Padamyar FM

ဒီနေ့အတွက်စကား

Informações:

Synopsis

You can’t change how people treat you or what they say about you. All you can change is how you react to it. ပြောင်းလဲခြင်း၊ တကယ့်ကိုမှ လောကမှာထပ်မံ လို့အရေးပါနေတဲ့ အချက်တစ်ခုပါ။ ဘာလို့လည်းဆိုတော့ လူတွေကတပါးသူ တွေကိုလွှမ်းမှိုးပြောင်းလဲနိုင်ဖို့ အကြိုးစားဆုံးလူတွေ ဖြစ်နေလို့ပါပဲ။ ဒါပေမယ့် ပြောင်းလဲ တယ်ဆိုတဲ့နေရာကောင်းမွန်တဲ့နေရာ၊ ကောင်းမွန်တဲ့ရည်ရွယ်ချက်၊ ကောင်းမွန်ပြီး ဓမ္မဓိဌာန် ကျကျ စိတ်ဓါတ် နဲ့ ပြောင်းလဲနိုင်ဖို့လိုပါတယ်။ ထို့နည်းတူစွာပဲ သူများကိုပဲ ပြောင်းလဲဖို့ကြိုးစားနေမယ့်အစားမိမိကိုယ်တိုင်ရော ဘယ်လိုပြောင်းလဲဖို့ လိုနေတယ် ဆိုတာကိုလည်း သိမြင်အောင်လုပ်ရပါ မယ်။ လူတိုင်းလူတိုင်း ပြီးပြည့်စုံနေမှာမဟုတ်တဲ့အတွက် သူများတွေမှာလည်းပြောင်းလဲ ရမယ့်အချက်တွေရှိသလိုကိုယ့်မှာလည်းပြောင်းလဲရမယ့် အချက်တွေ၊ မပြည့်စုံမှုတွေရှိကိုရှိနေမှာ ပါ။ ဒါကြောင့် ကိုယ့်ကိုကိုယ် အရင်ပြောင်းလဲဖို့ကြိုးစားပါ။ အထူးသဖြင့် ပြောင်းလဲမှုတွေနဲ့ရှေ့ကိုလှမ်းနေတဲ့ ကျွန်တော်တို့ဒီနိုင်ငံ မှာစည်းမဲ့ကမ်းမဲ့ အမှိုက်ပစ်တာ၊ လွယ်လင့်တကူတံတွေးထွေးတာ၊ အများပြည်သူရှိနေတဲ့နေရာမှာဆေးလိပ်သောက်တာ၊ အများ နဲ့သက်ဆိုင်တဲ့နေရာတွေ၊ တားမြစ်ထားတဲ့နေရာတွေမှာအညစ်အက