Padamyar FM

ဒီနေ့အတွက်စကား

Informações:

Synopsis

Life is like coin. Pleasure and pain are the two sides. Only one side is visible at a time. But remember other side is waiting for its turn. ဒီစကားကတော့ ဘဝနဲ့သက်ဆိုင်တဲ့ အမှန်တရားကိုပြောပြထားတဲ့စကားတစ်ခွန်းဖြစ်ပါတယ်။ကျွန်တော်တို့ရှင်သန် နေထိုင်နေတဲ့ လူသားဘဝဆိုတာ ဒီစကားထဲကအတိုင်းပါပဲ။ ဒင်္ဂါးပြားတစ်ခုနဲ့ဆင်တူနေပါတယ်။ ဒင်္ဂါးပြားမှာမျက်နှာနှစ်ဘက် ရှိသလိုပဲ ကျွန်တော်တို့အတွက် ဘဝတစ်လျှောက်မှာလည်းခံစားချက်အစွန်းနှစ်ဖက်ရှိလို့နေပါတယ်။ ပျော်ရွှင်ကြည်နူးဖွယ်ရာသာယာမှုများနဲ့ နာကျင်ခံစားစရာတွေကတစ်ခုမဟုတ်တစ်ခုတစ်မျိုးမဟုတ်တစ်မျိုးအမြဲတမ်းဆိုသလိုရှိနေတတ်ပါတယ်။အဲဒါ ကိုပဲ ဘဝလို့ခေါ်ပါတယ်။ အဲဒီစကားလုံးနှစ်လုံးထဲနဲ့ဖွဲ့တည်ထားတဲ့ ဘဝဆိုတဲ့အရာကို ကျွန်တော်တို့တတွေ ရှင်သန်ရုန်းကန်နေ ကြရပါတယ်။ အဲဒီလိုရုန်းကန်နေရင်းနဲ့ပဲအတွေ့အကြုံတွေလည်းရလာမယ်။ ကိုယ်ကြုံရတဲ့ အတွေ့အကြုံကကိုယ့်အတွက် ပျော်ရွှင်စေနိုင်တာမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်သလိုကိုယ့်အတွက် ခါးသီးတဲ့ နာကျင်စရာအဖြစ်အပျက်လည်းဖြစ်ကောင်းဖြစ်နေမှာပါ။ ဒီနေရာမှာသိထားရမှာကတော့ ဘဝဆိုတာ အရှေ့ကပြောခဲ့သလိုဒင်္ဂါးပြားတစ်ချပ်လိုပဲရှိနေတယ်ဆိုတာကိုမေ့မထားပါနဲ့။ ဘဝဆိုတာ ဒင်္ဂါးပြားတစ်ခုလိုပ