Padamyar FM
ဒီနေ့အတွက်စကား
- Author: Vários
- Narrator: Vários
- Publisher: Podcast
- Duration: 0:03:00
- More information
Informações:
Synopsis
The fear you build in your mind is worse than the situation that actually exists. ဒီစကားလေးကတော့ကိုယ့်ရဲ့ကြောက်ရွံ့စိတ်ကြောင့်လုပ်ငန်းဆောင်တာတွေနှောင့်နှေးနေတတ်တဲ့သူတွေအတွက်သတိပေးထားတဲ့စကားပါ။အမေရိကန်လူမျိုးစိတ်ဓါတ်မြှင့်တင်ရေးစာရေးဆရာ Nick Matthews ပြောပြထားတဲ့စကားပါ။ကျွန်တော်တို့ရဲ့စိတ်ထဲမှာဖြစ်တည်နေတဲ့ကြောက်ရွံ့စိတ်က အပြင်လက်တွေ့မှာကျွန်တော်တို့ရင်ဆိုင်ရတဲ့ အခက်အခဲအတားအဆီးထက်ကို ပိုပြီးတော့ဆိုး နေတတ်ပါတယ်။ တကယ်တမ်းအခက်အခဲအတားအဆီးတွေကိုဖြတ်ကျော်ပြီးလိုက်တဲ့အခါမှာတော့တကယ်တမ်းကိုယ်ရဲ့ကြောက်ရွံ့မှုဖြစ်ခဲ့ရသလောက်မဟုတ်ပါလားဆိုတာကိုသိလာပါလိမ့်မယ်။ လူတစ်ချို့တွေကရှိပါတယ်။ဘာဆိုဘာမှမစရသေးခင်မှာကိုဖြစ်ပါ့မလား။ကိုယ်လုပ်လိုက်လို့တစ်ခုခုအဆိုးများဖြစ်သွားမလားဆိုပြီးကြောက်ရွံ့တတ်ကြပါတယ်။တစ်ချို့ကတော့လည်းတခြားပြင်ပကလူတွေရဲ့အသားလွတ်ခြိမ်းခြောက်မှုပယောဂတွေကြောင့်လုပ်ကိုင်လုဆဲဆဲအချိန်အထိချီတုံချတုံဖြစ်ပြီးအကြောက်လွန်ခြင်းရဲ့ရလာဒ်အနေနဲ့နောက်ဆုံး မှာ ဘာမှမလုပ်ကိုင်ဖြစ်တော့တဲ့အထိဖြစ်တတ်ပါတယ်။ တကယ်တော့ကိုယ့်ရဲ့စိတ်ထဲမှာရဲရင့်ပြတ်သားခြင်းဆိုတာကိုအဲဒီကြောက်ရွံ့စိတ်က ဖုံးလွှမ်းသွားပြီးနောက်ဆုံးမှာ ကိုယ့်ကိုအောင်မြင်ပြီး မြောက်မှ