အရာတစ်ခုဖြစ်ပါတယ်။ဂီတဖန်တီးမူတွေကနေ လှပတဲ့တေးသွား၊ စကားလုံးတွေနဲ့လူတွေရဲ့ စိတ်ခံစားချက်တွေကို လွှမ်းမိုးထားနိုင်တာ တေးရေးဆရာတွေပဲ ဖြစိပါတယ်..... တေးရေးဆရာတွေထဲကမှ ဗိုလ်အောင်ဒင်လို လူကြမ်း၊ ကြာဖြူ၊ အချစ်စစ်ရဲ့တန်ဖိုး စတဲ့တေးသီချင်းကောင်းများစွာရဲ့ နောက်ကွယ်က ပဲ့ကိုင်ရှင် တေးရေး သဟာအောင် ရဲ့ ဘဝအကြောင်းကို The Life အစီအစဉ်မှာ နားဆင်ခံစားနိုင်ပါတယ်..
-
ဒီနေ့အတွက်စကား
08/09/2020 Duration: 05minA Beautiful appearance will last a few decades, but a beautiful personality lasts for a lifetime. လှပတဲ့သွင်ပြင်လက္ခဏာတစ်ခုကဆယ်စုနှစ်တစ်ခုစာ ကြာရှည်ခံနိုင်ပေမယ့် လှပတဲ့စိတ်နေသဘောထားကတော့ ဘဝတစ်သက်တာ ကြာရှည်ခံနိုင်မှာပါ။ ရုပ်ရည်သွင်ပြင်ထက် ကိုယ့်ရဲ့စိတ်နှလုံးသဘောထားက ဖြူစင်ပြီးလှပနေခြင်းကပိုပြီးတန်ဖိုးကြီးမားတဲ့အကြောင်းကိုပြောကြားထားတဲ့စကားတစ်ခွန်းဖြစ်ပါတယ်။လူသားမှန်ရင် အလှတရားကို မြတ်နိုးကြတဲ့သူအရေအတွက်ကပိုပြီးများပါတယ်။ အလှအပကိုမိန်းကလေးတွေကလည်းခုံမင်ကြသလို၊ ယောကျ်ားလေးတွေကလည်းသဘောကျကျတယ်။ လူတစ်ယောက်နဲ့တစ်ယောက် ဆုံတွေ့မှုမှာဆိုရင်လည်းအပေါ်ယံလှပမှုနဲ့ လွယ်လင့်တကူဆုံးဖြတ်တတ်ကြတာကိုတွေ့ရပါလိမ့်မယ်။ အပေါ်ယံအရေပြားတစ်ထောက်စာလှပမှုဆိုတာကဒီနေ့လိုပြောင်းလဲတိုးတက်လာတဲ့ခေတ်ကြီးထဲမှာဆိုရင် နည်းပညာပေါင်းများစွာကိုအသုံးပြုပြီးပြောင်းလဲပြင်ဆင်လို့ရနေပါတယ်။ ဒါပေမယ့် လူတစ်ယောက်ရဲ့ အတွင်းစိတ်ကိုတော့ ဘယ်လိုနောက်ဆုံးပေါ်နည်းပညာတွေသုံးသုံး၊ ဘယ်လိုခေတ်မှီစက်ပစ္စည်းတွေကိုပဲသုံးသုံးပြောင်းလဲပြင်ဆင်နိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ရုပ်ပိုင်းဆိုင်ရာအလှအပထက် စိတ်ဓါတ်ပိုင်းဆိုင်ရာမှာလှပနေခြင်းကပိုလို့တန်ဖိုးရှိပါတယ်။
-
Song For
07/09/2020 Duration: 25minပတ္တမြားFM ကို အားပေးနားဆင်နေကျသော ပရိသတ်များအားလုံး မင်္ဂလာပါ။ သောတရှင်များအတွက် အခုတခါ တင်ဆက်ပေးမယ့် အစီစဉ်လေးကတော့ Song For အစီအစဉ်ပဲ ဖြစ်ပါတယ်....... ချစ်ပရိသတ်များအတွက် အစီအစဉ်တင်ဆက်သူများမှ မြို့တစ်မြို့စီအလိုက်ရွေးချယ်ပြီး သီချင်းလက်ဆောင် ထုတ်လွင့်ပေးမှာ ဖြစ်ပါတယ်...... ဒီတစ်ပတ်မှာတော့ ပတ္တမြား FM ချစ်ပရိသတ်များစွာရှိတဲ့ မြစ်ကြီးနားမြို့မှ ချစ်ပရိသတ်များအတွက် အစီအစဉ်တင်ဆက်သူ အုပ်စိုး မှ သီချင်းလက်ဆောင်ပေးမှာမို့ စောင့်မျှော်နားဆင်နိုင်ပါတယ်.........
