Synopsis
Wherever you go PadamyarFM will be there with you...
Episodes
-
ဒီနေ့အတွက်စကား
06/12/2019 Duration: 03minဒီနေ့အတွက်စကား If you are afraid of failure, you don’t deserve to be successful. ဒီနေ့အတွက်စကား ရှုံးနိမ့်မှာကို ကြောက်နေမယ်ဆိုရင်တော့ အောင်မြင်မှုကိုလည်း ရနိုင်မှာမဟုတ်ဘူး။ဒီစကားကို ပြောခဲ့တဲ့သူကတော့ အမေရိကန်လူမျိုး NBA ဘက်စကတ်ဘောချန်ပီယံ Charles Barkley ပါ။ အားကစားသမားတစ်ယောက်ဖြစ်တဲ့အတိုင်း အောင်မြင်မှုပွဲစဉ်တွေရှိသလို ရှုံးနိမ့်ခြင်းကို ရင်ဆိုင်ရတဲ့ အချိန်မျိုးတွေလည်း သူ့ဘဝမှာ ကြုံတွေ့ဖူးမှာပါ။ ဒါပေမယ့် ရှုံးနိမ့်မှာကို ကြောက် ရွံ့မနေဘဲ ဆက်လက် ကြိုးစားလေ့ကျင့်ခဲ့လို့လာ ကမ္ဘာမှာ နံမည် အကြီးဆုံး NBA ရဲ့ ချန်ပီယံတစ်ယောက်ဖြစ်ခဲ့တာကလည်း သူ့ဘဝက သူပြောခဲ့တဲ့ ဒီစကားအတိုင်း သက်သေပြနေသလိုပါပဲ။
-
နိုင်ငံတကာသတင်းသုံးသပ်ချက်
06/12/2019 Duration: 11minပတ္တမြား FM ပရိသတ်များ အားလုံး မင်္ဂလာပါခင်ဗျာ ပတ္တမြား FM ကနေ တစ်ပတ်အတွင်း နိုင်ငံတကာသတင်းသုံးသပ်ချက် အစီအစဉ်ကို တင်ဆက်ပေးပါတော့မယ် ဒီနေ့ရဲ့ ပတ္တမြား FM ရဲ့ တစ်ပတ်အတွင်း နိင်ငံတကာသတင်းသုံးသပ်ချက် အစီအစဉ်မှာတော့ ပတ္တမြား FM မှ ကျွန်တော် ဇွဲမာန် နဲ့ အတူ ဒေါက်တာ တင့်ဆွေ (ပဲခူး) တို့က နိုင်ငံတကာအရေးတွေကို ဆွေးနွေးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ . . . . . . . . .
-
ဒီနေ့အတွက်စကား
06/12/2019 Duration: 03minAlways remember to fall asleep with a dream and wake up with a purpose. ကျွန်တော်တို့လူသားတွေအနေနဲ့ နေ့စဉ်ဘဝနေထိုင်မှုမှာ အိပ်ရာဝင်တဲ့အချိန်နဲ့ အိပ်ရာကနိုးထလာတဲ့အချိန်မှာ ဘာတွေ ကိုလုပ်ဆောင်သင့်သလဲဆိုတာကိုပြောပြထားတဲ့စကားတစ်ခွန်းဖြစ်ပါတယ်။ ဒီစကားထဲကအတိုင်းဆိုရင်တော့ အိပ်ရာ ဝင်တဲ့ အချိန်တိုင်းမှာအိပ်မက်တစ်ခုမက်ဖို့ သတိရပါလို့ ပြောထားပါတယ်။ အဓိကဆိုလိုချင်တာကတော့ ကိုယ့်မှာ မျှော်လင့်ချက်တွေ လုပ်ဆောင်ရမယ့် လုပ်ငန်းဆောင်တာတွေကိုကိုယ့်ရဲ့အသိစိတ်ထဲမှာမျက်ခြေမပြတ်ဖို့လိုအပ်တယ် ဆိုတဲ့အကြောင်းကိုပြောပြ ထားတာဖြစ်ပါတယ်။ တကယ်တော့ အိပ်မက်ဆိုတာနေ့ဘက် လှုပ်ရှားသွားလာရတဲ့အချိန်အတွင်းမှာကိုယ့်စိတ်ထဲမှာ ဖြစ်တည် နေတဲ့ အဖြစ်အပျက်တွေကနေ ပြန်လည်ပုံရိပ်ထင် မြင်မက်ခြင်းသာဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်စိတ်ထဲမှာကိုယ့်ဘဝအတွက် ပန်းတိုင်တွေ လုပ်ဆောင်စရာတွေရှိနေတဲ့သူကကိုယ့်ရဲ့အိပ်မက်ထဲမှာလည်းအဲဒီပန်းတိုင်တွေ လုပ်ဆောင်စရာတွေကပါလာ တတ်ပါတယ်။ ထို့အတူပဲနေ့ဘက်မှာကိုယ်ကြုံတွေ့ရတဲ့အခက်အခဲတွေရဲ့ ဖြေရှင်းနည်းတွေကိုလည်းကိုယ့်ရဲ့အိပ်မက်ထဲမှာ တစ်ခါတစ်ရံမှာရှာဖွေတွေ့ရှိတတ်ပါသေးတယ်။ ဒါပေမယ့် သတိထားရမှာတစ်ခုကတော့ ဘယ်အရာမှာပဲဖြစ်ဖြစ် တစ်ဖက်စွန်း ရောက်တာမျိုးတ
-
ဒီနေ့အတွက်စကား
05/12/2019 Duration: 03mindon’t believe in taking right decisions, I take decisions and make them right. မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေရယူခြင်းကို ငါအနေနဲ့ ယုံကြည်ခြင်းမရှိပါဘူး။ ချပြီးသားဆုံးဖြတ်ချက်တွေကိုပဲ မှန်အောင် လုပ်တတ် ပါတယ်တဲ့။ကမ္ဘာကျော် သန်းကြွယ်သူဌေးကြီးတစ်ဦးဖြစ်တဲ့ TATA Company ရဲ့ ပဲ့ကိုင်ရှင် အိန္ဒိယလူမျိုးသူဌေးကြီး Ratan Tata က ပြောကြားခဲ့တဲ့ စကားတစ်ခွန်းပဲဖြစ်ပါတယ်။ တကယ့်ကို နာမည်ကြီး လုပ်ငန်းရှင် သန်းကြွယ်သူဌေးကြီးပြောကြားထားတဲ့စကားကလည်း တကယ့်ကိုမှ မှတ်သားထားစရာကောင်းတဲ့စကားတစ်ခွန်းဖြစ်ပါတယ်။ ကျွန်တော်တို့ သက်ရှိလူသားတွေအနေနဲ့ ရှင်သန်ရုန်းကန်နေတဲ့ ဒီလောကထဲမှာ လုပ်ငန်းဆောင်တာတွေမှာပဲဖြစ်ဖြစ် ကိုယ့်ဘ၀ အတွက် ရွေးချယ်မှုတွေလုပ်တဲ့အခါမှာပဲဖြစ်ဖြစ် ဆုံးဖြတ်ချက်တွေကို ချရလေ့ရှိပါတယ်။ ဘဝတစ်ကွေ့မှာ ချမှတ်ခဲ့ရတဲ့ ဒီလိုမျိုး ဆုံးဖြတ်ချက်တွေက အမြဲတမ်းတော့ ကိုယ့်ဘဝအတွက် မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေဖြစ်နိုင်မှာမဟုတ်ပါဘူး။ ကိုယ့်ဘဝရဲ့ ကြုံ တွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေ၊ ကိုယ့်ရဲ့ စဉ်းစားတွေးခေါ်နိုင်မှု အတိုင်းအတာတွေပေါ်မူတည်ပြီး ဆုံးဖြတ်ချက်တွေ မှန်ကန်မှုရှိ သည် မရှိဘူးဆိုတာက ကွဲပြားသွားတတ်ပါတယ်။ ဒါကြောင့် ဘယ်သူမဆို တစ်ခါတလေမှာတော့ လွဲချော
