Padamyar FM

ဒီနေ့အတွက်စကား

Informações:

Synopsis

Be yourself no matter what. Some will adore you and some will hate everything about you. But who cares? It’s your life. လောကမှာလူသားအချင်းချင်းတွေ့ဆုံပေါင်းသင်းဆက်ဆံရေးမှာကိုယ့်အပေါ်ကောင်းမွန်တဲ့ချစ်ခင်တဲ့သူတွေလည်းရှိမယ်။ ကိုယ် တိုးတက်သွားမှာကိုမနာလိုမရှုစိမ့်တဲ့သူတွေလည်းရှိမယ်။ ကိုယ်ဘယ်လောက်ပဲအကောင်းတွေလုပ်နေလုပ်နေမကောင်းမြင် နေမယ့် ကိုယ်လုပ်သမျှ မုန်းတီးနေမယ့်သူတွေလည်းရှိကြမှာပါ။ ဒါကတော့ လောကရဲ့ဖြစ်ရိုးစဉ်လာတစ်ခုဖြစ်တဲ့ လူအမျိုးမျိုး စိတ်အထွေထွေဆိုတဲ့ စကားအတိုင်းပါပဲ။ တစ်ချို့တွေကတော့ ဒါတွေကိုတအားဂရုစိုက်တတ်ကြပါတယ်။ ကိုယ့်အပေါ် လူတွေ မချစ်ခင်မှာကိုယ့်ကိုလူတွေမုန်းသွားမှာအဲဒီလိုတွေ တွေးပြီးအောက်ကျို့ခံပေါင်းသင်းလို့ ကိုယ့်ရဲ့လုပ်ငန်းဆောင်တာတွေကို ထိခိုက်တဲ့အထိဖြစ်ကြတဲ့သူတွေပတ်ဝန်းကျင်မှာ ရှိကြပါတယ်။ တကယ်တော့ ကိုယ့်ကိုမုန်းမယ့်သူကကိုယ်သူတို့အတွက် ဘာတွေပဲကောင်းအောင်လုပ်ပေးလုပ်ပေးမုန်းတီးနေမှာပါ။ ကိုယ့် အပေါ်မကောင်းမြင်နေတဲ့သူကိုလည်း ခယဝတ်တွားပြီး ဆက်ဆံနေစရာမလိုပါပဲ။ တကယ်တမ်းလိုအပ်တာကိုဘယ်သူ့ကိုမဆို လူလူချင်းကိုယ်ချင်းစာတရားနဲ့ဆက်ဆံတတ်ဖို့ကအထူးအရေးကြီးပါတယ်။ သူတပါးစိတ်ထိခိုက်စေမယ့် စကားတွေမပြောဖို့၊ သူတပါးန