Synopsis
Wherever you go PadamyarFM will be there with you...
Episodes
-
-
-
-
-
ဒီနေ့အတွက်စကား
15/09/2019 Duration: 03minYou see a person’s true colors when you are no longer beneficial to their life. ကျွန်တော် တု့ိနေ့စဉ်ဖြတ်သန်းနေရတဲ့လူ့လောကကြီးထဲမှာကိုယ့်အတွက် မိတ်ဆွေကောင်းမိတ်ဆွေစစ်တွေလည်းရှိနိုင်သလိုကိုယ့်အနားမှာသူတို့လိုဘအတွက် သူတို့ကောင်းကျိုးအတွက်သာရှိနေမယ့်သူတွေ၊ ကိုယ့်အမှားကိုစောင့်နေမယ့် မိတ်ဆွေ ယောင်ဆောင် အတုအယောင်လူတွေလည်းရှိကြမှာပါ။ အမျိုးမျိုးသောစိတ်အထွေထွေရှိတဲ့လူတွေနဲ့ တွေ့ကြုံဆက်ဆံရတဲ့အခါမှာဘယ်လိုအချိန်မျိုးမှာသူတို့ရဲ့စိတ်ရင်းအမှန်တွေ ကိုသိမြင်နိုင်မလဲဆိုတာက စိတ်ဝင်စားစရာကိစ္စရပ်တစ်ခုလည်းဖြစ်ပါတယ်။ တစ်ခါတစ်လေမှာသူတို့ရဲ့အကျိုးကိုလိုလားနေလို့သာကိုယ့်ရဲ့အနားမှာရှိနေနိုင်ပေမယ့် ကိုယ်ကသူတို့အတွက် အသုံးမဝင်တော့တဲ့ သူတို့အကျိုးတွေ သူတို့ရဲ့ရယူလိုစိတ် တွေကိုအပြည့်အ၀ မဖြည့်စည်းပေးနိုင်တော့တဲ့အခါမှာကိုယ့်ကိုသူတို့ရဲ့ ဆက်ဆံပုံတွေကပြောင်းလဲသွားနိုင်ပါတယ်။ အရင်အချိန်တုန်းကချိုသာပျုငှာတဲ့ဆက်ဆံမှုမျိုးတွေကိုလည်းရချင်မှရနိုင်တော့မှာပါ။ ပုံစံတွေပြောင်းလဲပြီးအချိုးအကွေ့တစ်ခုလိုမျိုးခံစားမှုတွေကိုကိုယ့်အနေနဲ့ ခံစားလိုက်ရခြင်းဟာသူတို့ရဲ့ စိတ်ရင်းအမှန်ကိုကိုယ်တွေ့သိမြင်လိုက်ရခြင်းပါပဲ။ ကိုယ်ကသူ့အကျိုးကို ပြုလုပ်ဆောင်ရွက်ပေးနိ
-
ဒီနေ့အတွက်စကား
14/09/2019 Duration: 03minWhere there is love there is life. Hate leads to destruction. ဒီနေ့အတွက်စကား ကျွန်တော်တို့ လူသားတိုင်းလူသားတိုင်းသာယာပျော်ရွှင်မှုကိုမက်မောကြပါတယ်။ ငြိမ်းချမ်းမှုကို မြတ်နိုးကြပါတယ်။ လွတ်လပ် မှုကိုတွယ်တာကြပါတယ်။ တစ်ခါတစ်လေမှာမလိုလားအပ်တဲ့ လောဘဒေါသမောဟမာန်မာနနဲ့ မနာလိုမစ္ဆာရိယစိတ်တွေ၊ ထိခိုက်နာကျင်မှုတွေနဲ့ ဖိနှိပ်ခံရ မှုတွေကြောင့် ကြောက်ကန်တွန်းလှန်ချင်တဲ့စိတ်တွေ၊ အဲဒီ့စိတ်တွေကနေအရင်းခံပြီးအမုန်းတရားတွေဖြစ်လာကြပါတယ်။ အမုန်းတရားကနေတဖြည်းဖြည်း အသိုင်းအ၀ိုင်းတစ်ခုနဲ့ တစ်ခုကြားတင်းမာမှုတွေ၊ အဲနောက်မှာတော့ တစ်ဖက်နဲ့တစ်ဖက် အနိုင်ယူလိုတဲ့စိတ်တွေ က စစ်ပွဲတွေအထိဖြစ်စေနိုင်တယ်မဟုတ်ပါလားဗျာ။ စစ်ဆိုတာ ငြိမ်းချမ်းခြင်းရဲ့ ဆန့်ကျင်ဘက်ပါ။ ငြိမ်းချမ်းခြင်းကရေလိုအေးပြီးစစ်ပွဲကတော့ မီးလိုပူပါတယ်။ မေတ္တာတရားကလင်းလက်တောက်ပတဲ့အဖြူရောင်ဆိုရင် အမုန်းတရားကတော့ မှောင်မဲတဲ့အနက်ရောင်အသွင်ဆောင်ပါတယ်။ အမုန်းတရားကပူလောင်တဲ့မီးလျှံလိုပါပဲ။ မီးလျှံအတွင်းမှာရောအနီးအနားကအရာတွေကိုပါ ပူလောင်စေတဲ့အစွမ်းသတ္တိရှိသလို သူအပါအ၀င် အရာအားလုံးကို ပြာပုံဘ၀ရောက်တဲ့အထိ စွမ်းဆောင်နိုင် ပါတယ်။
-
-
-
-
-
ဒီနေ့အတွက်စကား
10/09/2019 Duration: 15minဒီနေ့အတွက်စကား I am thankful for all those difficult people in my life. They have shown me exactly who I do not want to be. စိတ်အမျိုးမျိုးရှိကြတဲ့ လူတွေနဲ့ ပေါင်းသင်းဆက်ဆံတဲ့အခါမှာ ကိုယ့်အတွက် အကျိုးပေးတဲ့သူတွေနဲ့ တွေ့ကြုံနိုင်သလို ကိုယ့် အတွက် ကောင်းကျိုးမပေးဘဲ စိတ်ဒုက္ခကိုသာပေးတဲ့သူမျိုးတွေနဲ့လည်း တွေ့ကြံုရမှာပါ။ အဲဒီလိုအခါမှာ လူသားဆန်တဲ့ စိတ် ဓါတ်ကြောင့် ကိုယ့်အပေါ် ကောင်းကျိုးမပေးတဲ့သူ တစ်နည်းပြောရရင် ဒုက္ခပေးတဲ့သူကို ကျွန်တော်အပါအဝင် လူတော်တော် များများကတော့ ကိုယ့်ကိုဒုက္ခရောက်စေတဲ့သူကို မနှစ်သက်ကြမှာအမှန်ပါပဲ။ ဒီစကားထဲမှာတော့ ကိုယ့်အတွက် ခက်ခဲစေတဲ့သူ၊ ကိုယ့်အပေါ်နစ်နာစေတဲ့သူတွေကို ကျေးဇူးတင်ဖို့ပြောထားပါတယ်။ ဘာလို့ပါလဲ။ ကိုယ့်ကိုဒုက္ခပေးတဲ့သူကို ကျေးဇူးတင်ရမယ်ဆိုတော့ကာ ထူးဆန်းသလိုဖြစ်နေမှာပါ။ ဒါပေမယ့် သူ့ကြောင့် ကိုယ်ဒုက္ခရောက် တယ်ဆိုရင်တောင်မှ ကိုယ့်အတွက် ဒါဟာ သင်ခန်းစာတစ်ခုလို့ပဲမှတ်ပါ။ နောက်နောင်သူကြောင့် ဒုက္ခမဖြစ်စေအောင် ကိုယ်ကိုကိုယ် ထိန်းသိမ်းဖို့ လည်း လိုပါတယ်။ အထူးသဖြင့် လူတိုင်းကို ကိုယ့်စိတ်ထဲကအတိုင်းမမှတ်ဖို့၊ ကိုယ့်အတွက်ဘဝ သင်ခန်းစာတစ်ခုကိုသင်ကြား ပေးတဲ့ ဆရာသမားအဖြစ်နဲ့ ကျေးဇူးတင်လို
-
Songs In Yangon
09/09/2019 Duration: 25minSongs In Yangon ပတ္တမြားFM ကို အားပေးနားဆင်နေကျသော ပရိသတ်များအားလုံး မင်္ဂလာပါ။သောတရှင်များ အတွက် အခုတခါ တင်ဆက်ပေးမယ့် အစီစဉ်လေး ကတော့ Songs In Yangon အစီအစဉ်ပဲ ဖြစ်ပါတယ်...