-
-
ဒီနေ့အတွက်စကား
03/12/2019 Duration: 03minSunsets are proof that ending can be beautiful too. တစ်နေ့တာလုံးမှာဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့ အကောင်းဆုံးသောရလာဒ်တွေ၊ အကောင်းဆုံးသော မျှော်လင့်ချက်တွေ မရှိတော့ရင် တောင်မှ ဘယ်တော့မှ စိတ်ဓါတ်ကျအားမငယ်ဖို့အတွက် သွယ်ဝှိက်သောနည်းနဲ့ပြောပြ ထားတဲ့ စကားတစ်ခွန်းဖြစ်ပါ တယ်။ ကျွန်တော်တို့လူသားတွေအနေနဲ့ ဘဝရဲ့ရှင်သန်ရာနေ့ရက်တိုင်းမှာအခက်အခဲတွေ၊ အတားအဆီး တွေ၊ စိန်ခေါ်မှုတွေ အများ ကြီးကြုံတွေ့နိုင်ပါတယ်။ ထို့အတူပဲကိုယ်လုပ်ဆောင်ကြိုးပမ်းထားမှုတွေကလည်းအောင်မြင်တဲ့အခါ လည်းအောင်မြင်နိုင်သလို ကိုယ်မဖြစ်ချင်၊မလိုချင်တဲ့ ရှုံးနိမ့်မှုတွေလည်းဖြစ်နိုင်ပါတယ်။ သဘာဝတရားကြီးကပေးတဲ့ ဘဝရဲ့ သင်ခန်းစာတွေကို လိုက်လံ လေ့လာရင်းနဲ့လည်းကိုယ်လိုချင်တဲ့အရာတွေရော၊ ကိုယ်မလိုချင်တဲ့အရာတွေကိုပါ ရနိုင်ပါသေးတယ်။ အဲဒါကိုကဘဝပါပဲ။ အက္ခရာ၂လုံးတည်းနဲ့ဖွဲ့တည်ထားတဲ့ ရှုပ်ထွေးပွေလီတဲ့ ကိစ္စရပ်ပေါင်းများစွာရော ပျွန်းပေါင်းစုံနေတဲ့ ဘဝမှာ ကိုယ့်အတွက် အကောင်းတွေချည်းကိုပဲမျှော်လင့်နေလို့မရသလို၊ အဆိုးတွေချည်းပဲလက်ခံနေရမှာလည်း မဟုတ်ပါ ဘူး။အဆိုးတွေကြုံ တာ လည်း ဖြစ်ချင်ဖြစ်မယ်။ တကယ့်ကိုမှ ကောင်းပေ့ဆိုတဲ့အရာတွေ အခွင့်အလမ်းတွေကို လက်ဝယ်ပိုင်ဆိုင် လိုက်ရတာလည်း ဖြစ်ချင်ဖြစ်မ
-
-
ဒီနေ့အတွက်စကား
01/12/2019 Duration: 03minTime decides who you meet in life, your heart decides who you want in your life and your behavior decides who stays in your life. ဒီနေ့အတွက်စကား လောကမှာရှင်သန်နေထိုင်တဲ့သူတိုင်းအတွက် ပေါင်းသင်းဆက်ဆံရေးဆိုတာလွန်စွာမှအရေးကြီးတဲ့ အချက်တစ်ခုပါ။ ကျွန်တော် တို့တတွေ မွေးဖွားလာတဲ့အချိန်ကနေစလို့ စိတ်အမျိုးမျိုး ပုံသဏ္ဍန်အစုံစုံရှိတဲ့သူတွေနဲ့ တွေ့ဆုံဖူးရမှာပါ။ ပေါင်းသင်းဆက်ဆံဖူး ရမှာပါ။ အဲဒီအခါမှာ ဘယ်လိုလူမျိုးကိုတော့ ကိုယ်ကဆုံးဖြတ်ရွေးချယ်နိုင်ပြီးတော့ ဘယ်လိုအမျိုးအစား ကိုတော့ ကျွန်တော်တို့ တတွေ ရွေးချယ်ဆုံးဖြတ်နိုင်ခွင့်မရှိဘူးဆိုတာကို ဒီစကားလေးက ပြောပြနေတာပါ။ လူတွေပြောကြသလိုပဲ ကံတရားတစ်ခု ကြောင့် ပေါင်းစုံရသလိုပါပဲ။ အချိန်တစ်ခုရဲ့ သတ်မှတ်ချက်အရ ကျွန်တော်တို့တတွေ မိတ်ဆွေအသစ်တွေနဲ့ တွေ့မြင်မိတ်ဖွဲ့ရ တတ်ပါတယ်။ ဘယ်လိုလူကိုတော့ တွေ့ဆုံချင်ပါတယ်ဆိုပြီး ကျွန်တော်တို့တတွေ ဆုံးဖြတ်ရွေးချယ်ပိုင်ခွင့်မရှိပါဘူး။ ကံတရားရဲ့ စေခိုင်းမှုအတိုင်း အချိန်ကာလတစ်ခုမှာ တစ်ခါမှမသိကျွမ်းဖူးတဲ့သူတွေနဲ့လည်း ကျွန်တော်တို့တတွေ ပေါင်းသင်းဆုံစည်းရ ပါ တယ်။ ဒါကြောင့် အချိန်တစ်ခုမှာ ဘယ်လိုလူမျိုးနဲ့ပဲ သိကျွမ်းသည်ဖြစ်စေ ကိုယ်က ပေါင်းသင်းဆက်ဆံရေးမ
-
ဒီနေ့အတွက်စကား
30/11/2019 Duration: 03minThere will be so many times you feel like you’ve failed. But in the eyes, heart and mind of your child you are super mom. ဒီနေ့အတွက်စကား ဒီစကားကိုပြောထားတဲ့သူကတော့ စိတ်ဓါတ်မြင့်တင်ရေးစာပေတွေကိုအွန်လိုင်းမှာရေးသားရင်း နာမည်ကျော်ခဲ့တဲ့ Stephanie Precourtပဲဖြစ်ပါတယ်။ ဒီစကားကတော့ အထူးသဖြင့်မိခင်တွေကိုရည်ညွှန်းထားတဲ့စကားတစ် ခွန်းလည်းဖြစ်ပါတယ်။ ဒါပေမယ့် မိခင်တွေအပြင် တခြားသောသူတွေအနေနဲ့လည်းမှတ်သားထားရမယ့် စကားတစ်ခွန်းလို့ ကျွန် တော်ကတော့ ညွှန်းဆိုချင် ပါတယ်ဗျ။ ဘာလို့လည်းဆိုတော့ လူသားတိုင်းလူသားတိုင်းခြောက်ပြစ်ကဲသဲလဲစင် ပြီးပြည့်စုံခြင်း ဆိုတာမရှိနိုင်ပါဘူး။ ဘ၀ တစ်ကွေ့မှာကိုယ်လုပ်ခဲ့တဲ့လုပ်ရပ်တစ်ချို့တစ်လေမှာတော့ ကိုယ့်အနေနဲ့ အသုံးမကျဘူးလို့ ထင်ခဲ့ရတဲ့ ကိုယ်တိုင်က စိတ်တိုင်း မကျနိုင်တဲ့ဖြစ်ရပ်တွေလည်းရှိမှာပါပဲ။ ကိုယ်စတင်လုပ်ဆောင်တဲ့အချိန်မှာအလုံးစုံသိနေတတ်နေတာမျိုး မဖြစ်နိုင်တဲ့အတွက် အမှားမှားအယွင်းယွင်းတွေလုပ်မိလို့ ကိုယ်တိုင်စိတ်ဓါတ်ကျရတာမျိုးတွေလည်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် သိထားရမှာ တစ်ခုက ကိုယ်တစ်ယောက်တည်းမှားဖူးတာမဟုတ်ဘူးဆိုတာကိုပါပဲ။
-
ဒီနေ့အတွက်စကား
