Padamyar FM

ဒီနေ့အတွက်စကား

Informações:

Synopsis

You don’t have to defend or explain your decisions to anyone. It’s your life. Live it without apologies. ဒီနေ့အတွက်စကား ကျွန်တော်တို့တွေအနေနဲ့ မိတ်သင်္ဂဟပေါများခြင်းဆိုတာကောင်းမွန်တဲ့ မင်္ဂလာတစ်ပါးလို့မှတ်ယူထားကြတဲ့အတွက် လူချစ် လူခင်ပေါများမှု၊ ကိုယ့်မှာချစ်သူခင်သူများပြားမှုကိုလိုချင်ကြပါတယ်။ ဒီလိုနဲ့ အောက်ကျို့ပေါင်းသင်းတာမျိုး၊ အကြိုက်ဆောင် လိုက်ပြီးပေါင်းသင်းတာမျိုးလည်းဖြစ်တတ်သလိုအဲဒီတခြားသောသူတွေရဲ့စကားတွေကိုနားယောင်ပြီးကိုယ်လုပ်ရမယ့် အလုပ်တွေကိုမလုပ်တော့တာ၊ ဒါမှမဟုတ် ကိုယ်လုပ်တာတွေ မှားများမှားသွားလားဆိုပြီး သံသယဝင်တာမျိုးတွေဖြစ်တတ်ပါတယ်။ ကိုယ့်အနေနဲ့ ကိုယ့်ရဲ့ ကြိုးစားမှု၊ လုပ်ဆောင်မှု၊ ဆောင်ရွက်ချက်တွေရဲ့ အကျိုးဆက် ကောင်းခြင်းဆိုးခြင်းကိုကိုယ်တိုင်ပဲခံစားစရာရှိရင်ခံစားရမယ်။ စံစားစရာရှိရင်စံစားရမှာပါ။ ကိုယ်ကဆုံးဖြတ်ပြီးသားလုပ်ဆောင်ပြီးသားအရာတွေကိုမလုပ်ခင်ကတည်းကလည်းကိုယ်ပိုင် အသိဉာဏ်နဲ့ ဆင်ခြင်သုံးသပ်ရမှာပါ။ ကိုယ်တိုင်ကကောင်းမယ်ထင်လို့ လုပ်ပြီးတဲ့အရာတွေ အဆိုးတွေဖြစ်လာခဲ့ရင်လည်းကိုယ့်ဘာသာကိုယ်ပဲဖြေရှင်းရမှာပါ။ ကိုယ့်ဆုံးဖြတ်ချက်ကမှားတယ်ဆိုရင်တောင် ကိုယ့်ဘာသာကိုယ်ပဲအမှားကိုအမှန်ပြင်ရမှာပါ။ တခြား