Synopsis
Wherever you go PadamyarFM will be there with you...
Episodes
-
ဒီနေ့အတွက်စကား
01/02/2020 Duration: 03minWhen God gives you a new beginning, don’t repeat the old mistakes. အမှားနဲ့ လူသားမကင်းကြဘူးလို့ လူတွေကပြောလေ့ပြောထရှိပါတယ်။ အလုပ်တွေဆောင်ရွက် နေတဲ့လူသားတွေအနေနဲ့ဆိုရင် အမှားတွေကို မရည်ရွယ်ဘဲဖြစ်စေ လုပ်ဆောင်မိတတ်ကြတယ်လို့ အားလုံးကလည်း ယုံကြည် လက်ခံထားကြပါတယ်။ ဒါဟာလည်း မှန်သင့်သလောက် မှန်တဲ့စကားတစ်ခုပါပဲ။ ကျောက်ခေတ်ကနေစလို့ လူသားတွေ တီထွင် မှုတွေကိုလုပ်ဆောင်လာကြတယ်။ မှောင်မိုက်လွန်းတဲ့ ကျောက်ဂူအောင်းလူသားဘဝကနေ ကျောက်တုံးချင်းပွတ်တိုက်ခြင်းနဲ့ မီး ဆိုတဲ့အသုံးတည့်တဲ့အရာကို ရှာဖွေတွေ့ရှိခဲ့ကြတယ်။ ထို့အတူပဲ အသုံးမတတ်လွန်ကျူးသုံးစွဲမိရာကနေ တောမီးတွေလောင်ပြီး မလိုအပ်ဘဲ တစ်ချို့သောအရာတွေ လောင်ကျွမ်းပြာကျခဲ့ရတယ်။
-
ဒီနေ့အတွက်စကား
31/01/2020 Duration: 03minIf you love someone, set them free. If they come back they’re yours. If they don’t they never were. တစ်စုံတစ်ယောက်ကို တကယ်တမ်း ချစ်မြတ်နိုးတယ် ဆိုရင် ကိုယ့်အနားမှာရှိနေစေချင်တဲ့ အတ္တစိတ်တွေက လူတော်တော်များ များမှာဖြစ်ပေါ်တတ်ပါတယ်။ ချစ်တဲ့သူကို အနားမှာပဲ ခေါ်ထားချင်တယ်။ နေ့ရက်တွေကို အတူတူဖြတ်သန်းချင်တယ်။ အေး အတူပူအမျှနေထိုင်သွားချင်တယ်။ ဒါဟာ လူသားဆန်တဲ့ အတ္တစိတ်တစ်မျိုးပါပဲ။ အဲဒီလိုနဲ့ တကယ်တမ်းချစ်တဲ့သူကိုခွဲခွာရတော့ မယ်ဆိုရင် ပူဆွေးသောကတွေကိုခံစားရပါလိမ့်မယ်။ ဒါပေမယ့် သေသေချာချာစဉ်းစားကြည့်မယ်ဆိုရင် ကိုယ့်ချစ်တဲ့သူဆိုတာ လည်း လူသားတစ်ယောက်လို လွတ်လပ်တဲ့အရသာကို ခံစားပိုင်ခွင့် ကိုယ့်စိတ်နဲ့ကိုယ့်ကို နေထိုင်ချင်တဲ့စိတ်တွေရှိမှာပါပဲ။ ကိုယ်က ချစ်ခင်မြတ်နိုးလွန်းတဲ့စိတ်တစ်ခုတည်းနဲ့ ကိုယ့်အတ္တတစ်ခုကိုရှေ့တန်းတင်လို့ အနားမှာနေချင်သည်ဖြစ်စေ ထွက်သွား ချင်သည်ဖြစ်စေ ဂရုစိုက်တွေးမပေးတော့ဘဲ ကိုယ့် အနားမှာသာ ထာဝရခေါ်ထားမယ်ဆိုရင် သူတကယ်တမ်းမပျော်တဲ့အခါမှာ နှစ်ယောက်ကြားက ဆက်ဆံရေးကရော ကောင်းမွန် နိုင်ပါ့မလား။ သူ့ဘဝအတွက် သူကိုယ်တိုင်ဆုံးဖြတ်ချက်ချပိုင်ခွင့်မရှိတဲ့ နေရာမှာ ဘယ်သူတစ်ဦးတစ်ယောက်ကမှ ကြည်ကြည်ဖြူ ဖြူ ကျေကျေနပ်နပ် န
-
Songs In Yangon
30/01/2020 Duration: 18minပတ္တမြားFM ကို အားပေးနားဆင်နေကျသော ပရိသတ်များအားလုံး မင်္ဂလာပါ။သောတရှင်များ အတွက် အခုတခါ တင်ဆက်ပေးမယ့် အစီစဉ်လေး ကတော့ Songs In Yangon အစီအစဉ်ပဲ ဖြစ်ပါတယ်။ အပတ်စဉ် Monday နှင့် Thursday 8:00 PM တွင် စောင့်မျှော် နားဆင်နိုင်ပါတယ်........
