Padamyar FM

  • Author: Vários
  • Narrator: Vários
  • Publisher: Podcast
  • Duration: 127:25:23
  • More information

Informações:

Synopsis

Wherever you go PadamyarFM will be there with you...

Episodes

  • ဒီနေ့အတွက်စကား

    25/12/2019 Duration: 03min

    Health does not always come from medicine. Most of the time it comes from peace of mind, peace in the heart, peace of soul. It comes from laughter and love. အာရောဂျံပရံမံလာဘံ။ ကျန်းမာခြင်းဟာ လာဘ်လာဘတစ်ပါးပါ။ ကျန်းမာခြင်းကို လူတိုင်း လိုချင်ကြပါတယ်။ သက်ရှည်ကျန်းမာနေမှလည်း ဘဝမှာ လုပ်စရာ ရှိတာတွေကို ရာနှုန်းပြည့် အောင်မြင်တဲ့အထိလုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ ကျန်းမာခြင်းဆိုတဲ့နေရာမှာ ကိုယ်ခန္ဓာရဲ့ ကျန်းမာခြင်းကိုသာ လူတော်တော် များများ သတိထားမိတတ်ပါတယ်။ ကိုယ်တွေလက်တွေကိုက်ခဲနာကျင်တာ၊ ဖျားနာတာ၊ အနာ တွေပေါက်တာ၊ သွေးထွက် သံယိုဖြစ်တာ အဲဒါတွေကို ကောင်းမွန်စေအောင် ဆေးဝါးအကူအညီနဲ့ ကုသတတ်ကြပါတယ်။ ဒါပေမယ့် စိတ်ရဲ့ ကျန်းမာရေး ဆိုတာကိုလည်း ကျွန်တော်တို့တတွေမေ့ထားလို့မရပါဘူး။  စိတ်ရဲ့ဆောင်ရာကို ကိုယ်ကလိုက်နေရတာ ဖြစ်တဲ့အတွက် ကိုယ်ကျန်းမာရေးအတွက် ဆေးဝါးတွေလိုအပ်သလို ကိုယ်ကို တွန်းအားပေးလမ်းပြနေတဲ့ စိတ်ဝိဉာဉ်ကိုလည်း ကျန်းမာရေး ဓါတ်စာတွေ ကျွေးမွေးဖို့လိုပါတယ်။ ဒါဆိုရင် စိတ်အတွက် ကျန်းမာရေးကို ဘယ်လိုတွေ ဂရုစိုက်ရပါမလဲ။ ကျွန် တော်တို့ နောက်ဆုံးပေါ်ဆေးဝါးတွေ သောက်သုံးမှီဝဲနေစရာမလိုပါဘူး။ ကိုယ့်ရဲ့ စိတ်ထဲမှာ ငြိမ်းအေးချမ်းသာမှုကို ထ

  • ဒီနေ့အတွက်စကား

    24/12/2019 Duration: 03min

    နေ့အတွက်စကား Two things define you. Your patience when you have nothing. Your attitude when you have everything. ဘဝအဓိပ္ပာယ်ကိုဖော်ဆောင်နေတဲ့အရာနှစ်ခု။ ကိုယ့်ဆီမှာ ဘာမှမရှိတဲ့အချိန်မှာထားတဲ့ သည်းခံနိုင်စွမ်း။ ဘာမှမရှိဘူးဆိုတာမှာ အောင်မြင်မှုမရှိတာလည်းပါပါတယ်။ ငွေကြေး ဓနဥစ္စာပစ္စည်းမရှိတာလည်းပါပါတယ်။ ပညာမရှိတာလည်း ပါပါတယ်။ အင်အားမရှိတာလည်းပါပါတယ်။အဲဒီလိုဘာဆိုဘာမှ မရှိတဲ့အချိန်မျိုးမှာ တစ်ခုသောအရာတော့ ရှိရပါမယ်။ အဲဒါကတော့ သည်းခံတဲ့စိတ်ပါ။ ရှေးစကားပုံတစ်ခုလိုပဲ နေရိပ်ကိုလိုချင် ရင် နေပူထဲကနေစောင့်ရပါမယ်။ ဥပမာ တစ်ခု ပြောရမယ်ဆိုရင် ပညာလိုချင်တဲ့သူက ပညာတွေကို အချိန်ရရင်ရသလို အခွင့်အရေးရရင်ရသလို ကြိုးစားသင်ယူရပါမယ်။ အဲဒီမှာတွေ့ကြုံရမှာကတော့ အခက်အခဲပါ။ အဲဒီအခက်အခဲတွေကို စိတ်ရှည်ရှည် သည်းညည်းခံပြီး ကြိုးစားဖြေရှင်းရပါမယ်။ ဒါမှလည်း ကိုယ်လိုချင်တဲ့ပညာ ကိုယ်ဖြစ်ချင်တဲ့ပညာတတ်ဖြစ်မှာပါ။  ဘာမှမရှိတဲ့အချိန်မှာ အဓိကလိုအပ်တာကတော့ သည်းခံစိတ်ပါပဲ။ အသက်မွေးဝမ်းကျောင်း လုပ်ငန်းခွင်တွေမှာလည်း ကိုယ်က အောက်ခြေလူတန်းစား ဝန်ထမ်းဖြစ်နေမယ်ဆိုရင် ကိုယ်လိုချင်တဲ့အမြင့်တစ်နေရာ ရာထူး ဂုဏ်သိမ်တစ်ခုခုကိုမရသေးတဲ့ အချိန်မှာ အပေါ်က ကိုယ့်ထက်မ