29/11/2019 Duration: 03minဒီနေ့အတွက်စကား When life gives you a hundred reasons to break down and cry, show life that you have a million reasons to smile and laugh. ဘဝကသင့်ကိုကျရှုံးစေမယ့်ငိုစေနိုင်တဲ့အကြောင်းအရာတစ်ရာလောက်ပေးတဲ့အခါ သင့်မှာပြုံးရွှင်ရယ်မောစရာ အကြောင်းအရင်း တစ်သန်းလောက်ရှိနေကြောင်းပြန်လိုက်ပါ။ လောကရဲ့ထိုးစစ်တွေကို ကြံ့ကြံ့ခံရင်ဆိုင်ပြီးဘာပဲဖြစ်နေဖြစ်နေအပြုံးမပျက်နေနိုင်ဖို့ လိုအပ်တဲ့အကြောင်းစိတ်ဓါတ်ကိုဘယ်လိုထားရမလဲဆိုတာကိုပြောပြထားတဲ့စကားတစ်ခွန်းပါ။ လောကမှာလူရယ်လို့ဖြစ်လာရင် အခက်အခဲတွေကိုတွေ့ကြုံရမယ်။ အတားအဆီးတွေကိုဖြတ်ကျော်ရမယ်။ အနှောင့်အယှက်အဟန့်အတားတွေကိုရင်ဆိုင်ရမယ်။ ဒါတွေကိုတွေ့ကြုံရင်ဆိုင်ဖြတ်ကျော်နိုင်မှသာအနိုင်ရတဲ့လူတော်တစ်ယောက်ဖြစ်လာမှာပါ။ ဒါဟာအမှန်တရားပါပဲ။ ဘယ်သူ တစ်ဦးတစ်ယောက်ကမှ လွယ်လင့်တကူအောင်မြင်တဲ့သူတစ်ယောက်ဖြစ်မနေပါဘူး။ အခုချိန် အများကအားကျအတုယူရတဲ့ ထိပ်ဆုံးကလူတွေကိုကြည့်မယ်ဆိုရင် သူတို့ရဲ့ဘဝအစသမိုင်းအစမှာ ပင်ပန်းဆင်းရဲခံ ပြီး ကျားကုတ်ကျားခဲကြိုးစားခဲ့ကြတဲ့သူတွေချည်းပါပဲ။ အတိတ်မှာသူတို့တွေ ဘယ်နှစ်ကြိမ်လဲကျခဲ့သလဲ။ ဘယ်နှစ်ကြိမ်ငိုညည်းခဲ့ရ သလဲဆိုတာကိုအတိအကျဘယ်သူမှ သိနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် သူတို့အခု
-
Knowledge For All
28/11/2019 Duration: 15minပြိုင်ဆိုင်မှုပြင်းထန်လာတဲ့ ခေတ်သစ် ဝေဟင်ထဲမှာ အားလုံး အားလုံး ပါဝင်မျောလွင့်နိုင်ဖို့အတွက် Knowledge တွေ အတောင်တပ်ဆင်ပေးမယ့် Knowledge For All ...
-
-
-
-
ဒီနေ့အတွက်စကား
27/11/2019 Duration: 03minဒီနေ့အတွက်စကား One lie is all it takes for someone to lose their faith in you. The best you can do is always be upfront, always be real and always tell the truth. ဒီနေ့အတွက်စကား လိမ်လည်စကားတစ်ခွန်း ရဲ့ သက်ရောက်နိုင်မှုကိုပြောပြပေးခဲ့သလို အကောင်းဆုံးနေထိုင်မှုကိုလည်း ပူးတွဲပြောပြသွားခဲ့တာ ဖြစ်ပါတယ်။ လောကမှာ ပေါင်းသင်းဆက်ဆံရေးဆိုတာ...