-
ဒီနေ့အတွက်စကား
30/01/2020 Duration: 03minIf you don’t like where you are, move. You are not a tree. တစ်ရွာမပြောင်းသူကောင်းမဖြစ်တဲ့။ ကိုယ်ရောက်ရှိနေတဲ့နေရာတစ်ခုတည်းမှာပဲ ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှုမရှိဘဲ နေထိုင်နေရ၊ ရပ်တန့်နေရတဲ့သူတွေရည်ရွယ်ပြီးပြောထားတဲ့ ရှေးမြန်မာစကားပုံတစ်ခုပါ။ ကျွန်တော်တို့လူသားတွေမှာ တစ်ခါတစ်ရံမှာ ကံတရားရဲ့ ကျီစားမှုကြောင့် ကိုယ်နဲ့ မအပ်စပ်တဲ့နေရာမျိုးတွေမှာ နေထိုင်နေရ တာမျိုး၊ အလုပ်လုပ်ကိုင်နေရတာမျိုးတွေဖြစ်တတ်ပါတယ်။ တစ်ချို့သော ကိုယ့်စိတ်နဲ့ ထပ်တူမကျတဲ့လုပ်ငန်းခွင်တွေမှာ လုပ် ကိုင်ရင်းနဲ့ နေ့တွေလတွေနှစ်တွေသာ ကုန်ဆုံးသွားတယ်။ ကိုယ့်အနေနဲ့ လုပ်ကိုင်နေရတာလည်း သာမာန် တာဝန်ကျေရုံသာ စိတ်ထည့်နိုင်တယ်။ တခါတလေမှာ လုံးဝကို မလုပ်ချင်မကိုင် ချင်တဲ့စိတ်တွေက ကြီးစိုးလွန်းတဲ့အခါမှာ ကိုယ့်စိတ်ကိုကိုယ်ပဲ ဖိစီးမှုတွေဖြစ်စေနိုင်ပါတယ်။ အဲဒီလို လုပ်ငန်းခွင်မှာ ကျွန်တော်တို့ ဘာလို့ လုပ်ကိုင်နေရပါသလဲ။ ကိုယ့်စိတ်မပါတဲ့အလုပ်တစ်ခုမှာ ကိုယ်ရရှိထားတဲ့ ပညာ အရည်အချင်းကြောင့်ဖြစ်စေ၊ ဘဝပေးအ ခြေအနေအရဖြစ်စေ၊ အလုပ်တစ်ခုမလုပ်မဖြစ်တဲ့ စားဝတ်နေရေး အကြပ်အတည်း ကြောင့်ဖြစ်စေ လုပ်ကိုင်နေရတတ်ပါတယ်။ ဒီလိုနဲ့ လူ့ဘဝကို ပျင်းရိငြီးငွေ့ခြင်းများစွာနဲ့ ဖြတ်သန်းရင်း
-
ဒီနေ့အတွက်စကား
29/01/2020 Duration: 03minA stone is broken by the last stroke of hammer. This doesn’t mean that the 1st stroke is useless. Success is the result of continuous and persistent efforts. အောင်မြင်ခြင်း။ အင်္ဂလိပ်ဘာသာနဲ့ဆိုရင် Success၊ စကားလုံးကရှုပ်ထွေးခြင်းမရှိ၊ မှတ်ရလွယ်ကူပေမယ့် တကယ်တမ်း လက်တွေ့မှာ ရယူနိုင်ဖို့အတွက်တော့ တကယ့်ကိုမှ ခက်ခဲပါတယ်။ လောကမှာရှိတဲ့ သက်ရှိလူသားတိုင်း အောင်မြင်ခြင်းကို လိုချင်ကြပါတယ်။ အောင်မြင်တဲ့ဘဝကို ပိုင်ဆိုင်ချင်ကြပါတယ်။ အောင်မြင်တဲ့သူတွေလည်းအများကြီးရှိသလို အောင်မြင်ခြင်းကနေ သွေဖီပြီး ကျရှုံးခြင်းမှာပဲ တဝဲလည်လည်ဖြစ်နေတဲ့သူတွေ လည်း အများကြီးရှိပါတယ်။ တကယ်တော့ အောင်မြင်ခြင်းဆိုတာ ဘာလဲ။ အောင်မြင်ဖို့အတွက် အဓိကလိုအပ်တဲ့ သော့ချက်ကဘာလဲ။ ရှင်းရှင်းလေးပဲပြောရမယ်ဆိုရင် တော့ အောင်မြင်ချင်ရင် အရင်ဆုံး အောင်မြင်အောင်လုပ်ဆောင်နိုင်တဲ့စွမ်းအားလိုအပ်ပါတယ်။ အောင်မြင်စေဖို့ စွမ်းအားဆိုတာ ဘယ်လိုမျိုးပါလဲ။ အောင်မြင်တဲ့အထိ မဆုတ်မနစ်လုပ်ဆောင်ကြိုးပမ်းရမယ်။ လိုအပ်တဲ့ ဖြည့်တင်းစရာတွေကို ဖြည့်တင်းသိုမှီး မယ်။ ဘယ်လိုအခက်အခဲအတားအဆီးတွေကို တွေ့ကြုံနေရပါစေ။ လွယ်လင့်တကူ လက်မလျော့ဘဲ ကိုယ်ရောက်ချင်တဲ့နေရာ၊ ကိုယ်ဖြစ်ချင်တဲ့ကိစ္စ၊ ကိုယ
-
နိုင်ငံတကာသတင်းသုံးသပ်ချက်
27/01/2020 Duration: 11minပတ္တမြား FM ပရိသတ်များ အားလုံး မင်္ဂလာပါခင်ဗျာ ပတ္တမြား FM ကနေ တစ်ပတ်အတွင်း နိုင်ငံတကာသတင်းသုံးသပ်ချက် အစီအစဉ်ကို တင်ဆက်ပေးပါတော့မယ် ဒီနေ့ရဲ့ ပတ္တမြား FM ရဲ့ တစ်ပတ်အတွင်း နိင်ငံတကာသတင်းသုံးသပ်ချက် အစီအစဉ်မှာတော့ ပတ္တမြား FM မှ ကျွန်တော် ဇွဲမာန် နဲ့ အတူ ဒေါက်တာ တင့်ဆွေ (ပဲခူး) တို့က နိုင်ငံတကာအရေးတွေကို ဆွေးနွေးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ . . . . . . . . .
-
ဒီနေ့အတွက်စကား
27/01/2020 Duration: 03minTake every chance you get in life, because some things only happen once. အခွင့်အရေးကောင်းဆိုတာ ဘဝမှာအမြဲတမ်းမရနိုင်ပါဘူး။ အဲဒီလို အမြဲတမ်းမရနိုင်တဲ့ အခွင့်အရေးကောင်းကို ရပြီ ဆိုတာနဲ့ ကိုယ့်လက်ထဲကနေ လွတ်ထွက်မသွားရအောင်ကြိုးစားဖို့လိုပါတယ်။ အခွင့်အလမ်းကောင်း အခွင့်အရေးကောင်းဆိုတာ တစ်ခါ တစ်လေမှာ တစ်ကြိမ်တစ်ခါလောက်သာ လာတတ်သလို လာခဲတဲ့အရာဖြစ်လို့ပါ။ အခွင့်အရေးကောင်းဆိုတဲ့နေရာမှာ ဘယ်လို အရာတွေကို ပြောသလဲဆိုရင် ကိုယ်ဘဝရဲ့ ရှင်သန်နေထိုင်နေစဉ်အချိန်အတွင်းမှာ ဖြတ်သန်းလာသမျှ မိနစ်တိုင်း နာရီတိုင်းက ကိုယ့်အတွက် အခွင့်အလမ်းကောင်းတွေ ဖြစ်နိုင်ပါတယ်။ တက္ကသိုလ်ဝင်တန်းဖြေဆိုမယ့် ကျောင်းသားကျောင်းသူတွေအတွက် စာမေးပွဲမဖြေဆိုခင်အချိန်တွေ တိုင်းဟာ သူတို့အတွက် အခွင့်အလမ်းကောင်းပါပဲ။ ကိုယ်စွမ်းရှိသလောက်ကြိုးစားဖို့ အခွင့်အရေးတွေအများကြီးရှိပါတယ်။ ရသလောက်အချိန်မှာ စာတွေ ကို ကျေညက်နားလည်တဲ့ အထိ ကြိုးစားကျက်မှတ်မယ်ဆိုရင် စာမေးပွဲမှာလည်း ဉာဏ်စွမ်း ရှိသလောက်အစွမ်းကုန်ဖြေဆိုနိုင်ပြီး ထူးထူးချွန်ချွန်အောင်မြင်နိုင်မှာပါ။ အလုပ်အကိုင်ရှာဖွေနေရတဲ့သူ့အဖို့ အခွင့်အလမ်းကောင်းကတော့ ကောင်းမွန်တဲ့ကုမ္ပဏီ၊ အလုပ်မှာလုပ်ခွင့် အောင်မြင် တိုး တက်ဖိ
-
ဒီနေ့အတွက်စကား
26/01/2020 Duration: 03minConfidence doesn’t come when you have all the answers. But it comes when you are ready to face all the questions. မိမိကိုယ်ကိုယုံကြည်မှု လောကမှာ ရုန်းကန်လှုပ် ရှားနေကြတဲ့ လူသားတိုင်း လုပ်ငန်းဆောင်တာတွေလုပ်ဆောင်တဲ့နေရာမှာ မိမိကိုယ်ကိုယုံကြည်မှု ဆိုတာ မရှိမဖြစ်လိုအပ်ပါတယ်။ မိမိ ကိုယ်ကိုယုံကြည်မှုမရှိဘဲ လုပ်ဆောင်လိုက်တဲ့ အလုပ်ဆိုတာ ပြီးမြောက်သွားတယ် ဆိုရင် တောင်မှ ဆားမပါတဲ့ဟင်းလို ပေါ့ရွှတ်ရွှတ်ဖြစ်နေတတ်ပါတယ်။ တကယ်တော့ လုပ်ငန်းကိစ္စတစ်ခုအောင်မြင်အထမြောက်သွား စေဖို့က လုပ်ဆောင်ကြိုးပမ်းသူရဲ့ စိတ် ထဲမှာ ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ ယုံကြည်စိတ်က ရာခိုင်နှုန်းတော်တော်များများအရေးပါ ပါတယ်။