  • နိုင်ငံတကာသတင်းသုံးသပ်ချက်

    23/12/2019 Duration: 10min

    ပတ္တမြား FM ပရိသတ်များ အားလုံး မင်္ဂလာပါခင်ဗျာ ပတ္တမြား FM ကနေ တစ်ပတ်အတွင်း နိုင်ငံတကာသတင်းသုံးသပ်ချက် အစီအစဉ်ကို တင်ဆက်ပေးပါတော့မယ် ဒီနေ့ရဲ့ ပတ္တမြား FM ရဲ့ တစ်ပတ်အတွင်း နိင်ငံတကာသတင်းသုံးသပ်ချက် အစီအစဉ်မှာတော့ ပတ္တမြား FM မှ ကျွန်တော် ဇွဲမာန် နဲ့ အတူ ဒေါက်တာ တင့်ဆွေ (ပဲခူး) တို့က နိုင်ငံတကာအရေးတွေကို ဆွေးနွေးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ . . . . . . . . .

  • ဒီနေ့အတွက်စကား

    23/12/2019 Duration: 03min

    Don’t feel bad if someone rejects you or ignore you. People usually reject and ignore expensive things because they can’t afford them. လူတွေရဲ့သရုပ်ကို အပြည့်အဝဖော်ဆောင်နိုင်တဲ့စကားတစ်ခွန်းရှိပါတယ်။ မမှီတဲ့စပျစ်သီး သိပ်ချဉ်တယ်တဲ့။  ကျွန်တော်တွေက လူသားတွေဆိုတော့ အပေါင်းအသင်းမင်တတ်ကြပါတယ်။ လူချစ်လူခင်ပေါများချင်ကြပါတယ်။ ကိုယ်နေထိုင် ရာ ပတ်ဝန်းကျင် ကိုယ့်လုပ်ငန်းခွင်မှာ ပေါင်းသင်း ဝင်ဆန့်ချင်ကြတယ်။ ဒါဟာလည်း လူသားဆန်တဲ့ စိတ်နေသဘာဝတစ်ခုပါပဲ။ ဒီလိုနဲ့ တစ်ခါတစ်လေမှာ ကိုယ့်ကိုလိုလားတဲ့ခင်မင်တဲ့သူတွေရှိတတ်သလို ကိုယ့်အပေါ် ဖော်ရွေမှု မရှိတဲ့သူတွေလည်း တွေ့ကြုံ ရမှာပါပဲ။ ဒီလိုအခြေအနေတွေကြုံရရင် ဝမ်းနည်းစိတ်တွေက အလိုလိုဝင်လာတတ်တယ်။ အထီး ကျန်ဆန်ဆန် အတွေးတွေ ခံစားမှုတွေဖြစ်လာတတ်တယ်။ အဲဒီခံစားချက်တွေက ခံရခက်တဲ့ ခံစားမှုတွေပါပဲ။ 

