Padamyar FM
ဒီနေ့အတွက်စကား
- Author: Vários
- Narrator: Vários
- Publisher: Podcast
- Duration: 0:03:00
- More information
Informações:
Synopsis
The one who falls and gets up is so much stronger than the one who never fell. လောကမှာတွေ့ကြုံရတဲ့ပြိုင်ပွဲတွေကိုယှဉ်ပြိုင်တဲ့အခါမှာပဲဖြစ်ဖြစ်၊ စာမေးပွဲတစ်ခုကိုဖြေဆိုတဲ့အခါမှာပဲ ဖြစ်ဖြစ်၊ အခက်အခဲတိုက်ပွဲတွေကိုရင်ဆိုင်တဲ့အခါမှာပဲဖြစ်ဖြစ် ရလာဒ်ကတော့ အနိုင်နဲ့အရှုံးနှစ်ခုပဲရှိပါတယ်။ မပြိုင်ခင်အချိန်မှာဘယ်လိုပဲ ကိုယ့်ဘက်ကနေရေကုန်ရေခမ်းကြိုးစားကြိုးစားရလာဒ်တိုင်းကတော့ ကိုယ်ဖြစ်စေချင်တဲ့အတိုင်းဖြစ်ချင်မှ ဖြစ်နိုင်မှာပါ။ အနိုင်နဲ့အရှုံးနှစ်ခုထဲကတစ်ခုကိုရွေးဆိုရင် လူတိုင်းကတော့ အနိုင်ကိုပဲလိုချင်ကြမှာပါ။ ဒါပေမယ့် လူတိုင်းအနိုင်ရဖို့ဆိုတာက တော့ မလွယ်ကူလှပါဘူး။ အနိုင်ရဖို့အတွက် ဇွဲ၊ လုံ့လ၊ ဝီရိယနဲ့ ကြိုးစားအားထုတ်မှုတွေ၊ စိတ်အားထက်သန်စွာနဲ့ အားစိုက်ထုတ်မှု တွေ အများကြီးအပြင် ကံတရားဆိုတဲ့အချက်ကိုလည်းမေ့မထားသင့်ပါဘူး။ ကံမရှိရင်ဉာဏ်ရှိတိုင်းလည်းမွဲတတ်ပါတယ်။ ဒါပေမယ့် အရာအားလုံးမှာကံတရားကိုပဲလွဲချပြီးကိုယ့် ဘက်ကမကြိုးစားဘဲနေတာမျိုးတော့ မဖြစ်သင့်ပါဘူး။ ကံတရားက ဘယ်လိုအခြေအနေမှာရှိနေမယ်ဆိုတာမမြင်နိုင်တဲ့အတွက် ကိုယ့်ဘက်ကကံကောင်းလာမယ့်အချိန်၊ ကံတရားမျက်နှာသာပေး လာမယ့်အချိန်မှာအဆင်သင့်အနေအထားမျိုးရောက်နေအောင် ပြင်ဆင်ထားဖို့လို