Padamyar FM

ဒီနေ့အတွက်စကား

Informações:

Synopsis

ဒီနေ့အတွက်စကား The true mark of maturity is when somebody hurts you and you try to understand their situation instead of trying to hurt them back. အမှန်တကယ်ရင့်ကျက်တည်ငြိမ်ခြင်းဆိုတာဘယ်လိုအရာလဲဆိုတာကိုဒီနေ့အတွက်စကားကပြောပြထားပါတယ်။ လူတွေအနေနဲ့ ကိုယ်ရှင်သန်နေရာကာလပတ်တစ်ခုလုံးမှာကိုယ့်ကိုထိခိုက်နာကျင်စေမယ့်သူတစ်ယောက် မဟုတ် တစ်ယောက်ကိုတော့ ဘဝတကွေ့မှာ ကြုံတွေ့ရစမြဲဖြစ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာမှာနာကျင်စေတဲ့သူလည်းဖြစ်ကောင်း ဖြစ်မယ်။ ဒါမှမဟုတ် ကိုယ်ခန္ဒာကိုအနာတရဖြစ်အောင်ပြုလုပ်တာမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ အဲဒီလိုမျိုးကိုယ့်ကိုထိခိုက်နာကျင်စေတဲ့သူကိုတော်ရုံတန်ရုံနဲ့ ခွင့်လွတ်ကျေအေးပေးဖို့ဆိုတာပုထုဇဉ်လူသားတွေအတွက် ခက်ခဲနိုင်ပါလိမ့်မယ်။ ကိုယ့်ကိုနာကျင်အောင်လုပ်တဲ့သူကိုအလှည့်ကြုံလာတာနဲ့ ပြန်ပြီးကလဲ့စားချေဖို့စိတ်ထဲမှာတေးမှတ်နေကြတဲ့သူတွေ များပါလိမ့်မယ်။ ဘယ်သူကမှတော့ ငါ့ကိုလုပ်သွားတာပါလား။ အော် သူမှာလည်းအကြောင်းတရားရှိပါလိမ့်မယ်လို့ တွေးမယ့်သူဆိုတာရှားပါလိမ့်မယ်။ ဒီလိုနဲ့ပဲကိုယ့်ကိုသူကနာကျင်စေ၊ ကိုယ်ကသူ့ကိုတဖန်ပြန်ပြီးကလဲ့စားချေ၊ အဲဒါတွေကိုအငြှိုးမှတ်ပြီးသံသရာရှည်လို့ မငြိမ်းတဲ့စစ်ပွဲတွေလည်းဒီကမ္ဘာမှာဖြစ်ခဲ