  • ဒီနေ့အတွက်စကား

    22/12/2019 Duration: 03min

    People think being alone makes you lonely, but I don’t think that’s true. Being surrounded by the wrong people is the loneliest thing in the world. ဒီနေ့အတွက်စကား Lonely။ အထီးကျန်ခြင်းဆိုတဲ့ ဝေါဟာရကို လူတွေက တစ်ဦး တည်းနေရာတစ်ခုဒါမှမဟုတ်အချိန်အကြာကြီးရှိနေခြင်းလို့ အဓိပ္ပာယ်ဖွင့်တတ်ကြပါတယ်။ ဒါပေမယ့် လောကမှာ တစ်ဦးတည်း ရပ်တည်ရှင်သန်နေတဲ့သူတွေ အောင်မြင်နေကြတာအများကြီးပါပဲ။ အဓိကက လူမှန်နေရာမှန်ဖြစ်ဖို့က အရေးကြီးတယ်လို့ယူဆပါတယ်။ ဆိုလိုချင်တာက ကိုယ့်အနေနဲ့ တစ်ယောက်တည်းရှိနေပေမယ့် ကိုယ့်ရှိနေတဲ့နေရာမှာ ကိုယ့်ဘာသာ ပျော်ရွှင်အောင် နေထိုင်နိုင်ခြင်းက လူများပြီး ပွဲမစည်တဲ့အဖြစ်မျိုးတွေထက်စာရင်ပိုပြီး ကောင်းမွန်ပါလိမ့်မယ်။ 

  • ပြောကြည့်

    20/12/2019 Duration: 15min

    လူငယ်တွေရဲ့ လွတ်လပ်စွာတွေးခေါ်မှုတွေကို သိရှိခံစားရမယ့် ပြောကြည့် အစီအစဉ်..... ဒီအစီအစဉ်လေးကို Radio မှာနားဆင်နိုင်သလို Padamyar FM Website & Mobile Application တွင်လည်းနားဆင်နိုင်ပါတယ်....

  • နိုင်ငံတကာသတင်းသုံးသပ်ချက်

    20/12/2019 Duration: 03min

    ပတ္တမြား FM ပရိသတ်များ အားလုံး မင်္ဂလာပါခင်ဗျာ ပတ္တမြား FM ကနေ တစ်ပတ်အတွင်း နိုင်ငံတကာသတင်းသုံးသပ်ချက် အစီအစဉ်ကို တင်ဆက်ပေးပါတော့မယ် ဒီနေ့ရဲ့ ပတ္တမြား FM ရဲ့ တစ်ပတ်အတွင်း နိင်ငံတကာသတင်းသုံးသပ်ချက် အစီအစဉ်မှာတော့ ပတ္တမြား FM မှ ကျွန်တော် ဇွဲမာန် နဲ့ အတူ ဒေါက်တာ တင့်ဆွေ (ပဲခူး) တို့က နိုင်ငံတကာအရေးတွေကို ဆွေးနွေးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ . . . . . . . . .

  • ဒီနေ့အတွက်စကား

    16/12/2019 Duration: 03min

    Dear past, thank you for all the memories. I am grateful. Dear future, I’m ready. လောကမှာရှင်သန်နေတဲ့ သက်ရှိတိုင်းအချိန်သုံးပါးနဲ့ အသက်ရှင်နေရပါတယ်။ ကုန်ဆုံးပြီးသွားပြီဖြစ်တဲ့ အတိတ်ဆိုတဲ့အချိန်တွေ ရယ်၊ အခုလက်ရှိကြုံတွေ့ဖြတ်သန်းနေတဲ့ ပစ္စုပ္ပန် ဆိုတဲ့ အချိန်ရယ်၊ မကြာခင်မှာ ကြုံတွေ့ရတော့မယ့် အနာဂတ်ဆိုတဲ့ အချိန် ရယ် စတဲ့ အချိန်ကာလ၃ပါးနဲ့ အသက်ဆက်ရှင်နေ ရပါတယ်။ အတိတ်ဆိုတာကို ဖြတ်သန်းကျော်လွန်ပြီးမှလည်း ပစ္စုပ္ပန်ဆိုတဲ့ အချိန်ကိုရောက်မှာဖြစ်သလို၊ ပစ္စုပ္ပန်ကိုလွန်မြောက်ပြီးမှလည်းအနာဂတ်ကိုရောက်မှာဖြစ်ပါတယ်။ တစ်ရက်ပြီး နောက်ထပ်တစ်ရက်တွေတိုင်းကို ဖြတ်ကျော်လို့ပြီးခဲ့ပါပြီ။ ပြီးခဲ့တဲ့ ရက်တွေတိုင်းမှာ ပျော်ရွှင်ခဲ့တာတွေလည်းရှိမယ်။ ဝမ်းနည်းပူဆွေးခဲ့တာတွေလည်းရှိမယ်။ စိတ်ဓါတ်ကျစရာတွေ၊ ဖိစီးမှုတွေလည်း ရှိတတ်ကြမှာပါပဲ။ ထို့အတူလွတ်လပ်တဲ့ရင်ခုန်မှု တွေလည်းရှိကောင်းရှိခဲ့မှာပါပဲ။ ဒါပေမယ့် အဲဒီ့နေရက်တွေကကုန်ဆုံး လွန်မြောက်ခဲ့ပါပြီ။ ပြန်ပြီးအစကနေရစ်ပြီး တဝဲလည်လည် လုပ်လို့ရတော့မှာ မဟုတ်တာအသေချာဆုံးပါပဲ။ ဘာလို့လည်း ဆိုတော့ ဘဝဆိုတဲ့အရာက သာမာန်ဓါတ်ပြားတစ်ချပ်မဟုတ်လို့ ပါပဲ။ ဒီတော့ ပြီးခဲ့တဲ့အချိန်တွေမှာ ဖြစ်ပျက်ခဲ့သမျှအဖြစ်အပျက်တို

