Synopsis
Wherever you go PadamyarFM will be there with you...
Episodes
-
ဒီနေ့အတွက်စကား
06/01/2021 Duration: 03minStrength does not come from winning. Your struggles develop your strengths. When you go through hardships and decide not to surrender, that is strength. လောကမှာရှင်သန်နေကြတဲ့လူသားတိုင်းအခက်အခဲတွေ၊ အတားအဆီးတွေ၊ ပြဿနာပေါင်းစုံတွေကို ဖြတ်ကျော်နေရပါတယ်။ မိခင်ဝမ်းကြာတိုက်မှာရှိနေတဲ့အချိန်မှာကတည်းက အသက်ရှင်နိုင်ဖို့အတွက် ရုန်းကန်ရပါတယ်။ လူရယ်လို့ဖြစ်လာတဲ့ အချိန်မှာ လည်းသူ့အရွယ်နဲ့အလိုက် ရင်ဆိုင်ဖြတ်ကျော်ရတဲ့ ဘဝကပေးတဲ့ ပြဿနာတွေကတန်းစီနေပါ တယ်။ ပညာသင်ကြားရမယ့် ငယ်ရွယ်တဲ့အချိန်မှာလည်းကိုယ်မသိသေးတဲ့ပညာရပ်တွေကို ကြိုးစားသင်ကြားနေရမှုဆိုတာလည်းတစ်နည်းပြောရရင် ရုန်းကန်မှုပါပဲ။ ဒီလိုနဲ့ ဒုတိယအရွယ်မှာလည်း သမုဒ္ဒရာဝမ်းတစ်ထွာအတွက် ရှာဖွေစားသောက်ရင်း ဘဝရဲ့ အခက်အခဲတွေကို ရုန်းကန်လှုပ်ရှားနေရမှာပါပဲ။ ဒီလိုနဲ့ ကျန်းမာရေးပြဿနာတွေကိုရင်ဆိုင်နေရတဲ့ မကျန်းမာတဲ့လူတစ်ယောက်အနေနဲ့လည်း ပြန်လည်ကျန်းမာလာဖို့၊ ရောဂါအခြေအနေတွေ ပိုဆိုးမလာဖို့ ဆေးဝါးအကူအညီနဲ့ပဲဖြစ်ဖြစ် သေခြင်းနာခြင်းတရားတွေနဲ့ စစ်ခင်းလို့ ရုန်းကန်ရပြန်တာပါပဲ။ ဒါဆိုရင် လူ့ဘဝဆိုတာ ရုန်းကန်လှုပ်ရှားနေရမှုတွေနဲ့ အသားကျနေတာပါပဲ။ အဓိကကတော့ ကိုယ့်အနေနဲ့ ပြဿနာကိုရုန်းကန် ဖြေရှင်းတဲ့န
-
Let's Do It
05/01/2021 Duration: 03minနေ့စဉ် လူမူဘဝမှာကြုံတွေ့ရတဲ့ အခက်အခဲတွေအတွက် အကြံပြုချက်လေးတွေကို မျှဝေပေးသွားမယ့် Let's Do It အစီအစဉ်..... ဒီတစ်ပတ်မှာတော့ မငုဝါနှင့် အုပ်စိုးတို့က လွယ်ကူပြီး လက်တွေ့အသုံးပြုလို့ရမယ့် ဘယ်လိုနည်းလမ်းလေးတွေ ဝေမျှထားလဲဆိုတာကို ဗဟုသုတဖြစ်ဖွယ် နားဆင်ရမှာ ဖြစ်ပါတယ်... Let's Do It အစီအစဉ်ကို Tuesday, Thursday, Friday ၊ မနက် 11:10 အချိန်တွင် စောင့်မျှော်နားဆင်နိုင်ပါတယ်.... #padamyarfm #fm #myanmarfm
-
I'M
05/01/2021 Duration: 15minI'm I'm an artist. I'm...????? သင်ကရော ဘာဖြစ်ချင်တာလဲ??? နူးညံ့သိမ်မွေ့ပြီး စုတ်ချက်ပေါင်းများစွာနဲ့ ခြယ်သရတဲ့ ပန်းချီ အနုပညာကို တန်ဖိုးထားကြသလို စိတ်ဝင်စားသူလည်း များပြားလာပါတယ်။ ပန်းချီ အနုပညာကို စိတ်ဝင်စားကြသူတွေနှင့် ပန်းချီပညာနှင့်ပတ်သက်ပြီး လေ့လာချင်သူများကို Padamyar FM Facebook Page ကနေ မေးမြန်းဖို့ ဖိတ်ခေါ်ထားပါတယ်.... Myanmar Impressionist ပန်းချီဆရာကြီး ဒေါက်တာ ဦးလွန်းကြွယ် မှ ပန်းချီအနုပညာနှင့်ပတ်သက်ပြီး ပြန်လည်လို့ ဖြေကြားပေးထားပါတယ်..... အပတ်စဉ် တင်ဆက်နေကြဖြစ်တဲ့ " I'm ....... "အစီအစဉ်ကို အင်္ဂါ၊သောကြာ 1း10 PM နှင့် ဗုဒ္ဓဟူး 11း25 PM မှာ စောင့်မျှော်နားဆင်နိုင်ပါတယ်......