-
ဒီနေ့အတွက်စကား
25/01/2020 Duration: 03minRemember, without the difficult times in your life, you wouldn’t be who you are today. Be grateful for the good and the bad. ဒီနေ့အတွက်စကား လူရယ်လို့ဖြစ်လာရင် ဘဝရဲ့ အချိုးအကွေ့တိုင်းမှာ အခက်အခဲတွေ အတားအဆီးတွေဆိုတာကို မလွဲမသွေတွေ့ကြုံရမှာပါ။ ကောင်းတာချည်းကိုပဲ ရယူ ချင်လို့လည်းမရသလို ဆိုးတာတွေကိုပဲ အချိန်ပြည့်တွေ့ကြုံရမှာလည်းမဟုတ်ပါဘူး။ ဘယ်သူမှ ပန်းမွေ့ယာရွှေကော်ဇော်ပေါ်မှာ အချိန်ပြည့် မစံစားနိုင်သလို၊ မုန်တိုင်းထန်ပြီးတဲ့နေ့ရက်တွေအလွန်မှာ လေပြေလေညှင်းလေးတွေကို ထိတွေ့ခံစားခွင့်လည်းရှိကြပါတယ်။ အဓိကကတော့ ကိုယ်တွေ့ကြုံဖြတ်ကျော်နေရတဲ့ အခက်အခဲအတားအဆီးတွေ တစ်နည်းပြောရရင် စမ်းသပ်မှုတွေကို လွယ်လွယ်နဲ့ အရှုံးမပေးလိုက်ဖို့ပါပဲ။ ဟိုတစ်ကွေ့မှာ ဒီတက်နဲ့လှော်သင့်ရင်လှော်ရမယ်။ ဒီတစ်ကွေ့မှာတော့ ဟိုလှော်တက်နဲ့ လှော်သင့်ရင် လှော်ရမှာပါ။ အဓိကကတော့ ကိုယ်ရင်ဆိုင်နေရတဲ့အခက်အခဲကို သူနဲ့လျော်ညီတဲ့ဖြေရှင်းပုံဖြေရှင်းနည်း အတိုင်း ထိုက်တန်တဲ့အားစိုက်ထုတ်မှုနဲ့ ဉာဏ်ရှိရှိနဲ့ ဖြတ်ကျော်ဖြေရှင်းဖို့ပါပဲ။ ဖြေရှင်းတဲ့အခါမှာလည်း ဘယ်သောအခါမှာ လွယ်လင့် တကူ မပြီးဆုံးနိုင်တဲ့ အခက်အခဲတွေလည်း ဖြစ်ချင်ဖြစ်မယ်။ လွယ်လွယ်လေးနဲ့ ဖြေရှင်းနိုင်တဲ့ ပြဿနာ
-
ဒီနေ့အတွက်စကား
24/01/2020 Duration: 03minMaturity is not when we start speaking big things. It is when we start understanding small things. ရင့်ကျက်တည်ငြိမ်မှုဆိုတာ ဘယ်လိုအရာကိုခေါ်ဆိုပါသလဲ။ လောကမှာ အသက်ရှင်နေထိုင်နေကျတဲ့သူတွေကြားမှာ တစ်ဦးနဲ့တစ်ဦး ပြောဆိုဆက်ဆံတဲ့အခါမှာပဲဖြစ်ဖြစ် အကျိုးတူစီးပွားရေး လုပ်ကိုင်တဲ့အခါမျိုးမှာပဲဖြစ်ဖြစ် ရင့်ကျက်တည်ငြိမ်မှုဆိုတာ လိုအပ်ပါတယ်။ စကားတစ်ခွန်းကို ဘရွတ်ရွှတ်တပ် မဆင်မခြင် ပြောဆိုတတ်တဲ့အခါမှာ တပါးသူရဲ့အထင်အမြင်သေးခြင်းကိုခံရနိုင်တဲ့အပြင် ကိုယ့်အတွက်ကိုလည်း ဒုက္ခရောက်စေနိုင်တဲ့ အထိဖြစ်ပွားနိုင်ပါတယ်။ အလုပ်တစ်ခုကိုလုပ်ကိုင်တဲ့အခါမှာလည်း အရူးချီးပန်း လုပ်ချင်သလိုလုပ်ကိုင်ခြင်းဟာ ကိုယ့်အတွက်အနှုတ်လက္ခဏာကိုသာ ဖြစ်စေမယ့် အရည်အချင်းတစ်ခုပါ။ ဒါကြောင့် ဘယ်နေရာမှာပဲဖြစ်ဖြစ် ပြောတော့လုပ်တော့မယ်ဆိုရင် စဉ်းစားဆင်ခြင်ပြီးမှ လုပ်ကိုင်ရပါမယ်။ ပြောချင်ရာကို စွတ်ပြောနေရုံနဲ့ အလုပ်တကယ်လုပ်တဲ့ အခါမှာတော့ သေသပ်မှုမရှိ၊ အောင်မြင်မှုကိုမရဖြစ်တဲ့ အခါမှာ အများရဲ့ ကဲ့ရဲ့ခြင်းကိုလည်း ခံရနိုင်ပါတယ်။
-
Knowledge For All
23/01/2020 Duration: 15minပြိုင်ဆိုင်မှုပြင်းထန်လာတဲ့ ခေတ်သစ် ဝေဟင်ထဲမှာ အားလုံး အားလုံး ပါဝင်မျောလွင့်နိုင်ဖို့အတွက် Knowledge တွေ အတောင်တပ်ဆင်ပေးမယ့် Knowledge For All ...
-
ဒီနေ့အတွက်စကား
23/01/2020 Duration: 03minJust because you’re right doesn’t mean I’m wrong, you just haven’t seen life from my position. လောကမှာရှိတဲ့လူသားတွေမှာ ရုပ်ရည်သွင်ပြင်ခန္ဒာကိုယ်တွေ မတူညီသလို အတွင်းမှာတွေးတောကြံစည်မှုတွေ၊ စိတ်နေစိတ် ထားတွေလည်း မတူညီကျပါဘူး။ ရုပ်ရည်သွင်ပြင်မတူညီခြင်း ကြောင့် တစ်ယောက်နဲ့တစ်ယောက် အငြင်းပွားနေမှုတွေ မရှိ ပေမယ့် စိတ်နေစိတ်ထား ခံယူချက်တွေမတူညီမှုတွေကြောင့်တော့ အငြင်းပွားမှုတွေ ဖြစ်လေ့ရှိကြပါတယ်။ လူတိုင်းကတော့ ကိုယ်လုပ်လိုက်တဲ့လုပ်ရပ်ကိုပဲ အမှန်လို့ ယူဆတတ်ကြပါတယ်။ ကိုယ် ပြောလိုက်တဲ့စကားကိုပဲ အမှန်လို့ ထင်တတ်ကြပါတယ်။ ကိုယ်နဲ့အမြင်ခြင်းမတူညီတဲ့ ကိုယ့်စကားနဲ့ ဆန့်ကျင်သလို ဖြစ်နေတဲ့သူတွေနဲ့ ပဋိပက္ခလိုမျိုး စကားတွေများတတ်ကြ၊ စိတ်တွေခုပြီး ဒေါသတွေထွက်တတ်ကြပါတယ်။ ပြဿနာတစ်ခုရဲ့ အဓိက အခြေအမြစ်ကို ရှာဖွေတဲ့အခါမှာ တစ်ယောက်နဲ့ ထပ်တူညီတဲ့ အဖြေမျိုးထွက်ဖို့ဆိုတာ မလွယ်ကူတဲ့ ကိစ္စတစ်ခုပါပဲ။ ဒါပေမယ့် သေချာသုံးသပ်ကြည့်မယ်ဆိုရင် ကိုယ့်ခံယူချက်နဲ့ သူတပါးရဲ့ခံယူချက် ထပ်တူညီချင်မှတူပါလိမ့်မယ်။ လက်တစ်ဖက် ထဲက လက်ချောင်းတွေရဲ့ အရှည်အတို အပုအဝမတူညီတတ်ကြပါဘူး။ အဲဒီလို ကိုယ့်လက်တစ်ဖက်တည်းက လက်ချောင်းတွေ ရဲ့ ပုံစံက ထပ်တူမညီနိုင်သလိုပဲ မိဘအတ
