Padamyar FM

ဒီနေ့အတွက်စကား

Informações:

Synopsis

ဒီနေ့အတွက်စကား Sometimes the smallest step in the right direction ends up being the biggest step of your life. Tip toe if you must, but take the step. တစ်ခါတစ်ရံမှာလားရာကောင်းတဲ့ဘက်ကိုဦးတည်ထားတဲ့ ခြေလှမ်းသေးသေးလေးတစ်ခုကပဲသင့်ဘဝအတွက် အကြီးမားဆုံးသောခြေလှမ်းတစ်ခုဖြစ်စေနိုင်ပါတယ်။ ခြေဦးချပြီးလှမ်းစရာရှိတာကိုလှမ်းလိုက်ပါ။ဘဝအောင်မြင်ရေးအတွက်ကြိုးစားနေကြတဲ့သူတွေအတွက် လမ်းညွှန်စကားတစ်ခွန်းလည်းဖြစ်သလိုကိုယ်လျှောက်လှမ်းနေတဲ့ ခြေလှမ်းတွေကသေးသည်ဖြစ်စေ ကြီးသည်ဖြစ်စေကိုယ်သွားနေတဲ့ ဦးတည်ရာပေါ်မူတည်ပြီးပြောင်းလဲမှုတွေဖြစ်စေနိုင်တယ်ဆိုတာကိုပြောကြားထားတဲ့ စကားတစ်ခွန်းလည်းဖြစ်ပါတယ်။ လူသားဘဝရောက်ပြီဆိုတာနဲ့ ကိုယ့်ဘဝတစ်လျှောက်လုံးမှာသိန်းသန်းမကတဲ့ ခြေလှမ်းပေါင်းများစွာကိုလျှောက်လှမ်းနေရသလိုဘဲကိုယ့်ဘဝအတွက် တိုးတက်ရာတိုးတက်လမ်းကိုအရောက်လှမ်းနေကြတဲ့သူတွေချည်းပါပဲ။