-
ဒီနေ့အတွက်စကား
05/01/2021 Duration: 03minဒီနေ့အတွက်စကား We used pencil when we are small but now we use pen. Do you know why? Because mistkes in childhood can be erased but not now. ငယ်ငယ်တုန်းကခဲတံကိုသုံးပေမယ့် အသက်ကြီးလာတော့ ဘောပင်ကိုသုံးကြတယ်။ ဘာလို့လဲဆိုတာသိပါသလား။ ဘာလို့လဲဆို တော့ ငယ်ငယ်တုန်းကအမှားတွေက ပြန်ပြင်လို့ရပေမယ့် အသက်ကြီးလာတဲ့အချိန်အမှားတွေကတော့ ပြန်ပြင်လို့မရလို့ပါ တဲ့။ဒီစကားကတော့ အမှားတွေကိုလူတိုင်းကျူးလွန်တတ်ကြပေမယ့် ကိုယ့်ရဲ့လက်ရှိပိုင်ဆိုင်ထားတဲ့ အသက်အရွယ်၊ အတွေ့ အကြုံ နဲ့ ရယူထားတဲ့လုပ်ပိုင်ခွင့်ဆိုတဲ့အရာတွေပေါ်မူတည်ပြီးမှားချင်တိုင်းမှားလို့မသင့်တော်ဘူးဆိုတာကို ပြောပြထား တဲ့စကားတစ်ခွန်းဖြစ်ပါတယ်။ တကယ်တော့ လူဆိုတာမွေးကတည်းကအစစအရာရာသိတတ်နားလည်တဲ့ ပညာရပ်တွေ တိုင်းကို ကျွမ်းကျင်တဲ့ ပြီးပြည့်စုံတာမဟုတ်တဲ့အတွက် အမှားဆိုတာလူသားတိုင်းနဲ့ မကင်းတတ်ကြပါဘူး။ တစ်ခါမကလို့ အခါခါမှား နေတတ်တဲ့သူတွေလည်းရှိကြမှာပါ။ ဒါပေမယ့် တစ်ခါမှားပြီးတာနဲ့ နောက်ဆုတ်တတ်ကြတဲ့ ကိုယ့်ရဲ့အမှားအတွက် နောင်တရ စိတ်အားငယ်နေတတ်တဲ့သူတွေလည်းရှိတတ်ကြပါတယ်။ ဒါကြောင့် ကိုယ်ကအဲဒီလိုအမှားတစ်ခုအတွက် စိတ်ဓါတ် လွယ်လွယ် ကျတတ်တဲ့သူဆိုရင် ဒီစကားလေးကို လက်ဝယ်ကိုင်ပြီးနောက်တစ်ကြိမ် ထပ်
-
နိုင်ငံတကာသတင်းသုံးသပ်ချက်
04/01/2021 Duration: 11minနိုင်ငံတကာသတင်းသုံးသပ်ချက် အစီအစဉ်မှာတော့ ပတ္တမြား FM မှ ကျွန်တော် ဇွဲမာန်နဲ့ အတူ ဒေါက်တာ တင့်ဆွေ (ပဲခူး) တို့က ဆွေးနွေး တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ . . . . ယခုတစ်ပတ်အတွက် တင်ပြဆွေးနွေးပေးမယ့် အကြောင်းအရာကတော့ " နှစ်သစ်ကူး တဲ့ အချိန်ကာလမှာ ပရိသတ်များအတွက် ပေါ့ပေါ့ပါးပါး နားဆင်ရမည့် သတင်း(၃) ပုဒ်ဖြစ်တဲ့ ဂျာမနီ နိုင်ငံ အမြန်ရထားလမ်းပေါ်မှာ ဘဲငန်းတစ်ကောင်ကြောင့် ရထားတွေရပ်လိုက်ရတဲ့အကြောင်း၊ covid ကာလအတွင်း အင်္ဂလန် နိုင်ငံမှာ မီးရထားလမ်းရုံမှာ ဘဲငန်းတစ်ကောင်က အသိုက်လာလုပ်တဲ့အကြောင်းနှင့် ပါကစ္စတန် နိုင်ငံက တိရိစ္ဆာန်ရုံမှာရှိတဲ့ စိတ်ဝေဒနာ ခံစားနေရတဲ့ ဆင်တစ်ကောင်" အကြောင်း စတဲ့ နိုင်ငံတကာ သတင်းအစုံကို တင်ပြဆွေးနွေး ပေးမှာ ဖြစ်ပါတယ်......