-
ဒီနေ့အတွက်စကား
25/11/2019 Duration: 03minYou will never have to force anything that truly meant to be. အမှန်တကယ်ဖြစ်ကိုဖြစ်လာမယ့် အရာတစ်ခုအတွက် အားအင်သုံးစရာမလိုပါဘူးတဲ့။ ဒီစကားကတော့ တရားသဘောနဲ့ တွေး ထင်လို့ ဖြစ်တည်လာတဲ့စကားတစ်ခွန်းလို့လည်းပြောလို့ရပါ တယ်။ လောကမှာ လူသားတွေနည်းတူ တရိစ္ဆာန်တွေ၊ အပင်တွေ စတဲ့ သက်ရှိတွေအကုန်လုံးရော၊ အရာဝတ္ထုတွေလို သက်မဲ့တွေတိုင်းရော အရာခပ်သိမ်း ပေါက်ဖွားရှင်သန်လာရာကနေ နောက် ဆုံးတစ်နေ့မှာတော့ လောကကြီးကို နှုတ်ဆက်လို့ ပျက်စီးသေဆုံးကြရမှာအမှန်ပါပဲ။ တကယ်တော့လူသားတွေအပါအဝင်သက်ရှိ တွေအားလုံးအတွက် စတင် မွေးဖွားရှင်သန်တဲ့ အချိန်ကနေစလို့ လောကကြီးက ချမှတ်လိုက်တဲ့ အချိန်ပမာဏတစ်ခုအတွင်းမှာ ဘာဖြစ်မယ်ဘယ်အချိန်မှာတော့ လက်ပြ နှုတ်ဆက်လို့ လောကကြီးကို ကျောခိုင်းထွက်ခွာသွားရမယ်ဆိုတာ ပြဌာန်းထားပြီး သားအရာတစ်ခုပါ။ ဘယ်တန်ခိုးရှင်ကမှ ပြုပြင်ပေးလို့မရတဲ့အရာပါ။
-
နိုင်ငံတကာသတင်းသုံးသပ်ချက်
25/11/2019 Duration: 11minပတ္တမြား FM ပရိသတ်များ အားလုံး မင်္ဂလာပါခင်ဗျာ ပတ္တမြား FM ကနေ တစ်ပတ်အတွင်း နိုင်ငံတကာသတင်းသုံးသပ်ချက် အစီအစဉ်ကို တင်ဆက်ပေးပါတော့မယ် ဒီနေ့ရဲ့ ပတ္တမြား FM ရဲ့ တစ်ပတ်အတွင်း နိင်ငံတကာသတင်းသုံးသပ်ချက် အစီအစဉ်မှာတော့ ပတ္တမြား FM မှ ကျွန်တော် ဇွဲမာန် နဲ့ အတူ ဒေါက်တာ တင့်ဆွေ (ပဲခူး) တို့က နိုင်ငံတကာအရေးတွေကို ဆွေးနွေးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ . . . . . . . . .
-
ဒီနေ့အတွက်စကား
25/11/2019 Duration: 03minInstead of being ashamed of what you’ve been through, be proud what you have overcome. သင်ဘယ်လိုတွေဖြတ်ကျော်ခဲ့ရတယ်ဆိုတာကို ရှက်ရွံ့နေမယ့်အစား သင့်အနေနဲ့ ကျော်ဖြတ်နိုင်ခဲ့တာကိုပဲ ဂုဏ်ယူနေလိုက်ပါ တဲ့။ ဒီစကားကို ပြော ကြားထားတဲ့ ကမ္ဘာကျော်မဟာလူသာကတော့ နာမည်ကျော်ရုပ်သံအစီအစဉ် Doctor Phil ရဲ့ ပင်တိုင် တင်ဆက်သူ အမေရိကန် လူမျိုး စာရေးဆရာနဲ့ စိတ္တဗေဒပညာရှင် Phillip Calvin McGraw ပဲဖြစ်ပါတယ်။ ဒီစကားကတော့ အတိတ်ကာလကအဖြစ်အ ပျက်တွေကြောင့် စိတ်ဓါတ်ကျပြီး ကိုယ့်ရဲ့အတိတ်ကိုဖုံးကွယ်ဖို့ကြိုးစားနေတဲ့သူတွေအတွက် ရည်ရွယ်ပြောကြားထားတဲ့စကားတစ်ခွန်းပါ။