-
-
ဒီနေ့အတွက်စကား
08/09/2019 Duration: 03minNothing great in the world has ever been accomplished without passion.ကမ္ဘာပေါ်မှာရှိရှိသမျှ ကြီးကျယ်တဲ့ကိစ္စရပ်တိုင်းက ပြင်းပြတဲ့စိတ်ဓါတ်မပါဘဲ ဖြစ်တည်လာခြင်းမရှိသေးပါဘူးတဲ့။ဒီစကားကိုတော့ ၁၈ရာစုအနောက်တိုင်း တွေးခေါ်ပညာမှာဆရာတစ်ဆူဖြစ်ခဲ့တဲ့ ဂျာမန်လူမျိုးတွေး ခေါ်ပညာရှင် Georg Wilhelm Friedrich Hegel ကပြောကြားထားတာ ဖြစ်ပါတယ်။ပြင်းပြတဲ့စိတ်ဓါတ်ကကမ္ဘာပေါ်မှာအကြီးကျယ် ဆုံးသောကိစ္စရပ်တွေကို ဖြစ်တည်စေခဲ့ တယ်ဆိုတာကို ပြောပြထားတဲ့ စကားတစ်ခွန်းပါ။ ပြင်းပြတဲ့စိတ်ဓါတ်တဲ့။ တကယ့်ကိုမှ အားအင်ကြီးမားတဲ့အရာတစ်ခုဖြစ်ပါတယ်။ မြင်နိုင်စွမ်း၊ ထိတွေ့ခံစားနိုင်စွမ်းမရှိတဲ့ စိတ္တဇနာမ်တစ်ခုဖြစ်ပေမယ့် အဲဒီ ပြင်းပြတဲ့ စိတ်ဓါတ်ကြောင့် ပြောင်းလဲမှုကြီးကြီးမားမားတွေ၊ ခမ်းနားတဲ့အဖြစ်အပျက်တွေ၊ ပြန်ပြောင်းလဲလို့မရတော့တဲ့ သမိုင်းကြောင်း ရာဇဝင်တွေကို ဖြစ်တည်ပေါ်ထွန်းစေခဲ့ပါတယ်။ တကယ်တော့ လောကကြီးမှာမဖြစ်နိုင်ဘူးဆိုတဲ့အရာဆိုတာမရှိပါဘူး။ မဖြစ် သေးတဲ့အရာ၊ အကောင်အထည်မဖော်ရသေးတဲ့အရာတွေပဲရှိတာပါ။ အဲဒါတွေအကုန်လုံးကလူတစ်ယောက်ရဲ့ ဒါမှမဟုတ် လူတစ်စုရဲ့ ပြင်းပပြီးအရှိန်အဟုန်ပြင်းတဲ့စိတ်အခြေခံနဲ့သာလုပ်ဆောင်မယ်ဆိုရင် ဖြစ်တည်ပေါက်ဖွား လာမှာပါ။ ဖြစ်ပျက်ခဲ့တဲ့
-
ဒီနေ့အတွက်စကား
07/09/2019 Duration: 03minA satisfied life is better than a successful life. Because our success is measured by others. But our satisfaction is measured by our own soul, mind and heart. ဒီနေ့အတွက်စကား ကိုယ့်ကိုကိုယ်စိတ်ကျေနပ်နိုင်တဲ့ဘဝက အောင်မြင်တဲ့ဘဝထက်ပိုပြီးကောင်းမွန်ပါတယ်။ ဘာလို့လဲဆိုတော့ ငါတို့ရဲ့ အောင်မြင် ခြင်းဆိုတာကိုတခြားသူတွေကတိုင်းတာသတ်မှတ်တာဖြစ်ပြီးစိတ်ကျေနပ်နိုင်မှုကတော့ ကိုယ့်စိတ်၊ ကိုယ့်အတွေး၊ ကိုယ့်နှလုံးသားနဲ့ သတ်မှတ်တာ ဖြစ်လို့ပါ။လောကမှာရှင်သန်နေထိုင်ရင်း ဘဝအတွက်ရုန်းကန်လှုပ်ရှားနေကြတဲ့ သက်ရှိလူသားတွေအနေနဲ့ အောင်မြင်ခြင်းဆိုတာကိုမက်မောတွယ် တာပြီး ကြိုးစားနေကြပါတယ်။ ကိုယ်လိုချင်တဲ့အရာတစ်ခုကိုရလာအောင် ခဲရာခဲဆစ်ပဲဖြစ်နေပါစေ။ ကြိုးစားတတ်ကြ ပါတယ်။ ဒါ ပေမယ့် ကိုယ်လိုချင်တဲ့အောင်မြင်မှုတစ်ခုကိုယ်သတ်မှတ်ထားတဲ့ target တစ်ခုကိုရပြီရောက်ပြီဆိုရင်လည်းနောက်ထပ်သောအောင်မြင်မှုတွေ၊ ရုပ်ဝတ္ထုအရာပစ္စည်းတွေ၊ တပ်မက်စရာဥစ္စာဓနတွေ၊ နောက်ထပ်နောက်ထပ် targetတွေကထပ်ကာတလဲလဲပေါ်ပေါက်လာတတ်ပါတယ်။ ဒီလိုနဲ့ မဆုံးတဲ့သံသရာမှာကိုယ်အသက်ရှင်နေသေးသရွေ့ ကြိုးစားနေကြရပါ တယ်။ ဘဝပင်လယ် မှာလူးကာလွန့်ကာနဲ့ ကူးခတ်နေကြပါတယ်။ ဘာလို့လဲဆိုတော့ ခေတ်ကာလကြီးကပြေ
-
ဒီနေ့အတွက်စကား
06/09/2019 Duration: 03minThe one who falls and gets up is so much stronger than the one who never fell. လောကမှာတွေ့ကြုံရတဲ့ပြိုင်ပွဲတွေကိုယှဉ်ပြိုင်တဲ့အခါမှာပဲဖြစ်ဖြစ်၊ စာမေးပွဲတစ်ခုကိုဖြေဆိုတဲ့အခါမှာပဲ ဖြစ်ဖြစ်၊ အခက်အခဲတိုက်ပွဲတွေကိုရင်ဆိုင်တဲ့အခါမှာပဲဖြစ်ဖြစ် ရလာဒ်ကတော့ အနိုင်နဲ့အရှုံးနှစ်ခုပဲရှိပါတယ်။ မပြိုင်ခင်အချိန်မှာဘယ်လိုပဲ ကိုယ့်ဘက်ကနေရေကုန်ရေခမ်းကြိုးစားကြိုးစားရလာဒ်တိုင်းကတော့ ကိုယ်ဖြစ်စေချင်တဲ့အတိုင်းဖြစ်ချင်မှ ဖြစ်နိုင်မှာပါ။ အနိုင်နဲ့အရှုံးနှစ်ခုထဲကတစ်ခုကိုရွေးဆိုရင် လူတိုင်းကတော့ အနိုင်ကိုပဲလိုချင်ကြမှာပါ။ ဒါပေမယ့် လူတိုင်းအနိုင်ရဖို့ဆိုတာက တော့ မလွယ်ကူလှပါဘူး။
-
Knowledge For All
05/09/2019 Duration: 15minပြိုင်ဆိုင်မှုပြင်းထန်လာတဲ့ ခေတ်သစ် ဝေဟင်ထဲမှာ အားလုံး အားလုံး ပါဝင်မျောလွင့်နိုင်ဖို့အတွက် Knowledge တွေ အတောင်တပ်ဆင်ပေးမယ့် Knowledge For All ...