  • ဒီနေ့အတွက်စကား

    10/12/2019 Duration: 03min

    Perhaps the butterfly is the proof that you can go through a great deal of darkness and still become something beautiful. လူရယ်လို့ဖြစ်လာရင် ဘဝရဲ့ အချိုးအကွေ့တိုင်းမှာ အခက်အခဲတွေ အတားအဆီးတွေဆိုတာကို မလွဲမသွေတွေ့ကြုံရမှာပါ။ ကောင်းတာချည်းကိုပဲ ရယူ ချင်လို့လည်းမရသလို ဆိုးတာတွေကိုပဲ အချိန်ပြည့်တွေ့ကြုံရမှာလည်းမဟုတ်ပါဘူး။ ဘယ်သူမှ ပန်းမွေ့ယာရွှေကော်ဇော်ပေါ်မှာ အချိန်ပြည့် မစံစားနိုင်သလို၊ မုန်တိုင်းထန်ပြီးတဲ့နေ့ရက်တွေအလွန်မှာ လေပြေလေညှင်းလေး တွေကို ထိတွေ့ခံစားခွင့်လည်း ကြိုးစားတဲ့လူသားတိုင်းအတွက်အခွင့်အ ရေး ရှိကြပါတယ်။ အဓိကကတော့ ကိုယ်တွေ့ကြုံ ဖြတ်ကျော်နေရတဲ့ အခက်အခဲအတားအဆီးတွေ တစ်နည်းပြောရရင် စမ်းသပ်မှုတွေကို လွယ်လွယ်နဲ့ အရှုံးမပေးလိုက်ဖို့ပါပဲ။ ဟိုတစ်ကွေ့မှာ ဒီတက်နဲ့လှော်သင့်ရင်လှော်ရမယ်။ ဒီတစ်ကွေ့မှာတော့ ဟိုလှော်တက်နဲ့ လှော်သင့်ရင် လှော်ရမှာပါ။ အဓိကကတော့ ကိုယ်ရင်ဆိုင်နေရတဲ့အခက်အခဲကို သူနဲ့လျော်ညီတဲ့ဖြေရှင်းပုံဖြေရှင်းနည်းအတိုင်း ထိုက်တန်တဲ့အားစိုက် ထုတ်မှုနဲ့ ဉာဏ်ရှိရှိနဲ့ ဖြတ်ကျော်ဖြေရှင်းဖို့ပါပဲ။

  • နိုင်ငံတကာသတင်းသုံးသပ်ချက်

    09/12/2019 Duration: 11min

    ပတ္တမြား FM ပရိသတ်များ အားလုံး မင်္ဂလာပါခင်ဗျာ ပတ္တမြား FM ကနေ တစ်ပတ်အတွင်း နိုင်ငံတကာသတင်းသုံးသပ်ချက် အစီအစဉ်ကို တင်ဆက်ပေးပါတော့မယ် ဒီနေ့ရဲ့ ပတ္တမြား FM ရဲ့ တစ်ပတ်အတွင်း နိင်ငံတကာသတင်းသုံးသပ်ချက် အစီအစဉ်မှာတော့ ပတ္တမြား FM မှ ကျွန်တော် ဇွဲမာန် နဲ့ အတူ ဒေါက်တာ တင့်ဆွေ (ပဲခူး) တို့က နိုင်ငံတကာအရေးတွေကို ဆွေးနွေးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ . . . . . . . . .

  • ဒီနေ့အတွက်စကား

    09/12/2019 Duration: 03min

    ဒီနေ့အတွက်စကား You don’t always need a logical reason for doing everything in your life. Do it because you want to, because it’s fun, because it makes you happy. ဒီစကားကတော့ အရာတိုင်းမှာ ဖြေရှင်းစရာ မလိုဘူးဆိုတာကို ပြောပြထားတာပါ။ တချို့သောသူတွေက ကိုယ့်ရဲ့လုပ်ရပ်တွေ တိုင်းမှာ ဖြေရှင်းနေရမှာကိုစိုးရွံ့နေတတ်ကြပါ တယ်။ ဒီလိုနဲ့ပဲ ဘယ်အရာကိုပဲဖြစ်ဖြစ် ကိုယ့်စိတ်ကိုယ့်အကြံနဲ့ ကြံစည်လုပ် ဆောင်မှုတွေ မစွမ်းဆောင်နိုင်တော့ပါဘူး။ တကယ်တော့ ကိုယ်လုပ်လိုက်တဲ့အရာတွေအတွက် ကိုယ်တိုင်ဖြေရှင်းနေရတာမျိုး ထက် ကိုယ်တိုင်တာဝန်ခံတာဝန်ယူနိုင်ဖို့ပဲလိုပါတယ်။ ကိုယ်ရဲ့လုပ်ဆောင်မှုက အကောင်းနဲ့အဆိုး ၂မျိုးထဲက တစ်ခုပဲဖြစ်မှာပါ။ အကောင်းဖြစ်လာရင်လည်း ကိုယ့်အတွက် အောင်မြင် မှုပါ။ အဆိုးဖြစ်လာခဲ့ရင်လည်း ကိုယ့်အတွက် သင်ခန်းစာပါပဲ။ 

  • ဒီနေ့အတွက်စကား

    08/12/2019 Duration: 03min

    For what it’s worth: It’s never too late to be whoever you want to be. I hope you live a life you’re proud of, and if you find that you’re not, I hope you have the strength to start over. ဒီနေ့အတွက်စကား သင်ဖြစ်ချင်တဲ့အတိုင်းနေထိုင်ဖို့အတွက်ဆိုရင်အစဉ်ထာဝရထိုက်တန်ပါတယ်။ သင်ကိုယ်တိုင်ဂုဏ်ယူရတဲ့ဘဝမှာနေထိုင်တာမျိုးပဲ ဖြစ်စေချင်သလို၊ တကယ်လို့သင်ဖြစ်စေချင်တဲ့အတိုင်းဖြစ်မလာခဲ့ရင်လည်း ပြန်လည်ကြိုးစားကြည့်ဖို့ အင်အားတွေရှိနေပါစေတဲ့။ ဒီစကားကိုတော့ အမေရိကန်လူမျိုး ပြဇာတ်နဲ့ စာရေးဆရာ F. Scott Fitzgerald ကပြောကြားခဲ့ တာပါ။ ကိုယ့်ရဲ့ဘ၀ တစ်သက် တာဆိုတာ ကိုယ်ဘဝတစ်လျှောက်မှာ အတူတူရှိနေမယ့်အရာတစ်ခုပါ။ ဒါကြောင့် ကိုယ့်ဘဝမှာ ကိုယ့်စိတ်ကြိုက်လျှောက်လှမ်း ခွင့်ရဖို့ကအရေးကြီးပါတယ်။  အနောက်နိုင်ငံတွေမှာတော့ အရွယ်ရောက်တဲ့သူတွေဆိုရင် ကိုယ့် စိတ်ကြိုက်ကိုယ့်ဘဝကို လျှောက်လှမ်းကြလေ့ရှိပါတယ်။ ကိုယ်ဖြစ်ချင်တဲ့ဘဝကို ကိုယ်တိုင်ကြိုးစားကြပြီး ကောင်းရင်လည်း ကိုယ် ဆိုးရင်လည်းကိုယ် ကိုယ်လုပ်ဆောင်သမျှကို ကိုယ် တိုင်က တာဝန်ယူရပါတယ်။ တခြားသောသူတွေရဲ့ စွက်ဖက်မှုတွေကို သိပ်ပြီး အာရုံထဲမထည့်တတ်ကြပါဘူး။ ကျွန်တော်တို့ ဆီမှာတော့ အထူးသဖြင့် မိဘအုပ်ထိန်းသ

page 36 from 50