Padamyar FM

ဒီနေ့အတွက်စကား

Informações:

Synopsis

It’s never too late to start over. If you weren’t happy with yesterday try something different today. Don’t stay stuck. Do better. တချို့သောအတိတ်ရဲ့ဝဲဂယက်ကနေရုန်းမထွက်နိုင်တဲ့သူတွေအတွက်ဝေမျှပေးခဲ့တာလည်းဖြစ်ပါတယ်။မကောင်းမှန်းသိသိကြီးနဲ့မကောင်းတာကိုဆက်လုပ်နေသေးတဲ့သူတွေ၊ကိုယ့်ဘဝကိုနစ်သထက်နစ်မွန်းအောင်လုပ်နေတဲ့သူတွေသိထားသင့်တဲ့စကားပါ။အသစ်တစ်ခုပြန်လည်စတင်ဖို့အတွက်ဘယ်တော့မှနောက်မကျပါဘူး။သင်အနေနဲ့မနေ့ကအဖြစ်တွေကိုသဘောမကျရင်ဒီနေ့မှာမတူတဲ့အရာတစ်ခုကိုကြိုးစားကြည့်ပါ။အတိတ်ရဲ့နွံထဲနစ်မနေပါစေနဲ့။ပိုကောင်းရင်လုပ်သာလုပ်ပါတဲ့။ တစ်ခါတစ်လေမှာကျွန်တော်တွေအနေနဲ့နဂိုအနေအထားတစ်ခုကနေပြောင်းလဲလိုက်ရမှာကိုဝန်လေးတတ်ကြပါတယ်။ပြောင်းလဲလိုက်ရင်ကောင်းသွားနိုင်ရင်တောင်မှပြောင်းလဲဖို့အရေးကိုခြေတုန်ချတုန်စဉ်းစားရင်းနောက်ဆုံးမပြောင်းလဲဘဲဒုံရင်းကဒုံရင်းရှိနေတတ်ပါတယ်။