Synopsis
Wherever you go PadamyarFM will be there with you...
Episodes
-
-
နိုင်ငံတကာသတင်းသုံးသပ်ချက်
05/08/2019 Duration: 11minပတ္တမြား FM ပရိသတ်များ အားလုံး မင်္ဂလာပါခင်ဗျာ ပတ္တမြား FM ကနေ တစ်ပတ်အတွင်း နိုင်ငံတကာသတင်းသုံးသပ်ချက် အစီအစဉ်ကို တင်ဆက်ပေးပါတော့မယ် ဒီနေ့ရဲ့ ပတ္တမြား FM ရဲ့ တစ်ပတ်အတွင်း နိင်ငံတကာသတင်းသုံးသပ်ချက် အစီအစဉ်မှာတော့ ပတ္တမြား FM မှ ကျွန်တော် ဇွဲမာန် နဲ့ အတူ ဒေါက်တာ တင့်ဆွေ (ပဲခူး) တို့က နိုင်ငံတကာအရေးတွေကို ဆွေးနွေးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ . . . . . . . . .
-
ဒီနေ့အတွက်စကား
05/08/2019 Duration: 03minIf you do right, no one remembers. If you do wrong, no one forgets. သင့်အမှန်ကိုလုပ်ဆောင်တာကို ဘယ်သူကမှ သတိရမှာမဟုတ်ပေမယ့် သင်သာအမှားလုပ်ခဲ့တယ်ဆိုရင်တော့ ဘယ်သူကမှ မေ့မှာမဟုတ်ပါဘူးတဲ့။ ဒီစကားကတော့ လောကမှာ ဖြစ်ရိုးဖြစ်စဉ်တစ်ခုကိုပြောပြထားတဲ့စကားတစ်ခွန်း ဖြစ်ပါတယ်။ လောကရဲ့ အမှန်တရားတစ်ခု လို့လည်း ပြောလို့ရပါတယ်။ တကယ်လို့သာ ကျွန်တော်တို့ဘဝမှာ ဘယ်လောက်ပဲ ကောင်းတာတွေကိုလုပ်ခဲ့လုပ်ခဲ့ လူတာ်တော်များများက သတိတရရှိနေမှာမဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့သာ အမှားအယွင်းတစ်ခုကို လုပ်ဆောင်မိလိုက်တာနဲ့ အဲဒီအဖြစ်အပျက်ကို တော်တော်များများက သတိရနေမှာပါ။ ဘာလို့လည်းဆိုတော့ လူတွေက ကောင်းမွန်တဲ့အဖြစ်အပျက်တွေထက် ဆိုးဝါးတဲ့ အမှားအယွင်းကိစ္စတွေကို ပိုပြီးတော့ မှတ် မိနေတတ်တဲ့သဘောမှာ ရှိလို့ပါ။ ဒါပေမယ့် မှားသွားလေမလား။ မှားသွားရင် ကိုယ့်ကိုအပြစ်ပြောနေကြမလားဆိုပြီး ကိုယ်လုပ်စရာရှိတာကိုတော့ ဘယ်တော့မှ လက်တွန့်ပြီးနေစရာမလိုအပ်ပါဘူး။ တကယ်တော့ ကိုယ့်ဘဝ ကို ကိုယ်တိုင်ပဲစီမံရတာပါ။ လောကမှ ဘယ်ကိစ္စမှာ ပဲဖြစ်ဖြစ် ချီးမွန်း၇ရက် ကဲ့ရဲ့၇ရက်ဆိုတာကို ဘယ်တော့မှ မေ့မထားပါနဲ့။ လူသားမှန်ရင် ဘယ်သူကမှ ရာနှုန်းပြည့် ပြည့်စုံ ကောင်းမွန်နေခြင်းမရှိတဲ့အတွ
-
ဒီနေ့အတွက်စကား