-
နိုင်ငံတကာသတင်းသုံးသပ်ချက်
07/09/2020 Duration: 11minပတ္တမြား FM ပရိသတ်များ အားလုံး မင်္ဂလာပါခင်ဗျာ ပတ္တမြား FM ကနေ တစ်ပတ်အတွင်း နိုင်ငံတကာသတင်းသုံးသပ်ချက် အစီအစဉ်ကို တင်ဆက်ပေးပါတော့မယ် ဒီနေ့ရဲ့ ပတ္တမြား FM ရဲ့ တစ်ပတ်အတွင်း နိင်ငံတကာသတင်းသုံးသပ်ချက် အစီအစဉ်မှာတော့ ပတ္တမြား FM မှ ကျွန်တော် ဇွဲမာန်နဲ့ အတူ ဒေါက်တာ တင့်ဆွေ (ပဲခူး) တို့က နိုင်ငံတကာအရေးတွေကို ဆွေးနွေးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ . . . . ဒိတစ်ပတ်မှာတော့ ဒေသတွင်း Covid 19 ကူးစက်မူတွေမြင့်တက်လာတာကြောင့် Social Distancing နှင့်ပတ်သက်ပြီး ပြောကြားပေးသွားမှာ ဖြစ်ပါတယ်.....
-
အစိမ်းရောင်ချစ်သူ
07/09/2020 Duration: 10minပတ္တမြား FM ပရိသတ် အားလုံးပဲ မင်္ဂလာပါ...... အစိမ်းရောင်ချစ်သူ အစီအစဉ်ကို တင်ဆက်ပေးတော့မှာ ဖြစ်ပါတယ်။ ဒီတစ်ပတ်မှာတော့ ပရိသတ်များအတွက် ပြုံးချိုတဲ့မျက်နှာလေးတွေနဲ့ သိပ်ကိုမှချစ်စရာကောင်းတဲ့ဧရာဝတီ လင်းပိုင်တွေအကြောင်းကိုဗဟုသုတဖြစ်ဖွယ် နားဆင်ရမှာဖြစ်ပါတယ်...
-
ဒီနေ့အတွက်စကား
07/09/2020 Duration: 03minCourage doesn’t mean you don’t get afraid. Courage means you don’t let fear stop you. ဘယ်လိုအရာကိုရဲစွမ်းသတ္တိလို့ခေါ်သလဲဆိုတာကိုရှင်းလင်းပြောပြထားတဲ့စကားဖြစ်ပါတယ်။ ကျွန်တော်တို့ ကြံစည်လုပ်ဆောင်မှုတွေမှာရဲစွမ်းသတ္တိဆိုတာတကယ့်ကိုမှ အရေးပါပါတယ်။ ရဲစွမ်းသတ္တိရှိတဲ့သူကလည်းသေလွန်ပြီးသွားရင်တောင်မှ သမိုင်းမှာထင်ရှားတဲ့ သက်သေသာဓကအနေနဲ့ ကျန်နေတတ်ပါတယ်။ လူတိုင်းကလည်းရဲစွမ်းသတ္တိရှိတဲ့သူဆိုရင်အားကျကြပါတယ်။ ဒါကြောင့်လည်း Marvel တို့ DC ကုမဏီတို့ကထုတ်တဲ့ လူစွမ်းကောင်းဇာတ်ကားတွေ ဝင်ငွေကောင်းနေတာပါ။ ဒါပေမယ့် လူတွေထင်ထားသလိုရဲစွမ်းသတ္တိဆိုလိုက်တာနဲ့ ဘာကိုမှမကြောက်တတ် ခြင်းကိုရဲစွမ်းသတ္တိလို့ထင်တတ်ကြပါတယ်။ ဒါကအနည်းငယ်လွဲမှားနေတဲ့အယူအဆပါပဲ။ ဘယ်လိုလူစွမ်းကောင်းဖြစ်နေပါစေ။ သူ့ထက်အဆမတန်ကြီးမားနေတဲ့ စွမ်းအားရှိနေတဲ့သူဆိုရင် အနည်းနဲ့အများတော့ကြောက်ရွံ့စိတ်ဝင်ကြမှာပါပဲ။ ဘာဆိုဘာမှ မကြောက် တတ်ဘူးဆိုတာဘယ်လိုမှမဖြစ်နိုင်ပါဘူး။ ဒါဆိုရင် ကြောက်တတ်တာနဲ့ပဲသတ္တိမရှိဘူးလို့ ယူဆလိုက်ရတော့မှာလား။ ဒါလည်းမဟုတ်သေးပါဘူး။ တကယ်တော့ လူသားတိုင်းမှာစိတ်ခံစားချက်ပေါင်းများစွာရှိနေတဲ့အတွက် အဲဒီထဲမှာ တစ်ခုအပါအဝင် ဖြစ်တဲ့ ကြောက်စိတ်ကလည်းလူသားတိုင်းမှာရ
