Padamyar FM

ဒီနေ့အတွက်စကား

Informações:

Synopsis

f you do right, no one remembers. If you do wrong, no one forgets. သင့်အမှန်ကိုလုပ်ဆောင်တာကိုဘယ်သူကမှ သတိရမှာမဟုတ်ပေမယ့် သင်သာအမှားလုပ်ခဲ့တယ်ဆိုရင်တော့ ဘယ်သူကမှ မေ့မှာမဟုတ်ပါဘူးတဲ့။ ဒီစကားကတော့ လောကမှာ ဖြစ်ရိုးဖြစ်စဉ်တစ်ခုကိုပြောပြထားတဲ့စကားတစ်ခွန်း ဖြစ်ပါတယ်။ လောကရဲ့ အမှန်တရားတစ်ခုလို့လည်းပြောလို့ရပါတယ်။ တကယ်လို့သာ ကျွန်တော်တို့ဘဝမှာ ဘယ်လောက်ပဲကောင်းတာတွေကိုလုပ်ခဲ့လုပ်ခဲ့ လူတော်တော်များများကသတိတရရှိနေမှာမဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့သာအမှားအယွင်းတစ်ခုကိုလုပ်ဆောင်မိလိုက်တာနဲ့ အဲဒီအဖြစ်အပျက်ကိုတော်တော်များများကသတိရနေမှာပါ။ ဘာလို့လည်းဆိုတော့ လူတွေကကောင်းမွန်တဲ့အဖြစ်အပျက်တွေထက် ဆိုးဝါးတဲ့ အမှားအယွင်းကိစ္စတွေကိုပိုပြီးတော့ မှတ်မိနေတတ်တဲ့သဘောမှာရှိလို့ပါ။ ဒါပေမယ့် မှားသွားလေမလား။ မှားသွားရင် ကိုယ့်ကိုအပြစ်ပြောနေကြမလားဆိုပြီးကိုယ်လုပ်စရာရှိတာကိုတော့ ဘယ်တော့မှ လက်တွန့်ပြီးနေစရာမလိုအပ်ပါဘူး။ တကယ်တော့ ကိုယ့်ဘဝကို ကိုယ်တိုင်ပဲစီမံရတာပါ။ လောကမှ ဘယ်ကိစ္စမှာပဲဖြစ်ဖြစ် ချီးမွန်း၇ရက် ကဲ့ရဲ့၇ရက်ဆိုတာကို ဘယ်တော့မှ မေ့မထားပါနဲ့။ လူသားမှန်ရင် ဘယ်သူကမှ ရာနှုန်းပြည့် ပြည့်စုံကောင်းမွန်နေခြင်းမရှိတဲ့အတွက် လူသားတိုင်းမှား