04/08/2019 Duration: 03minWhen something bad happens, You have three choices. You can let it define you, let it destroy you, or you can let it strengthen you. ရွေးချယ်စရာနည်းလမ်း (၃)မျိုးရှိတယ်ဆိုတဲ့အကြောင်းကိုပြောပြထားပြီးဘယ်လိုနည်းလမ်းကိုရွေးမလဲဆိုတာကိုအတွေးဆင့်ပွားစေတဲ့စကားဖြစ်ပါ တယ်။ လူသားတိုင်းမှန်ရင် လောကမှာရှင်သန်ရုန်းကန်လှုပ်ရှားရပ်တည်နေရင်းနဲ့ အခက်အခဲတွေ အတားအဆီးတွေ၊ ကိုယ့် ဘ၀ တက်လမ်းအတွက် အနှောင့်အယှက်တွေ၊ ဆိုးဝါးတဲ့အဖြစ်အပျက်တွေဆိုတာကို ကြုံတွေ့ ရတတ်ပါတယ်။ အထူးသဖြင့် ကိုယ်လိုချင်ရချင်တဲ့ အောင်မြင်မှုက ပိုပြီးကြီးမားလေလေ ကိုယ်တွေ့ရမယ့် အခက်အခဲအတားအဆီးအနှောင့်အယှက်ကပိုများလေပါပဲ။
-
ဒီနေ့အတွက်စကား
03/08/2019 Duration: 03minဒီနေ့အတွက်စကား Discussion are always better than arguments, because an argument is to find out who is right, and a discussion is to find what is right. ဒီနေ့အတွက်စကား ပေါင်းသင်းဆက်ဆံရေးနဲ့ပတ်သက်ပြီးသတိထားရမယ့်အချက်တစ်ခုကိုပြောပြထားတာဖြစ်ပါတယ်။ ကျွန်တော်တို့တတွေ လောကမှာရှင်သန်နေရင်းနဲ့ အမျိုးမျိုးသောလူပေါင်းများစွာနဲ့ တွေ့ဆုံကြရပါတယ်။ အဲဒီလိုအမျိုးမျိုး အထွေထွေသောလူတွေကရှင်သန်ကြီးပြင်းရာနောက်ခံတွေလည်းမတူညီကြသလိုခံယူချက်ခြင်းအယူအဆခြင်းတွေမှာလည်းထပ်တူညီခြင်းဆိုတာဘယ်နည်းနဲ့မှမရှိနိုင်ပါဘူး။ ကိုယ့်ဘက်ကအမြင်နဲ့သူ့ဘက်ကအမြင်ဆိုတာတစ်ခါ တစ်ရံမှာတော့ ဆန့်ကျင်ဘက်တွေတောင်ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ တကယ်တော့ ကိုယ်ပိုင်ဆိုင်ထားတဲ့ လက်ချောင်းတွေတောင်မှ အရှည် အတို အပိန်အဝမတူညီသလို မွေးဖွားလာတာခြင်းလည်းမတူတဲ့ သူစိမ်းလူနှစ်ယောက် အတွေးတွေ မတူတာကထူးဆန်းတဲ့ အဖြစ်အပျက်တော့ မဟုတ်ပါဘူး။ ဒီလိုနဲ့ မတူညီတဲ့ အတွေးအခေါ်တွေ၊ ထင်မြင်ယူဆချက်တွေကြောင့်ပဲလောကမှာကွာဟမှုတွေဆိုတာရှိနေတာပါ။ အဲဒီလိုကွာဟမှုတွေကပဲအငြင်းအခုံတွေကို ဖြစ်စေပြန်ပါတယ်။ ဒီလိုမတူညီတဲ့ ရှူထောင့်ကနေ မြင်တတ်ကြတဲ့ သူတွေ ငြင်းကြခုံကြတာကသာမန် ဖြစ်ရိုးဖြစ်စဉ်ဆိုတာထက် ပိုပြီး ကြီ
-
ဒီနေ့အတွက်စကား