-
မနောမြေမှတေးသံသာ
06/09/2020 Duration: 25minပတ္တမြား FM ပရိသတ်များအားလုံးမင်္ဂလာပါ၊၊မနောမြေမှတေးသံသာ အစီအစဉ်ကိုနားဆင်နေကျတဲ့ ပရိသတ်များ အားလုံးမင်္ဂလာပါရှင်....ကျမကတော့ တေးသံရှင် အမွန်းဖြစ်ပါတယ်။ အပတ်စဉ် တင်ဆက်ပေးနေကြအတိုင်း ကချင်တိုင်းရင်းသား၊ တိုင်းရင်းသူတွေရဲ့တေးသီချင်းကောင်းတွေကို ရွေးချယ်လို့တင်ဆက်ပေးတော့မယ့် မနောမြေမှတေးသံသာ အစီအစဉ် ဖြစ်ပါတယ်၊ စောင့်မျှော်နားဆင်ပေးပါဦးနော် ............
-
ဒီနေ့အတွက်စကား
06/09/2020 Duration: 03minဒီနေ့အတွက်စကား The true mark of maturity is when somebody hurts you and you try to understand their situation instead of trying to hurt them back. အမှန်တကယ်ရင့်ကျက်တည်ငြိမ်ခြင်းဆိုတာဘယ်လိုအရာလဲဆိုတာကိုဒီနေ့အတွက်စကားကပြောပြထားပါတယ်။ လူတွေအနေနဲ့ ကိုယ်ရှင်သန်နေရာကာလပတ်တစ်ခုလုံးမှာကိုယ့်ကိုထိခိုက်နာကျင်စေမယ့်သူတစ်ယောက် မဟုတ် တစ်ယောက်ကိုတော့ ဘဝတကွေ့မှာ ကြုံတွေ့ရစမြဲဖြစ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာမှာနာကျင်စေတဲ့သူလည်းဖြစ်ကောင်း ဖြစ်မယ်။ ဒါမှမဟုတ် ကိုယ်ခန္ဒာကိုအနာတရဖြစ်အောင်ပြုလုပ်တာမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ အဲဒီလိုမျိုးကိုယ့်ကိုထိခိုက်နာကျင်စေတဲ့သူကိုတော်ရုံတန်ရုံနဲ့ ခွင့်လွတ်ကျေအေးပေးဖို့ဆိုတာပုထုဇဉ်လူသားတွေအတွက် ခက်ခဲနိုင်ပါလိမ့်မယ်။ ကိုယ့်ကိုနာကျင်အောင်လုပ်တဲ့သူကိုအလှည့်ကြုံလာတာနဲ့ ပြန်ပြီးကလဲ့စားချေဖို့စိတ်ထဲမှာတေးမှတ်နေကြတဲ့သူတွေ များပါလိမ့်မယ်။ ဘယ်သူကမှတော့ ငါ့ကိုလုပ်သွားတာပါလား။ အော် သူမှာလည်းအကြောင်းတရားရှိပါလိမ့်မယ်လို့ တွေးမယ့်သူဆိုတာရှားပါလိမ့်မယ်။ ဒီလိုနဲ့ပဲကိုယ့်ကိုသူကနာကျင်စေ၊ ကိုယ်ကသူ့ကိုတဖန်ပြန်ပြီးကလဲ့စားချေ၊ အဲဒါတွေကိုအငြှိုးမှတ်ပြီးသံသရာရှည်လို့ မငြိမ်းတဲ့စစ်ပွဲတွေလည်းဒီကမ္ဘာမှာဖြစ်ခဲ
-
It's Song Today
