Padamyar FM

ဒီနေ့အတွက်စကား

Informações:

Synopsis

A satisfied life is better than a successful life. Because our success is measured by others. But our satisfaction is measured by our own soul, mind and heart. ဒီနေ့အတွက်စကား ကိုယ့်ကိုကိုယ်စိတ်ကျေနပ်နိုင်တဲ့ဘဝက အောင်မြင်တဲ့ဘဝထက်ပိုပြီးကောင်းမွန်ပါတယ်။ ဘာလို့လဲဆိုတော့ ငါတို့ရဲ့ အောင်မြင် ခြင်းဆိုတာကိုတခြားသူတွေကတိုင်းတာသတ်မှတ်တာဖြစ်ပြီးစိတ်ကျေနပ်နိုင်မှုကတော့ ကိုယ့်စိတ်၊ ကိုယ့်အတွေး၊ ကိုယ့်နှလုံးသားနဲ့ သတ်မှတ်တာ ဖြစ်လို့ပါ။လောကမှာရှင်သန်နေထိုင်ရင်း ဘဝအတွက်ရုန်းကန်လှုပ်ရှားနေကြတဲ့ သက်ရှိလူသားတွေအနေနဲ့ အောင်မြင်ခြင်းဆိုတာကိုမက်မောတွယ် တာပြီး ကြိုးစားနေကြပါတယ်။ ကိုယ်လိုချင်တဲ့အရာတစ်ခုကိုရလာအောင် ခဲရာခဲဆစ်ပဲဖြစ်နေပါစေ။ ကြိုးစားတတ်ကြ ပါတယ်။ ဒါ ပေမယ့် ကိုယ်လိုချင်တဲ့အောင်မြင်မှုတစ်ခုကိုယ်သတ်မှတ်ထားတဲ့ target တစ်ခုကိုရပြီရောက်ပြီဆိုရင်လည်းနောက်ထပ်သောအောင်မြင်မှုတွေ၊ ရုပ်ဝတ္ထုအရာပစ္စည်းတွေ၊ တပ်မက်စရာဥစ္စာဓနတွေ၊ နောက်ထပ်နောက်ထပ် targetတွေကထပ်ကာတလဲလဲပေါ်ပေါက်လာတတ်ပါတယ်။ ဒီလိုနဲ့ မဆုံးတဲ့သံသရာမှာကိုယ်အသက်ရှင်နေသေးသရွေ့ ကြိုးစားနေကြရပါ တယ်။ ဘဝပင်လယ် မှာလူးကာလွန့်ကာနဲ့ ကူးခတ်နေကြပါတယ်။ ဘာလို့လဲဆိုတော့ ခေတ်ကာလကြီးကပြေ