Padamyar FM
ဒီနေ့အတွက်စကား
- Author: Vários
- Narrator: Vários
- Publisher: Podcast
- Duration: 0:03:00
- More information
Informações:
Synopsis
Dear past, thank you for all the memories. I am grateful. Dear future, I’m ready. လောကမှာရှင်သန်နေတဲ့ သက်ရှိတိုင်းအချိန်သုံးပါးနဲ့ အသက်ရှင်နေရပါတယ်။ ကုန်ဆုံးပြီးသွားပြီဖြစ်တဲ့ အတိတ်ဆိုတဲ့အချိန်တွေ ရယ်၊ အခုလက်ရှိကြုံတွေ့ဖြတ်သန်းနေတဲ့ ပစ္စုပ္ပန် ဆိုတဲ့ အချိန်ရယ်၊ မကြာခင်မှာ ကြုံတွေ့ရတော့မယ့် အနာဂတ်ဆိုတဲ့ အချိန် ရယ် စတဲ့ အချိန်ကာလ၃ပါးနဲ့ အသက်ဆက်ရှင်နေ ရပါတယ်။ အတိတ်ဆိုတာကို ဖြတ်သန်းကျော်လွန်ပြီးမှလည်း ပစ္စုပ္ပန်ဆိုတဲ့ အချိန်ကိုရောက်မှာဖြစ်သလို၊ ပစ္စုပ္ပန်ကိုလွန်မြောက်ပြီးမှလည်းအနာဂတ်ကိုရောက်မှာဖြစ်ပါတယ်။ တစ်ရက်ပြီး နောက်ထပ်တစ်ရက်တွေတိုင်းကို ဖြတ်ကျော်လို့ပြီးခဲ့ပါပြီ။ ပြီးခဲ့တဲ့ ရက်တွေတိုင်းမှာ ပျော်ရွှင်ခဲ့တာတွေလည်းရှိမယ်။ ဝမ်းနည်းပူဆွေးခဲ့တာတွေလည်းရှိမယ်။ စိတ်ဓါတ်ကျစရာတွေ၊ ဖိစီးမှုတွေလည်း ရှိတတ်ကြမှာပါပဲ။ ထို့အတူလွတ်လပ်တဲ့ရင်ခုန်မှု တွေလည်းရှိကောင်းရှိခဲ့မှာပါပဲ။ ဒါပေမယ့် အဲဒီ့နေရက်တွေကကုန်ဆုံး လွန်မြောက်ခဲ့ပါပြီ။ ပြန်ပြီးအစကနေရစ်ပြီး တဝဲလည်လည် လုပ်လို့ရတော့မှာ မဟုတ်တာအသေချာဆုံးပါပဲ။ ဘာလို့လည်း ဆိုတော့ ဘဝဆိုတဲ့အရာက သာမာန်ဓါတ်ပြားတစ်ချပ်မဟုတ်လို့ ပါပဲ။ ဒီတော့ ပြီးခဲ့တဲ့အချိန်တွေမှာ ဖြစ်ပျက်ခဲ့သမျှအဖြစ်အပျက်တို