-
ဒီနေ့အတွက်စကား
04/01/2021 Duration: 03minHitting rock bottom doesn’t mean you have to stay there. ဒီစကားကတော့ အစဉ်ထာဝရရှုံးနိမ့်ခြင်းဆိုတာမဖြစ်နိုင် ဘူးဆိုတာကိုမှတ်မိနေစေဖို့ သတိပေးနေတဲ့စကားတစ်ခွန်း ဖြစ်ပါ တယ်။ ဟိုးရေနက်ကိုငုတ်နေတဲ့ ရေငုပ်သမားတစ်ယောက် သမုဒ္ဒရာကြမ်းပြင်ကိုအထိငုပ်ပြီးရင် ပြန်လည်လို့ ရေမျက်နှာပြင် အထက်ကို ပြန်လည်လို့တက်ရမှာပါပဲ။ ဟိုးကြမ်းပြင်ကိုရောက်တဲ့ အထိနိမ့်ကျမှုတွေကို အစဉ်ထာဝရပိုင်ဆိုင်နိုင်မှာမဟုတ်တာကိုလူသားတိုင်း အမှတ်ရနေဖို့လိုပါတယ်။ ဘဝရဲ့တိုက်ပွဲတွေကို ရင် ဆိုင်တိုက်ပွဲဝင်ကြတဲ့လူသားတိုင်းကိုယ့်ရဲ့စွမ်းရည်ပေါ် မူတည်ပြီးတော့ တစ်ခါတည်းနဲ့ အောင်မြင်စွာဖြတ်ကျော်နိုင်တာလည်းဖြစ် နိုင်သလိုအကြိမ်ကြိမ်အခါခါ ဒီတိုက်ပွဲကိုပဲတိုက်နေရတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ တစ်ခါရှုံးနိမ့်မှုကနေမှတ်သားစရာဆင်ခြင်စရာတွေကိုတွေ့မြင်မှတ်သားမိပြီး ပြန်လည်တိုက်ပွဲဝင်လို့ အောင်ပွဲခံနိုင်တာမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ အဓိကသိထားရမှာကကိုယ်ဟာ အစဉ်ထာဝရရှုံးနိမ့်ခြင်းကိုပိုင်ဆိုင်နေမှာမဟုတ်ပါဘူး။ တစ်ခါရှုံးသွားရင် ရလာတဲ့အရှုံးကို သင်ခန်း စာယူပြီးကိုယ့်အနေနဲ့ ဖြည့်တင်းရမယ့် အရာတွေကို ပြန်လည်ဖြည့်တင်းရမယ်။ အထူးသဖြင့် ကိုယ်ဘာကြောင့် ဒီတစ်ခါမှာရှုံးနိမ့်ခဲ့ ရတ
-
Knowledge in 3 Mins
03/01/2021 Duration: 04minKnowledge in 3 mins ခန္ဓာကိုယ်ကျန်းမာဖို့ အစာအာဟာရတွေ မျှတဖို့လိုအပ်သလို တွေးခေါ်နိုင်စွမ်းတွေ မြင့်မားဖို့ ဗဟုသုတတွေဖြည့်ဖို့ လိုအပ်ပါတယ်..... မိမိကိုယ်ကို ချစ်တယ်ဆိုရင် အချိန် (၃)မိနစ်ပဲပေးပါ... Relationship Coach တစ်ယောက်ဖြစ်တဲ့ ဆရာ အောင်ထက်ခန့် မှ "ရည်းစားမထားခင်၊ အိမ်ထောင်မပြုခင်မှာ ဘယ်လိုအချက်တွေ သိထားရမလဲနှင့် ကြိုတင်တွေးတော သင့်လဲ" ဆိုတဲ့ အမေးများတဲ့ မေးခွန်း နှင့် ပတ်သက်ပြီးဝေမျှပေးထားတာဖြစ်ပါတယ်..... Knowledge in 3 mins ကို ပတ္တမြား FM တွင် Wednesday 11:25 AM နှင့် Sunday 11:10 AM တို့တွင် ထုတ်လွှင့်ပေးသွားမှာဖြစ်လို့ စောင့်မျှော်နားဆင်နိုင်ပါပြီ။
