Padamyar FM
ဒီနေ့အတွက်စကား
- Author: Vários
- Narrator: Vários
- Publisher: Podcast
- Duration: 0:03:00
- More information
Informações:
Synopsis
The quality of our life depends on how we interpret what is happening around us. ဒီစကားထဲမှာဆိုရင် ကျွန်တော်တို့ဘဝရဲ့ အရည်အသွေးဆိုတဲ့စကားပါဝင်နေပါတယ်။ ကျွန်တော်တို့ဘဝရဲ့အရည်အသွေး ဆိုတာဘာကိုဆိုလိုပါသလဲ။ ခေတ်မှီနောက်ဆုံးပေါ်ပညာရပ်တွေကိုထုံးလိုချေရေလိုနှောက်တတ်ကျွမ်းခြင်းကိုဆိုလိုတာလား။ ဒါမှမဟုတ် အကောင်းတကာ့အကောင်းဆုံးသောအရာတွေကိုသုံးနိုင်ပြီးလက်ညှိုးညွှန်ရာရေဖြစ်တဲ့အထိအောင်မြင် ချမ်းသာ ခြင်းကိုဆိုလိုတာလား။ အဲဒါတွေလိုတွေးထင်ထားမယ်ဆိုရင်တော့ လွဲမှားသွားပါလိမ့်မယ်။ လူတစ်ယောက်ရဲ့ တကယ့် အရည် အသွေးစစ်ဆိုတာအဲဒီလူတစ်ယောက်ရဲ့ စိတ်နေစိတ်ထားအရင်းခံပေါ်မှာပဲမူတည်နေတာပါ။ ဘယ်လောက်ပဲပညာတတ်တတ်၊ စိတ်ထားမကောင်းတဲ့သူ၊ ဘယ်လောက်ပဲချမ်းသာချမ်းသာစိတ်ထားရုပ်ညံ့တဲ့သူ၊ အဲဒီသူတွေ က တကယ်တော့ အလကားပါပဲ။ ပညာတတ်ပေမယ့် တတ်ထားတဲ့ပညာမာနနဲ့ထောင်လွှားနေမယ်ဆိုရင် အဲဒီလူရဲ့အရည်အသွေးဟာ ကောင်းတဲ့လို့သတ်မှတ်လို့ကိုရမှာမဟုတ်ပါဘူး။ တစ်ခုရှိတာကတော့ ပညာတတ်ထားတဲ့အတွက် အဲဒီပညာကိုအတွေးအခေါ်ပိုင်း မှာထည့်သွင်းအသုံးပြုပြီးစိတ်ထားလေးကိုထိန်းနိုင်ရင်တော့ အကောင်းဆုံးဖြစ်မှာပါ။ ပြောချင်တာကတော့ ကိုယ်တတ်ထားတဲ့ ပညာ၊ ကိုယ်ဝတ်ထားတဲ့ဝတ်ကောင်းစားလှ၊ ကိုယ့်မှာရှိတဲ့ ပိ