Padamyar FM
ဒီနေ့အတွက်စကား
- Author: Vários
- Narrator: Vários
- Publisher: Podcast
- Duration: 0:03:00
- More information
Informações:
Synopsis
ဒီနေ့အတွက်စကား Discussion are always better than arguments, because an argument is to find out who is right, and a discussion is to find what is right. ဒီနေ့အတွက်စကား ပေါင်းသင်းဆက်ဆံရေးနဲ့ပတ်သက်ပြီးသတိထားရမယ့်အချက်တစ်ခုကိုပြောပြထားတာဖြစ်ပါတယ်။ ကျွန်တော်တို့တတွေ လောကမှာရှင်သန်နေရင်းနဲ့ အမျိုးမျိုးသောလူပေါင်းများစွာနဲ့ တွေ့ဆုံကြရပါတယ်။ အဲဒီလိုအမျိုးမျိုး အထွေထွေသောလူတွေကရှင်သန်ကြီးပြင်းရာနောက်ခံတွေလည်းမတူညီကြသလိုခံယူချက်ခြင်းအယူအဆခြင်းတွေမှာလည်းထပ်တူညီခြင်းဆိုတာဘယ်နည်းနဲ့မှမရှိနိုင်ပါဘူး။ ကိုယ့်ဘက်ကအမြင်နဲ့သူ့ဘက်ကအမြင်ဆိုတာတစ်ခါ တစ်ရံမှာတော့ ဆန့်ကျင်ဘက်တွေတောင်ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ တကယ်တော့ ကိုယ်ပိုင်ဆိုင်ထားတဲ့ လက်ချောင်းတွေတောင်မှ အရှည် အတို အပိန်အဝမတူညီသလို မွေးဖွားလာတာခြင်းလည်းမတူတဲ့ သူစိမ်းလူနှစ်ယောက် အတွေးတွေ မတူတာကထူးဆန်းတဲ့ အဖြစ်အပျက်တော့ မဟုတ်ပါဘူး။ ဒီလိုနဲ့ မတူညီတဲ့ အတွေးအခေါ်တွေ၊ ထင်မြင်ယူဆချက်တွေကြောင့်ပဲလောကမှာကွာဟမှုတွေဆိုတာရှိနေတာပါ။ အဲဒီလိုကွာဟမှုတွေကပဲအငြင်းအခုံတွေကို ဖြစ်စေပြန်ပါတယ်။ ဒီလိုမတူညီတဲ့ ရှူထောင့်ကနေ မြင်တတ်ကြတဲ့ သူတွေ ငြင်းကြခုံကြတာကသာမန် ဖြစ်ရိုးဖြစ်စဉ်ဆိုတာထက် ပိုပြီး ကြီ