-
ဒီနေ့အတွက်စကား
03/01/2021 Duration: 03minFor moments when you don’t feel like yourself. Have alone/quiet time. Breathe deeper exhale slower. Listen within. Take positive action to restore. ဒီနေ့အတွက်စကား သင့်ကိုယ်သင်သဘောမတွေ့နိုင်တဲ့အချိန်တွေမှာတစ်ဦးတည်းတိတ်တိတ်ဆိတ်ဆိတ်နေကြည့်ပါ။ အသက်ကို တဝရှုပြီးဖြေးညှင်းစွာ ထွက်လေကိုထုတ်ပါ။ သင့်စိတ်ထဲကစကားသံကိုနားစွင့်ပါ။ အပြုသဘောဆောင်တဲ့လုပ်ဆောင်မှုတွေနဲ့ ပြန်လည်စတင်လိုက်ပါ တဲ့။ဒီစကားကိုတော့ အွန်လိုင်းမှာစိတ်ဓါတ်မြင့်တင်ရေးစာစုတွေရေးသားရင်းနာမည်ကျော်လာတဲ့ Lalah Delia ကပြောကြားထား တာဖြစ်ပါတယ်။ တစ်ခါတစ်ရံမှာ ကျွန်တော်တို့အနေနဲ့ ပတ်ဝန်းကျင်ရဲ့ရိုက်ခတ်မှုတွေ၊ ဘေးပယောဂကပြောတဲ့ စကားသံတွေ ကြောင့် မိမိကိုယ်ကိုမကျေနပ်နိုင်တဲ့ သဘောမမတွေ့နိုင် တဲ့အခိုက်အတန့်တွေရှိတတ်ပါတယ်။ ကိုယ်လုပ်တာတွေကတလွဲတချော်တွေဖြစ်ပြီး ကြံစည်ထားသမျှ ရေစုန်မျှောသလိုပျက်စီးသွားတဲ့အခါမှာလူ့လောကကြီးမှာ ကိုယ်ဟာအရေးမပါအသုံးမဝင်တဲ့လူပိုတစ်ယောက်လိုခံစားရတတ်ပါတယ်။ အဲဒီလိုအဖြစ်မျိုးခံစားတွေ့ကြုံရတဲ့အခါမှာဘယ်လိုမျိုး ဖြေရှင်းရမလဲဆိုတာကိုပြောပြထားတဲ့စကားတစ်ခွန်းဖြစ်ပါတယ်။ ပထမဆုံးအနေနဲ့ လူသူထူထပ်တဲ့နေရာတွေကိုရှောင်ပြီးတစ်ဦး တည်းနေလို့ရမယ့် တိတ်ဆိတ်တဲ့ပတ်ဝန်းက
-
Supernatural
03/01/2021 Duration: 08minအပတ်စဉ် တင်ဆက်ပေးနေကြ ဖြစ်တဲ့ Padamyar FM ရဲ့ Supernatural မှာတော့ ကမ္ဘာတစ်လွှားမှာရှိတဲ့ သဘာဝလွန် ဖြစ်ရပ်များကြောင်းကို တင်ဆက်ပေးနေတာ ဖြစ်ပါတယ်... ဒီတစ်ပတ်မှာတော့ "အမေရိကန်၊အင်္ဂလန် စတဲ့ကမ္ဘာ အင်အားကြီးနိုင်ငံကြီးတွေက ဂြိုလ်သားတွေ နှင့် ပတ်သက်ပြီး ဘယ်လိုယုံကြည်မူ ပြင်းထန်ကြသလဲ"ဆိုတဲ့အကြောင်းတွေကို တင်ဆက်ပေးထားပါတယ်..... Supernatural အစီအစဉ်ကို အပတ်စဉ် တနင်္ဂနွေ နှင့်ကြာသပတေး နံနက် 11:25 တွင် နားဆင်နိုင်ပါပြီနော်....
