Padamyar FM

ဒီနေ့အတွက်စကား

Informações:

Synopsis

You see a person’s true colors when you are no longer beneficial to their life. ကျွန်တော် တု့ိနေ့စဉ်ဖြတ်သန်းနေရတဲ့လူ့လောကကြီးထဲမှာကိုယ့်အတွက် မိတ်ဆွေကောင်းမိတ်ဆွေစစ်တွေလည်းရှိနိုင်သလိုကိုယ့်အနားမှာသူတို့လိုဘအတွက် သူတို့ကောင်းကျိုးအတွက်သာရှိနေမယ့်သူတွေ၊ ကိုယ့်အမှားကိုစောင့်နေမယ့် မိတ်ဆွေ ယောင်ဆောင် အတုအယောင်လူတွေလည်းရှိကြမှာပါ။ အမျိုးမျိုးသောစိတ်အထွေထွေရှိတဲ့လူတွေနဲ့ တွေ့ကြုံဆက်ဆံရတဲ့အခါမှာဘယ်လိုအချိန်မျိုးမှာသူတို့ရဲ့စိတ်ရင်းအမှန်တွေ ကိုသိမြင်နိုင်မလဲဆိုတာက စိတ်ဝင်စားစရာကိစ္စရပ်တစ်ခုလည်းဖြစ်ပါတယ်။ တစ်ခါတစ်လေမှာသူတို့ရဲ့အကျိုးကိုလိုလားနေလို့သာကိုယ့်ရဲ့အနားမှာရှိနေနိုင်ပေမယ့် ကိုယ်ကသူတို့အတွက် အသုံးမဝင်တော့တဲ့ သူတို့အကျိုးတွေ သူတို့ရဲ့ရယူလိုစိတ် တွေကိုအပြည့်အ၀ မဖြည့်စည်းပေးနိုင်တော့တဲ့အခါမှာကိုယ့်ကိုသူတို့ရဲ့ ဆက်ဆံပုံတွေကပြောင်းလဲသွားနိုင်ပါတယ်။ အရင်အချိန်တုန်းကချိုသာပျုငှာတဲ့ဆက်ဆံမှုမျိုးတွေကိုလည်းရချင်မှရနိုင်တော့မှာပါ။ ပုံစံတွေပြောင်းလဲပြီးအချိုးအကွေ့တစ်ခုလိုမျိုးခံစားမှုတွေကိုကိုယ့်အနေနဲ့ ခံစားလိုက်ရခြင်းဟာသူတို့ရဲ့ စိတ်ရင်းအမှန်ကိုကိုယ်တွေ့သိမြင်လိုက်ရခြင်းပါပဲ။ ကိုယ်ကသူ့အကျိုးကို ပြုလုပ်ဆောင်ရွက်ပေးနိ