Padamyar FM
ဒီနေ့အတွက်စကား
- Author: Vários
- Narrator: Vários
- Publisher: Podcast
- Duration: 0:03:00
- More information
Informações:
Synopsis
Trust yourself. You’ve survived a lot. You’ll survive whatever is coming your way. ဒီနေ့အတွက်စကား သင့်ကိုသင်ယုံကြည်မှုရှိပါ။ သင်အများကြီးအောင်မြင်အောင်ကျော်ဖြတ်နိုင်ခဲ့တယ်။ သင့်ဆီထပ်လာဦးမယ် ဘယ်လိုအရာကိုပဲ ဖြစ်ဖြစ် သင်ဖြတ်ကျော်နိုင်ပါလိမ့်ဦးမယ်တဲ့။ ဒီစကား ကတော့ လောကမှာဖြစ်လေ့ဖြစ်ထရှိတဲ့ စိန်ခေါ်မှုတွေ၊ ပြဿနာတွေကို ဖြေရှင်းတဲ့အခါမှာ ကိုယ့်ကိုကိုယ်ယုံကြည်မှုထားဖို့ အတွက် သတိပေးထားတဲ့စကားတစ်ခွန်းပါ။ လောကအလယ်မှာ ရှင်သန် ရုန်းကန်နေကြရတဲ့ ကျွန်တော်တို့လူသားတွေ အမြဲတမ်းအောင်မြင်နိုင်ဖို့လည်းမလွယ်သလိုအမြဲတမ်းတော့လည်း ကျရှုံး နေမှာ မဟုတ်ပါဘူး။ အောင်မြင်နေတဲ့သူကလည်း ကိုယ့်ရဲ့အောင်မြင်မှုနဲ့ထိုက်တန်တဲ့ပေးဆပ်မှု၊ အရည်အသွေးကို ထိန်းသိမ်းနိုင်မှု မရှိဘူးဆိုရင် အချိန်မရွေးကျရှုံးသွားနိုင်ပါတယ်။ ဒီလိုပါပဲ။ အောင်မြင်ဖို့အတွက် ကျားကုတ်ကျားခဲကြိုးစေနေတဲ့သူ အခုချိန်မှာ မအောင်မြင်သေးဘူးဆိုရင်တောင်မှ တစ်ချိန်မဟုတ် တစ်ချိန်မှာတော့ အောင်မြင်မှုကိုသိမ်းပိုက်နိုင်မှာပါ။ ငါ့ကျမှ ဘယ်လောက်ပဲကြိုးစားကြိုးစား အောင်မြင်မလာဘူးဆိုတဲ့ စိတ်ပျက် လက်ပျက်အတွေးတွေကိုစိတ်ထဲကနေ ထုတ်ထား လိုက်ပါ။ ကိုယ်ပေးဆပ်သလောက် ရလိုက်တဲ့ ရလာဒ်မထိုက်တန်ဘူး ဆိုရင်