-
-
ဒီနေ့အတွက်စကား
01/01/2021 Duration: 03minဒီနေ့အတွက်စကား Bridge and wall are made with the same material. But bridge joins the people and wall divides the people. Choose the right one. ဒီစကားလေးကတော့ ကြားသိလိုက်ရတဲ့အချိန်မှာနှစ်ခုထဲကဘယ်အရာကိုရွေးချယ် ရမလဲလို့ တွေးထင်မိကောင်းမိနိုင်ပါတယ်။ ဒါပေမယ့် တကယ်တမ်းသေသေချာချာစဉ်းစားကြည့်မယ်ဆိုရင်တော့ ရွေးချယ်စရာတွေကြုံလာတဲ့အခါမှာလူတွေရဲ့ ခံစားနိုင်တဲ့ ခံစားချက်တွေ၊ ခံယူချက်တွေကိုစမ်းစစ်ထားတဲ့စကားတစ်ခွန်းပါ။ တံတားပဲဖြစ်ဖြစ် နံရံပဲဖြစ်ဖြစ် ဖြစ်တည်လာဖို့အတွက် ကွန်ကရစ်တွေသံတိုင်တွေဘိလပ်မြေတွေစတဲ့ အခြေခံကုန်ကြမ်းတွေ လိုအပ်မှုကတူတူပါပဲ။ ဒါပေမယ့် ဒီစကားထဲကအတိုင်းရောအပြင်မှာပါ တံတားတွေကတော့ လူသားတွေဒေသနေရာတွေ တစ်ခုနဲ့တစ်ခုကူးလူးယှက်နွယ်နိုင်စေဖို့ ဆက်သွယ်ပေးတဲ့အရာတွေဖြစ်ပေမယ့် နံရံတွေကတော့ တစ်ဖက်နဲ့တစ်ဖက်ကလူသား တွေကိုခြားနားထားတဲ့ အရာတွေဖြစ်နေပါတယ်။ တံတားတွေကြောင့် လမ်းပန်းဆက်သွယ်ရေးတွေကို မြှင့်တင်ပေးနိုင်သလိုပဲနံရံ တွေကလည်းတစ်မိသားစုရဲ့ လုံခြုံရေးအတွက် တစ်ဦးတစ်ယောက်ခြင်းစီရဲ့လုံခြုံရေးအတွက် အရေးကြီးတဲ့ အခန်းကဏ္ဍကို ထမ်းဆောင်နေတဲ့အရာပါပဲ။ ညဘက်နေ့ဘက်အိပ်စက်အနားယူတဲ့သူတွေအတွက် ကိုယ်ပိုင်တဲ့အသက်အိုးအိမ်၊ စည်းစိမ် လ
-
ဒီနေ့အတွက်စကား
31/12/2020 Duration: 03minဒီနေ့အတွက်စကား Success is like a train. It has several compartments: Hardwork, Focus, Luck, etc. but leading all those is the engine of confidence. အခုကြားခဲ့ရတဲ့ ဒီစကားကတော့ အောင်မြင်မှုဆိုတဲ့ လူတိုင်းလူတိုင်းလိုချင်တပ်မက်ကြတဲ့ အရာကို အဓိပ္ပာယ်ဖွင့်ဆိုထားတဲ့ စကားပါ။အောင်မြင်ခြင်းတဲ့။ လူတိုင်းလူတိုင်း သည်းခြေထဲကနေအထိ လိုချင်မက်မောကြတဲ့ စိတ္တဇနာမ်တစ်ခုပါ။ လုပ်ငန်းခွင် ထဲကလူကလည်း သူ့လုပ်ငန်းခွင်မှာ ရာထူးမြင့်မြင့်မားမား လစာကောင်း ကောင်းနဲ့ အောင်မြင်ချင်ကြတယ်။ ကျောင်းတတ်နေတဲ့ သူကည်း ဖြေဆိုသမျှစာမေးပွဲတွေမှာ ထူးချွန်ပြောင်မြောက်စွာနဲ့ အောင်မြင်ချင်ကြတယ်။ အနုပညာသမားတွေကလည်း သူဖန်တီး