Padamyar FM

ဒီနေ့အတွက်စကား

Informações:

Synopsis

A Beautiful appearance will last a few decades, but a beautiful personality lasts for a lifetime. လှပတဲ့သွင်ပြင်လက္ခဏာတစ်ခုကဆယ်စုနှစ်တစ်ခုစာ ကြာရှည်ခံနိုင်ပေမယ့် လှပတဲ့စိတ်နေသဘောထားကတော့ ဘဝတစ်သက်တာ ကြာရှည်ခံနိုင်မှာပါ။ ရုပ်ရည်သွင်ပြင်ထက် ကိုယ့်ရဲ့စိတ်နှလုံးသဘောထားက ဖြူစင်ပြီးလှပနေခြင်းကပိုပြီးတန်ဖိုးကြီးမားတဲ့အကြောင်းကိုပြောကြားထားတဲ့စကားတစ်ခွန်းဖြစ်ပါတယ်။လူသားမှန်ရင် အလှတရားကို မြတ်နိုးကြတဲ့သူအရေအတွက်ကပိုပြီးများပါတယ်။ အလှအပကိုမိန်းကလေးတွေကလည်းခုံမင်ကြသလို၊ ယောကျ်ားလေးတွေကလည်းသဘောကျကျတယ်။ လူတစ်ယောက်နဲ့တစ်ယောက် ဆုံတွေ့မှုမှာဆိုရင်လည်းအပေါ်ယံလှပမှုနဲ့ လွယ်လင့်တကူဆုံးဖြတ်တတ်ကြတာကိုတွေ့ရပါလိမ့်မယ်။ အပေါ်ယံအရေပြားတစ်ထောက်စာလှပမှုဆိုတာကဒီနေ့လိုပြောင်းလဲတိုးတက်လာတဲ့ခေတ်ကြီးထဲမှာဆိုရင် နည်းပညာပေါင်းများစွာကိုအသုံးပြုပြီးပြောင်းလဲပြင်ဆင်လို့ရနေပါတယ်။ ဒါပေမယ့် လူတစ်ယောက်ရဲ့ အတွင်းစိတ်ကိုတော့ ဘယ်လိုနောက်ဆုံးပေါ်နည်းပညာတွေသုံးသုံး၊ ဘယ်လိုခေတ်မှီစက်ပစ္စည်းတွေကိုပဲသုံးသုံးပြောင်းလဲပြင်ဆင်နိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ရုပ်ပိုင်းဆိုင်ရာအလှအပထက် စိတ်ဓါတ်ပိုင်းဆိုင်ရာမှာလှပနေခြင်းကပိုလို့တန်ဖိုးရှိပါတယ်။