-
-
-
နိုင်ငံတကာသတင်းသုံးသပ်ချက်
20/01/2020 Duration: 10minပတ္တမြား FM ပရိသတ်များ အားလုံး မင်္ဂလာပါခင်ဗျာ ပတ္တမြား FM ကနေ တစ်ပတ်အတွင်း နိုင်ငံတကာသတင်းသုံးသပ်ချက် အစီအစဉ်ကို တင်ဆက်ပေးပါတော့မယ် ဒီနေ့ရဲ့ ပတ္တမြား FM ရဲ့ တစ်ပတ်အတွင်း နိင်ငံတကာသတင်းသုံးသပ်ချက် အစီအစဉ်မှာတော့ ပတ္တမြား FM မှ ကျွန်တော် ဇွဲမာန် နဲ့ အတူ ဒေါက်တာ တင့်ဆွေ (ပဲခူး) တို့က နိုင်ငံတကာအရေးတွေကို ဆွေးနွေးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ . . . . . . . . .
-
ဒီနေ့အတွက်စကား
20/01/2020 Duration: 03minA strong person knows how to keep their life in line. With tears in their eyes, still manages to say, “Nah, I’m Fine”. လောကမှာ အသက်ရှင်သန်နေသေးသမျှကာလပတ်တစ်ခုလုံးမှာ အခက်အခဲတွေ၊ အတားအဆီးတွေ၊ ပူဆွေးသောကဖြစ်စေ မယ့်အကြောင်းအရာတွေ၊ ဆုံးရှုံးလဲပြိုမှုတွေစတဲ့ စတဲ့ ဘယ်သူမှမလိုချင်တဲ့အရာတွေလည်း အများကြီးရှိ လို့နေပါတယ်။ ကိစ္စများမြောင်လူတို့ဘောင်ဆိုတဲ့အတိုင်း များပြားလှတဲ့လူ့ဘဝရဲ့ အတက်အကျအနိမ့်အမြင့်တွေကြားမှာ မလူးသာ မလွန့်သာရုန်းကန်နေရတဲ့သူတွေလည်း အများကြီးပါ။
-
ဒီနေ့အတွက်စကား
19/01/2020 Duration: 03minNobody is worth stressing over. Move on. It’s okay to leave people behind. Go find yourself. The world is yours. Life goes on. ဒီနေ့အတွက်စကား တစ်ခါတစ်လေမှာ တစ်ချို့သောသူတွေက ပူးပေါင်းဆောင်ရွက် တဲ့ နေရာမှာ အားသန်လေ့ရှိကြပါတယ်။ ဘယ်အလုပ်ကိစ္စကို မဆို သူတပါးနဲ့အတူလုပ်တာ၊ သူတပါးကိုအားကိုးမဏ္ဍိုင်ပြုတတ်တာတွေရှိပါတယ်။ ခရီးတစ်ခုထွက်တော့မယ်ဆိုရင် ဟို့လူကို တိုင်ပင်ရတာနဲ့ ဒီလူ့ကိုခေါ်ချင်ရတာနဲ့ ဖြစ်တတ် ပါတယ်။ ဒီလိုနဲ့ ခရီးတစ်ခုသွားဖို့အရေးက ကိုယ့်အနေနဲ့တစ်ယောက်တည်း