လိုက်တဲ့အနုပညာကို ပရိသတ်တွေကလက်ခုတ်သြဘာပေးချီးမြောက်လို့လက်ခံအားပေးတဲ့အထိအောင်မြင်ချင်ကြတယ်။လူတိုင်း လူတိုင်းအောင်မြင်ချင်ကြတဲ့သူတွေချည်းပဲဆိုရင် ကျွန်တော့်စကားလွန်မယ်မထင်ပါဘူး။ အောင်မြင်မှုဆိုတာ မီးရထားတစ်စင်းလိုပါပဲ။ ကြိုးစားလုပ်ကိုင်မှု၊ အာရုံစူးစိုက်မှု၊ ကံတရားစတဲ့ တွဲဆိုင်းပေါင်းများစွာရှိတယ်။ ဒါပေမယ့် အဲဒါတွေအားလုံးကိုခေါင်းဆောင်နေတာကတော့ ယုံကြည်မှုဆိုတဲ့ စက်ခေါင်းကြီးပါ။
-
Knowledge in 3 mins
30/12/2020 Duration: 05minခန္ဓာကိုယ်ကျန်းမာဖို့ အစာအာဟာရတွေ မျှတဖို့လိုအပ်သလို တွေးခေါ်နိုင်စွမ်းတွေ မြင့်မားဖို့ ဗဟုသုတတွေဖြည့်ဖို့ လိုအပ်ပါတယ်..... မိမိကိုယ်ကို ချစ်တယ်ဆိုရင် အချိန် (၃)မိနစ်ပဲပေးပါ... Relationship Coach တစ်ယောက်ဖြစ်တဲ့ ဆရာ အောင်ထက်ခန့် မှ "လူတစ်ယောက်ကို မှန်ကန် အောင်၊ ပျော်ရွှင်ငြိမ်းချမ်းအောင် ချစ်ရမလဲ" ဆိုတဲ့ အမေးများတဲ့မေးခွန်းနှင့် ပတ်သက်ပြီး ဝေမျှပေးထားတာဖြစ်ပါတယ်... Knowledge in 3 mins ကို ပတ္တမြား FM တွင် Wednesday 11:25 AM နှင့် Sunday 11:10 AM တို့တွင် ထုတ်လွှင့်ပေးသွားမှာဖြစ်လို့ စောင့်မျှော်နားဆင်နိုင်ပါပြီ။
-
ဒီနေ့အတွက်စကား
30/12/2020 Duration: 03minThe truth is not everyone will appreciate what you do for them. You have to figure out who is worth your kindness and who is just taking advantage. အမှန်တရားကတော့ သင်လုပ်ပေးခဲ့သမျှကိုလူတိုင်းကတန်ဖိုးထားမှမဟုတ်ပါဘူး။ ဘယ်သူကတော့ ကြင်နာသနားသင့်တဲ့သူ၊ ဘယ်သူကတော့သူတို့အကျိုးအတွက်ကိုပဲလိုလားတဲ့သူလဲဆိုတာကိုသိမြင်နေဖို့လိုပါတယ်တဲ့။ဒီစကားကလည်း ပေါင်းသင်း ဆက်ဆံရေးနဲ့ပတ်သက်ပြီးသိထားမှတ်သားသင့်တဲ့စကားတစ်ခွန်းပါ။ အရေးကြီးတဲ့ပေါင်းသင်းဆက်ဆံရေးမှာ ကိုယ့်အနားမှာရှိနေတဲ့မိတ်ဆွေသင်္ဂဟတွေထဲကမှာဘယ်သူကတော့ မိတ်ဆွေကောင်း မိတ်ဆွေမွန်ဖြစ်ပြီးတော့ ဘယ်သူကတော့ သူတို့အကျိုးအမြတ်ရဖို့သာကိုယ့်ကိုလာပေါင်းသင်းနေတဲ့သူဆိုတာကိုကိုယ်က သိထား မြင်ထားဖို့လိုပါတယ်။ လောကမှာကိုယ် ပြုပေးခဲ့သမျှ ကျေးဇူးတရားတိုင်းကိုတန်ဖိုးအမြတ်တနိုးထားမှာလူတိုင်းပဲလို့ တွေးနေ မိရင်တော့ အမှားကြီးမှားသွားပါလိမ့်မယ်။ ကိုယ့်ကြောင့်သူတို့ဘဝတိုးတက်ဖို့အရေးအချိန်မှာတော့ ကိုယ့်အနားမှာ ပန်းအနား ပျားပိတုန်းဝဲသလို ခိုဝဲနေမယ့်သူတွေ ရှိနိုင်ပေမယ့် သူတို့လိုချင်တဲ့ သူတို့ကောင်းကျိုးရလည်းပြီးရောကိုယ်ပြုပေးခဲ့တဲ့ ကျေးဇူး တရားကိုမေ့လျော့ပြီးသူတို့ သွားမယ့်လမ်းကိုသာဘယ်သူမျက်နှာကိုမှ
-
ခေတ်လူငယ်
29/12/2020 Duration: 15minပရိသတ်များအားလုံး မင်္ဂလာပါ... ခု တင်ဆက်ပေးမဲ့ အစီအစဉ်က ခေတ်လူငယ် ဆိုတဲ့အတိုင်း ဒီနေ့အစီအစဉ်မှာ ကွဲပြားခြားနားပြီးတော့ ထူးခြားစုံလင်တဲ့ အကြောင်းအရာတွေ ကိုယ့်အနီးအနားနဲ့ ကိုယ့်ပတ်ဝန်းကျင် ...ဒါ့အပြင် ကိုယ်မသိသေးတဲ့ ဖြစ်ပျက်ပြောင်းလဲနေတဲ့ အဖြစ်အပျက်အဖုံဖုံကို သုတ ၊ ရသ စုံလင်စွာနဲ့ တင်ဆက်ပေးသွားမှာပါ... ယခုတစ်ပတ်အတွက် Burmese Polyglot မှ ကိုကျော်စိုးထက်နှင့် တွေ့ဆုံမေးမြန်းထားတဲ့ အပိုင်း(၂) ကို ဆက်လက်နားဆင်ရမှာဖြစ်ပါတယ် .... ကဲ ဒီတော့ အားလုံးပဲ ခေတ်နဲ့အဆက်မပြတ်ရအောင် ခုပဲ နားဆင်ကြည့်လိုက်ပါနော်.
-
Let's Do It
29/12/2020 Duration: 03minနေ့စဉ် လူမူဘဝမှာကြုံတွေ့ရတဲ့ အခက်အခဲတွေအတွက် အကြံပြုချက်လေးတွေကို မျှဝေပေးသွားမယ့် Let's Do It အစီအစဉ်..... ဒီတစ်ပတ်မှာတော့ မငုဝါနှင့် ဇွဲမာန်တို့က လွယ်ကူပြီး လက်တွေ့အသုံးပြုလို့ရမယ့် ဘယ်လိုနည်းလမ်းလေးတွေ ဝေမျှထားလဲဆိုတာကို ဗဟုသုတဖြစ်ဖွယ် နားဆင်ရမှာ ဖြစ်ပါတယ်... Let's Do It အစီအစဉ်ကို Tuesday, Thursday, Friday ၊ မနက် 11:10 အချိန်တွင် စောင့်မျှော်နားဆင်နိုင်ပါတယ်... #padamyarfm #fm #myanmarfm
-
THE LIFE
29/12/2020 Duration: 15minဘဝမှာသေခြင်းနဲ့ရှင်ခြင်းကြားက ဖြတ်သန်းရမယ့် နေ့ရက်တွေအတွက် အသင့်ဖြစ်နေဖို့ The Life အစီအစဉ်ကစောင့်ကြိုနေပါတယ်..... ဒီတစ်ပတ်မှာကော ဘယ်သူရဲ့ဘဝ အမှတ်တရ၊ ဒဿန တွေကို နားဆင်ရမှာလဲ...? ဒီတစ်ပတ်မှာတော့ နိုင်ငံကျော် မိတ်ကပ်ပညာရှင် Ma Htet - Pop Soul ကို တွေဆုံမေးမြန်းထားပါတယ်.... Ma Htet - Pop Soul ရဲ့ ဖြတ်သန်းခဲ့ရတဲ့ ဘဝအကြောင်း -ဒုတိယပိုင်း ကို ဆက်လက်နားဆင်ရမှာ ဖြစ်ပါတယ်....
