Padamyar FM
ဒီနေ့အတွက်စကား
- Author: Vários
- Narrator: Vários
- Publisher: Podcast
- Duration: 0:03:00
- More information
Informações:
Synopsis
Haters don’t really hate you. They hate themselves, because you’re a reflection of what they wish to be. လောကရဲ့ရှုပ်ထွေးပွေလီတဲ့ကိစ္စရပ်တွေထဲကတစ်ခုအပါအဝင်ဖြစ်တဲ့ပေါင်းသင်းဆက်ဆံရေးမှာသိထားသင့်တဲ့အချက်တစ်ခုပါဝင်နေတဲ့စကားတစ်ခွန်းပါ။လောကမှာကိုယ်နဲ့ပေါင်းသင်းဆက်ဆံနေရတဲ့သူတွေထဲမှာကိုယ့်ကိုလိုလိုလားလားခင်ခင်မင်မင်ပေါင်းသင်းတဲ့သူတွေလည်းရှိသလိုကိုယ့်ကိုမလိုတမာစိတ်နဲ့အမြဲတမ်းကြည့်နေတဲ့ရန်သူတွေဆိုတာလည်းရှိနိုင်ပါတယ်။ကိုယ်ကိုချစ်တဲ့သူတွေလည်းရှိနိုင်သလိုကိုယ့်ကိုမုန်းတဲ့သူတွေလည်းရှိနေမှာပါပဲ။ဒါပေမယ့်အဲဒါကိုကိုယ့်ကိုအားလုံးကချစ်အောင်ဆိုပြီးကိုယ်ကအတင်းကြီးလုပ်ယူနိုင်မှာလည်းမဟုတ်သလိုလုပ်ယူတာမျိုးလည်းမလုပ်ပါနဲ့။ ချစ်တဲ့သူကချစ်မှာဖြစ်သလိုကိုယ်ဘယ်လိုပဲကြိုးစားကြိုးစားမုန်းတဲ့သူကမုန်းနေမှာပါပဲ။အဓိကကိုယ့်အနေနဲ့ကိုယ့်ကိုချစ်ခင်တဲ့မိတ်ဆွေစစ်မိတ်ဆွေမှန်တွေကိုယ့်ကိုမမုန်းသွားအောင်သာဆင်ခြင်နေထိုင်သင့်ပါတယ်။ဒီလိုပဲ။ကိုယ့်ကိုမုန်းတယ်ဆိုတဲ့နေရာမှာလည်းဘယ်လိုအကြောင်းကြောင့်မုန်းနေလဲဆိုတာကိုတော့သိအောင်ကြိုးစားသင့်ပါတယ်။တကယ်လို့များကိုယ့်ရဲ့အပြုအမူအပြောအဆိုလုပ်ရပ်တွေကြောင့်များမုန်းနေတာဆိုရင်တော့ကိုယ့်ဘက်ကပြင်သင့်တာကိုပြင်လိုက်ပါ။မုန်းစ