05/09/2020 Duration: 25minIt's Song Today အစီအစဉ်ကနေ တေးသံရှင် M Zaw Rain လက်တလော နားဆင်ဖြစ်နေတဲ့သီချင်းလေးတွေ ပရိသတ်တွေအားလုံးနဲ့ အကြိုက်တွေ့မယ် သီချင်းလေးတွေကိုရွေးချယ်ပြီးတော့မှ တင်ဆက်ပေးသွားမှာဖြစ်ပါတယ် အဲ့ဒီတော့ ဒီအစီအစဉ်လေးမှာ တေးသံရှင် M Zaw Rain နဲ့အတူ လိုက်ပါစီးမျော ခံစားကြည့်ပေးပါဦးနော်
-
ပြောကြည့်
05/09/2020 Duration: 15minလူငယ်တွေရဲ့ လွတ်လပ်စွာတွေးခေါ်မှုတွေကို သိရှိခံစားရမယ့် ပြောကြည့် အစီအစဉ်..... ဒီတစ်ပတ် ပြောကြည့် အစီအစဉ်မှာတော့ ထီ ကျပ်သိန်း ၁၅၀၀၀ ဆုကြီးပေါက်ရင် ဘာလုပ်ကြမလဲဆိုတာကို ပရိသတ်များကိုမေးမြန်းထားပါတယ်.... ပရိသတ်များ ရင်ထဲက စိတ်ကူးအတိုင်းပြောထားကြတဲ့ ပြောကြည့် အစီအစဉ် ပဲဖြစ်ပါတယ်....... ဒီအစီအစဉ်လေးကို Radio မှာနားဆင်နိုင်သလို Padamyar FM Website & Mobile Application တွင်လည်းနားဆင်နိုင်ပါတယ်....
-
ဒီနေ့အတွက်စကား
05/09/2020 Duration: 03minDefeat is not the worst of failures. Not to have tried is the true failure. ဆုံးရှုံးခြင်းဆိုတာအဆိုးဆုံးသောကျရှုံးခြင်းမဟုတ်ပါဘူး။ ကြိုးစားမှုမရှိခြင်းကသာကျရှုံးခြင်းအစစ်အမှန်ပါ။ ဒီစကားကိုပြောကြားထားတဲ့ ကမ္ဘာကျော်မဟာလူသားကတော့ စာပေဆိုင်ရာပါရဂူဘွဲ့ရအမေရိကန်လူမျိုး George Edward Woodberry ဖြစ်ပါတယ်။ ဒီစကားထဲမှာဆိုရင်တော့ ကျရှုံးခြင်းအစစ်အမှန်ဆိုတာဘယ်လိုအရာလဲဆိုတာကိုပြောပြထားပါတယ်။ ကျွန်တော်တို့လူသားတွေအနေနဲ့ ဘဝတစ်လျှောက်မှာအခက်အခဲတွေ၊ အတားအဆီးတွေကိုတွေ့ကြုံဖြတ်သန်းနေရပါတယ်။ လူသားမှန်ရင် ပြီးပြည့် စုံခြင်းမရှိတဲ့အတွက် ကိုယ်ကျော်ဖြတ်နေတဲ့အခက်အခဲ၊ အတားအဆီးတွေမှာလွဲချော်မှုတွေအမှားတွေပြုလုပ်မိပြီးလိုရင်းအောင် မြင်မှုကိုမရတာမျိုးတွေဖြစ်တတ်ပါတယ်။ ကျရှုံးခြင်းဆိုတာကို ကြိုးစားလုပ်ဆောင်နေတဲ့လူသားတိုင်း ဘဝတစ်ကွေ့မဟုတ်တစ် ကွေ့မှာ ကြုံတွေ့ရမှာပါပဲ။ အဓိကကတော့ ကိုယ့်ဘက်က ကြုံလာတဲ့ ကျရှုံးခြင်းတွေကိုလွယ်လင့်တကူလက်လျော့တာမျိုးမလုပ် ဖို့ပါပဲ။ လွယ်လင့်တကူလက်လျော့လိုက်တာနဲ့ ကိုယ့်အတွက် ကျရှုံးခြင်းတွေကလွဲလို့ တခြားဘာကိုမှရလာမှာမဟုတ်ပါဘူး။ လူတိုင်းမှားကြပါတယ်။ အမှားတွေထဲကနေအမှန်ရအောင်ပြင်နိုင်တဲ့သူ၊ အမှန်ကိုရအောင်ရှာနိုင်တဲ
-
-
-
-