-
ဒီနေ့အတွက်စကား
29/12/2020 Duration: 03minဒီနေ့အတွက်စကား Lockes are never manufactured without a key. Similarly, God never gives problems without solutions. Only we need to patience to unlock them. ပြဿနာတစ်ခုရဲ့အရင်းအမြစ်ကိုသေသေချာချာဂဃနဏမသိဘဲလက်လျော့အရှုံးပေးတတ်တဲ့သူတွေအတွက်သတိပေးထားတဲ့စကားတစ်ခွန်းပါ။ ဘယ်လောက်ပဲရှုပ်ထွေးပွေလှတဲ့ ပြဿနာရပ်တစ်ခုပဲဖြစ်နေပါစေ။ သူ့အတွက် ဖြေရှင်းပုံဖြေရှင်းနည်းဆိုတာ ရှိကိုရှိပါတယ်။ ဘယ်လောက်ပဲခက်ခဲတဲ့ သင်္ချာပုစ္ဆာဖြစ်နေပါစေသူ့ကိုတွက်ချက်နည်းအမှန်နဲ့ အဖြေဆိုတာရှိနေပါတယ်။ အဓိကကတော့ လွယ်လွယ်ကူကူနဲ့လက်မလျော့ဖို့ပါပဲ။ ဘယ်လောက်ပဲခက်ခဲတဲ့အရာပဲ ဖြစ်စေလှိုင်းကြီးလှေအောက် တောင်ကြီးဖဝါးအောက်ဆိုတဲ့စကားနဲ့အညီ ကြိုးစားလုပ်ကိုင်သွား ဖို့ပဲ လိုအပ်ပါတယ်။ အောင်မြင်မှု ဆီကိုအရောက်လှမ်းနေကြတဲ့ ကျွန်တော်တို့လူသားတွေကိုယ်လိုချင်တဲ့ပန်းတိုင်ကိုမရောက် ရောက် အောင်သွားဖို့လိုပါတယ်။ ခရီးတဝက်မှာ ခက်ခဲတဲ့အတားအဆီးတွေ၊ ကြမ်းတမ်းမက်စောက်တဲ့ချောက်ကမ်းပါးတွေရှိ နေစေဦးတော့ ကျော်ဖြတ်ပြီးကိုယ်ရောက်ချင်တဲ့ နောက်ဆုံးနေရာတစ်ခုကိုရောက်အောင်သွားနိုင်ဖို့ကအရေးကြီးပါတယ်။ လူတော်လို့ခေါ်တာကလည်းဒါကြောင့်ပါပဲ။
-
အစိမ်းရောင်ချစ်သူ
28/12/2020 Duration: 10minပတ္တမြား FM ပရိသတ် အားလုံးပဲ မင်္ဂလာပါ...... အစိမ်းရောင်ချစ်သူ အစီအစဉ်ကို တင်ဆက်ပေးတော့မှာ ဖြစ်ပါတယ်။ ဒီတစ်ပတ်မှာတော့ ပရိသတ်များအတွက် အစီအစဉ် တင်ဆက်သူ ဇွဲမာန် နှင့် အုပ်စိုးတို့က" Ozone Layer - အိုဇုန်းလွှာ အကြောင်း" ကိုဗဟုသုတ ဖြစ်ဖွယ်မျှဝေပေးထားပါတယ်......
-
နိုင်ငံတကာသတင်းသုံးသပ်ချက်
28/12/2020 Duration: 11minနိုင်ငံတကာသတင်းသုံးသပ်ချက် အစီအစဉ်မှာတော့ ပတ္တမြား FM မှ ကျွန်တော် ဇွဲမာန်နဲ့ အတူ ဒေါက်တာ တင့်ဆွေ (ပဲခူး) တို့က ဆွေးနွေး တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ . . . . ယခုတစ်ပတ်အတွက် တင်ပြဆွေးနွေးပေးမယ့် အကြောင်းအရာကတော့ "အိန္ဒိယ နိုင်ငံက ထုတ်လုပ်နေတဲ့ Covid 19 ကာကွယ်ဆေးများ အကြောင်း" ကို ဆွေးနွေး တင်ပြပေးမှာ ဖြစ်ပါတယ်.....