ဆိုရင် အထမြောက်သွားနိုင်ပေမယ့် ဟိုလူဒီလူတွေ ရဲ့ တွေဝေစဉ်းစားနေမှုတွေကြောင့် ခရီးစဉ်တွေပျက်တတ်ပါတယ်။ ကိုယ်ဘာသာလုပ်စရာရှိတာကိုမလုပ်ဘဲ တပါးသူကို အဖော် ညှိနေတဲ့အခါမှာ လုပ်စရာရှိတဲ့အလုပ်က မလုပ်ဖြစ်ဘဲ ကြံ့ကြာ နေတတ်ပါတယ်။ ပေးထားတဲ့ဥပမာလိုပဲ တစ်ချို့သောအလုပ်တွေ က ခရီးတစ်ခုသွားသလိုဘဲ ကိုယ့်စိတ်ကိုယ့်ခြေကိုယ့်လက်နဲ့ လုပ်ဆောင်လိုက်ရင် ပြီးစီးသွားနိုင်ပေမယ့် တပါးသူကို စောင့်ဆိုင်း နေရတာ၊ ဘက်မညီတဲ့သူရဲ့ပယောဂကြောင့် ပြီးစီးရမယ့် အချိန်မပြီးတာ၊ မလိုအပ်ဘဲ အချိန်တွေဖင့်နေတာ၊ ပိုပြီးဆိုးတာက ကြံစည်ထားသမျှအကုန်လွဲချော်ပြီး မပြီးမြောက်တော့တာမျိုး တွေဖြစ်တတ်ပါတယ်။ ဘယ်သူကမှ က
-
ဒီနေ့အတွက်စကား
18/01/2020 Duration: 03minဒီနေ့အတွက်စကား Happiness has nothing to do with your life’s circumstances, its based on your ability to accept the things you are experiencing. ဒီနေ့အတွက်စကား လောကမှာရှင်သန်နေထိုင်ကြတဲ့ သက်ရှိတိုင်း ပျော်ရွှင်တဲ့ဘဝကိုလိုချင်ကြပါတယ်။ ပျော်ရွှင်မှုကို လိုက်လံ ရှာဖွေနေတတ်သလို ပျော်ရွှင်မှုကို မြတ်နိုးတွယ်တာတတ်ကြပါတယ်။ ဒါကြောင့် လောကသားတွေအတွက် ပျော်ရွှင်ခြင်းဆိုတာ လိုအပ်တဲ့ စိတ် ကျန်းမာရေးဆိုင်ရာဆေးဝါးလို့ ပြောလို့လည်းရပါတယ်။ ပျော်ရွှင်ခြင်းကို လိုက်လံရှာဖွေနေကြတဲ့ လူသားတွေ ပျော်ရွှင်ခြင်း အစစ်အမှန်ဆိုတာကို ဝေးဝေးလံလံမှာလိုက်ရှာဖွေနေစရာ တော့မလိုပါဘူး။ တစ်ချို့က ပစ္စည်းအသစ် အဆန်းတွေ ဝယ်ယူအသုံးပြုနိုင်ရင် ပျော်ရွှင်မယ်လို့ မှတ်ယူကြတယ်။ တစ်ချို့ကတော့ ငွေကိုရေလို ဖောဖောသီသီသုံးစွဲနိုင်ရင် ပျော်ရွှင်မယ်လို့ ယုံကြည်ကြတယ်။ တစ်ချို့ကတော့ ဖျော်ဖြေရေးတွေကို ကြည့်ရှုခံစားနိုင်ရင် ပျော်ရွှင်မယ်လို့ ထင်မှတ်ကြတယ်။ ဒီလိုနဲ့ ပျော်ရွှင်ခြင်းနောက်ကို လိုက်ရင်းလိုက်ရင်း ပျော်ရွှင်ခြင်းနဲ့ လွဲချော်နေတတ်ပါတယ်။ တကယ်တော့ သူတို့ခံယူထားတဲ့ ပျော်ရွှင်ခြင်းရဲ့ အဓိပ္ပာယ်ကိုက လွဲမှားနေတာကို။ ဘဝဆိုတဲ့ အက္ခရာ၂လုံးထဲနဲ့ ကျွန်တော်တို့အပေ