02/08/2019 Duration: 03minLife is like coin. Pleasure and pain are the two sides. Only one side is visible at a time. But remember other side is waiting for its turn. ဒီစကားကတော့ ဘဝနဲ့သက်ဆိုင်တဲ့ အမှန်တရားကို ပြောပြထားတဲ့စကားတစ်ခွန်းဖြစ်ပါတယ်။ကျွန်တော်တို့ရှင်သန် နေထိုင်နေတဲ့ လူသားဘဝဆိုတာ ဒီစကားထဲကအတိုင်းပါပဲ။ ဒင်္ဂါးပြားတစ်ခုနဲ့ဆင်တူနေပါတယ်။ ဒင်္ဂါးပြားမှာ မျက်နှာနှစ်ဘက် ရှိ သလိုပဲ ကျွန်တော်တို့အတွက် ဘဝတစ်လျှောက်မှာလည်း ခံစားချက်အစွန်းနှစ်ဖက်ရှိလို့နေပါတယ်။ ပျော်ရွှင်ကြည်နူးဖွယ်ရာ သာယာမှုများနဲ့ နာကျင်ခံစားစရာတွေက တစ်ခုမဟုတ်တစ်ခု တစ်မျိုးမဟုတ်တစ်မျိုး အမြဲတမ်းဆိုသလိုရှိနေတတ်ပါတယ်။အဲဒါ ကိုပဲ ဘဝလို့ခေါ်ပါတယ်။ အဲဒီစကားလုံးနှစ်လုံးထဲနဲ့ဖွဲ့တည်ထားတဲ့ ဘဝဆိုတဲ့အရာကို ကျွန်တော်တို့တတွေ ရှင်သန်ရုန်းကန်နေ ကြရပါတယ်။ အဲဒီလိုရုန်းကန်နေရင်းနဲ့ပဲ အတွေ့အကြုံတွေလည်း ရလာမယ်။ ကိုယ်ကြုံရတဲ့ အတွေ့အကြုံက ကိုယ့်အတွက် ပျော်ရွှင်စေနိုင်တာမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်သလို ကိုယ့်အတွက် ခါးသီးတဲ့ နာကျင်စရာအဖြစ်အပျက်လည်းဖြစ်ကောင်းဖြစ်နေ မှာပါ။ ဒီနေရာမှာ သိထားရမှာကတော့ ဘဝဆိုတာ အရှေ့ကပြောခဲ့သလို ဒင်္ဂါးပြားတစ်ချပ်လိုပဲရှိနေတယ်ဆိုတာကို မေ့မထား ပါနဲ့။ ဘဝဆိုတာ ဒင်္ဂ
-
-
-
ဒီနေ့အတွက်စကား
30/07/2019 Duration: 03minFeed a dog for three days and he will remember you for three years. Feed a human for three years and he will forget you in three days
-
-
-
ဒီနေ့အတွက်စကား
28/07/2019 Duration: 03minဒီနေ့အတွက်စကား I don’t believe in taking right decisions, I take decisions and make them right. မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေရယူခြင်းကိုငါအနေနဲ့ ယုံကြည်ခြင်းမရှိပါဘူး။ ချပြီးသားဆုံးဖြတ်ချက်တွေကိုပဲမှန်အောင် လုပ်တတ် ပါတယ်တဲ့။ ကမ္ဘာကျော် သန်းကြွယ်သူဌေးကြီးတစ်ဦးဖြစ်တဲ့ TATA Company ရဲ့ ပဲ့ကိုင်ရှင် အိန္ဒိယလူမျိုးသူဌေးကြီးRatan Tata က ပြောကြားခဲ့တဲ့ စကားတစ်ခွန်းဖြစ်ပါတယ်။ တကယ့်ကိုနာမည်ကြီးလုပ်ငန်းရှင် သန်းကြွယ်သူဌေးကြီးပြောကြားထား တဲ့စကားကလည်းတကယ့်ကိုမှ မှတ်သားထားစရာကောင်း တဲ့စကား တစ်ခွန်းဖြစ်ပါတယ်။ ကျွန်တော်တို့ သက်ရှိလူသားတွေအနေနဲ့ ရှင်သန်ရုန်းကန်နေတဲ့ ဒီလောကထဲမှာ လုပ်ငန်းဆောင်တာတွေမှာပဲဖြစ်ဖြစ် ကိုယ့်ဘ၀အတွက် ရွေးချယ်မှုတွေ လုပ်တဲ့အခါမှာပဲဖြစ်ဖြစ် ဆုံးဖြတ် ချက်တွေကို ချရလေ့ရှိပါတယ်။ ဘ၀တစ်ကွေ့မှာချမှတ်ခဲ့ရတဲ့ ဒီလိုမျိုးဆုံးဖြတ်ချက်တွေကအမြဲတမ်းတော့ ကိုယ့်ဘ၀အတွက် မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေ ဖြစ်နိုင်မှာမဟုတ်ပါဘူး။ ကိုယ့်ဘ၀ရဲ့ ကြုံ တွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေ၊ ကိုယ့်ရဲ့ စဉ်းစားတွေးခေါ်နိုင်မှု အတိုင်းအတာတွေ ပေါ်မူတည်ပြီး ဆုံးဖြတ်ချက်တွေ မှန်ကန်မှုရှိသည် မရှိဘူးဆိုတာကကွဲပြားသွားတတ်ပါတယ်။ ဒါကြောင့် ဘယ်သူမဆိုတစ်ခါတလေမှာတော့ လ
-
ဒီနေ့အတွက်စကား
27/07/2019 Duration: 03minSuccess at anything will always come down to this: Focus and Effort. And we control both. ဒီနေ့အတွက်စကား WWE နပန်းသမားဘဝကနေ Hollywood ရုပ်ရှင်လောကမှာအောင်မြင်တဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်လာတဲ့ The Rock လို့လူသိများတဲ့ Dwayne Johnson ပြောကြားခဲ့တဲ့စကားတစ်ခွန်းဖြစ်ပါတယ်။ ဒီစကားလေးကို ကြားသိလိုက်ရတဲ့အချိန်မှာအာရုံစူးစိုက်မှုဆိုတဲ့အရာနဲ့ အားစိုက်ထုတ်မှု အဲဒီနှစ်ခုကိုဘယ်လိုထိန်းချုပ်ရမလဲဆိုတာကိုမေးခွန်းတွေအဖြစ်ကျန်နေရစ်မယ်လို့ထင်ပါတယ်။ လောကမှာအရာအားလုံးရဲ့ အောင်မြင်မှု အနှစ်ချုပ်ကအဲဒီအာရုံစူးစိုက်မှုနဲ့ အားစိုက်ထုတ်မှုနှစ်ခုပါ။ ဒါပေမယ့် အဲဒီနှစ်ခုကိုပါးပါးနပ်နပ် ထိန်းချုပ်သွားဖို့ကလည်းအရေး ကြီးပါတယ်။ တစ်ခါတစ်လေမှာကို ယ့်ရှေ့ကတစ်ခုတည်းကိုပဲ အာရုံစူးစိုက်မှုလွန်ကဲသွားတဲ့အခါမှာအနီးနားမှာရှိတဲ့အခွင့်အရေးတွေကို ကျွန်တော်တို့တတွေ လက်လွတ်ဆုံးရှုံးလိုက်ရတာမျိုးဖြစ်တတ်ပါတယ်။ ဒါကလည်း ဖြစ်လေ့ဖြစ်ထရှိတဲ့ကိစ္စတစ်ခုပါပဲ။ ထောင်မြင်ရင် ရာကိုစွန့်သင့်ရင်စွန့်ရမှာဖြစ်တဲ့အတွက် အနီးအနားပတ်ဝန်းကျင်မှာ ကိုယ်လိုချင်လို့ကြိုးစားနေတဲအရာတွေထက် ပိုမိုတန်ဖိုးကြီးမားတဲ့အရာတွေ၊ ပိုမိုမြင့်မားတဲ့ အခွင့်အရေးတွေဆိုတာရှိတတ်စမြဲမို့ အာရုံစူးစိ
-
ဒီနေ့အတွက်စကား
26/07/2019 Duration: 03minIf you want to be strong, learn how to fight alone. ဘဝဆိုတဲ့ခရီးလမ်းတစ်လျှောက်မှာခရီးသွားတဲ့သူတိုင်းတိုက်ပွဲဆန်ဆန်ပြဿနာတွေ ကိစ္စရပ်တွေကိုဖြေရှင်းရပါတယ်။ ဒါက လူသားတိုင်းလူသားတိုင်းတွေ့ကြုံရမယ့် ဘဝရဲ့ စမ်းသပ်မှုတွေပါပဲ။ ဘဝရဲ့တိုက်ပွဲတွေကိုရင်ဆိုင် တဲ့နေရာမှာလိုအပ်တဲ့သန်မာမှုမျိုးကိုတိုက်ရင်းနဲ့ ပြဿနာတွေကိုဖြေရှင်းရင်းနဲ့ ရရှိနိုင်ပါလိမ့်မယ်။ ဘဝရဲ့ အတွေ့ အကြုံဆိုတဲ့ သူတပါးတွေပေးလို့မရတဲ့ ကိုယ်တိုင်ရယူမှရနိုင်မယ့်အရာပါ။ လောကမှာရှင်သန်နေတဲ့သူတိုင်းကိုယ်က စပျစ်သီးစားချင်ရင် စပျစ်ပင်စိုက်ချင်စိုက် မစိုက်နိုင်ရင် စပျစ်သီးကို ဝယ်နိုင်တဲ့ ငွေကြေးပမဏာကိုရှာဖွေရပါမယ်။ ကိုယ့်ရဲ့ လိုချင်မှုတွေ လိုအပ်မှုတွေကိုကိုယ်တိုင် ဖန်တီးရယူနိုင်စွမ်းရှိရပါမယ်။ တပါးသူကိုအားကိုးတတ်တဲ့သူတွေဟာလူပျော့ လူညံ့တွေဖြစ်ပါတယ်။ တကယ်တော့ ဘယ်လိုကိစ္စမျိူးမှာပဲဖြစ်ဖြစ် တပါးသူကို အားကိုးအားထားပြုလွန်းတာကမကောင်းပါဘူး။
-
Knowledge For All
25/07/2019 Duration: 15minပြိုင်ဆိုင်မှုပြင်းထန်လာတဲ့ ခေတ်သစ် ဝေဟင်ထဲမှာ အားလုံး အားလုံး ပါဝင်မျောလွင့်နိုင်ဖို့အတွက် Knowledge တွေ အတောင်တပ်ဆင်ပေးမယ့် Knowledge For All ...
-
ဒီနေ့အတွက်စကား
25/07/2019 Duration: 03minTo understand the heart and mind of a person, look not at what he has already achieved, but at what he aspires to do. ဒီနေ့အတွက်စကား လူ့လောကရဲ့ ခက်ခဲနက်နဲလှတဲ့ပညာရပ်တွေထဲမှာပေါင်းသင်းဆက်ဆံရေးဆိုတာလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ပေါင်းသင်းဆက်ဆံရေးကောင်းမွန်ခြင်းဆိုတာအလုပ်အကိုင်ကောင်းမွန်စေရေးအတွက်ကိုအရေးပါအရာရောက်တဲ့ကိစ္စတစ်ခုလည်းဖြစ်တဲ့အတွက် အရေးကြီးတဲ့ ကိစ္စရပ်တစ်ခုလို့လည်းဆိုနိုင်ပါတယ်။ အရေးကြီးတဲ့ ပေါင်းသင်းဆက်ဆံရေးမှာ ကိုယ်ပေါင်း သင်းဆက်ဆံရမယ့် လူတစ်ယောက်ရဲ့စိတ်နေစိတ်ထားကိုသိမြင်နားလည်ထားဖို့ဆိုတာကလည်းအရေးပါလှပါတယ်။ သူ့စိတ်နေစိတ်ထားကိုသိမြင်ထားတယ်ဆိုရင် ပေါင်းသင်းဆက်ဆံတဲ့အခါမှာအဆင်ပြေချောမွေ့မှုကိုရရှိပါလိမ့်မယ်။ ဒါဆိုရင် လူတစ်ယောက်ရဲ့ အတွင်းစိတ်နေစိတ်ထားကိုဘယ်လိုကြည့်ရင်မြင်နိုင်မှာပါလဲ။ တကယ်တော့ လူတိုင်းအလွယ်တကူမြင်နိုင်တာ ကတော့ သူ့ရဲ့ပြင်ပသွင်ပြင်လက္ခဏာတွေနဲ့အတူသူ့ရဲ့အမူအကျင့်ပါ။ သူ့ရဲ့သမိုင်းကြောင်းမှာလဲသူဘာတွေလုပ်ဆောင်ထားပြီးပြီလဲ။ သူ့ရဲ့ အောင်မြင်မှု ကျဆုံးမှုတွေကဘာတွေလဲဆိုတာကို ကြည့်နိုင်ပါတယ်။ ဒါပေမယ့် ဒါတွေကိုသိမြင်ရုံနဲ့ သူ့ရဲ့စိတ်နေစိတ်ထားနဲ့ နှလုံးသားကို မြင်နိုင်သိနိုင်ပြီလို့ တွေးထင်ထားရ
-
-