Padamyar FM
ဒီနေ့အတွက်စကား
- Author: Vários
- Narrator: Vários
- Publisher: Podcast
- Duration: 0:03:00
- More information
Informações:
Synopsis
Courage doesn’t mean you don’t get afraid. Courage means you don’t let fear stop you. ဘယ်လိုအရာကိုရဲစွမ်းသတ္တိလို့ခေါ်သလဲဆိုတာကိုရှင်းလင်းပြောပြထားတဲ့စကားဖြစ်ပါတယ်။ ကျွန်တော်တို့ ကြံစည်လုပ်ဆောင်မှုတွေမှာရဲစွမ်းသတ္တိဆိုတာတကယ့်ကိုမှ အရေးပါပါတယ်။ ရဲစွမ်းသတ္တိရှိတဲ့သူကလည်းသေလွန်ပြီးသွားရင်တောင်မှ သမိုင်းမှာထင်ရှားတဲ့ သက်သေသာဓကအနေနဲ့ ကျန်နေတတ်ပါတယ်။ လူတိုင်းကလည်းရဲစွမ်းသတ္တိရှိတဲ့သူဆိုရင်အားကျကြပါတယ်။ ဒါကြောင့်လည်း Marvel တို့ DC ကုမဏီတို့ကထုတ်တဲ့ လူစွမ်းကောင်းဇာတ်ကားတွေ ဝင်ငွေကောင်းနေတာပါ။ ဒါပေမယ့် လူတွေထင်ထားသလိုရဲစွမ်းသတ္တိဆိုလိုက်တာနဲ့ ဘာကိုမှမကြောက်တတ် ခြင်းကိုရဲစွမ်းသတ္တိလို့ထင်တတ်ကြပါတယ်။ ဒါကအနည်းငယ်လွဲမှားနေတဲ့အယူအဆပါပဲ။ ဘယ်လိုလူစွမ်းကောင်းဖြစ်နေပါစေ။ သူ့ထက်အဆမတန်ကြီးမားနေတဲ့ စွမ်းအားရှိနေတဲ့သူဆိုရင် အနည်းနဲ့အများတော့ကြောက်ရွံ့စိတ်ဝင်ကြမှာပါပဲ။ ဘာဆိုဘာမှ မကြောက် တတ်ဘူးဆိုတာဘယ်လိုမှမဖြစ်နိုင်ပါဘူး။ ဒါဆိုရင် ကြောက်တတ်တာနဲ့ပဲသတ္တိမရှိဘူးလို့ ယူဆလိုက်ရတော့မှာလား။ ဒါလည်းမဟုတ်သေးပါဘူး။ တကယ်တော့ လူသားတိုင်းမှာစိတ်ခံစားချက်ပေါင်းများစွာရှိနေတဲ့အတွက် အဲဒီထဲမှာ တစ်ခုအပါအဝင် ဖြစ်တဲ့ ကြောက်စိတ်ကလည်းလူသားတိုင်းမှာရ