Padamyar FM

  • Author: Vários
  • Narrator: Vários
  • Publisher: Podcast
  • Duration: 127:25:23
  • More information

Informações:

Synopsis

Wherever you go PadamyarFM will be there with you...

Episodes

  • ဒီနေ့အတွက်စကား

    25/01/2021 Duration: 06min

    Hope is the only thing stronger than fear. ကျွန်တော်တို့လူသားတွေအနေနဲ့ ကြံစည်လုပ်ဆောင်သမျှတိုင်းမှာအလုံးစုံအောင်မြင်မှုဆိုတာမဖြစ်နိုင်ပါဘူး။ ပြီးပြည့်စုံခြင်းဆိုတာ မရှိတဲ့အတွက် အမှားအယွင်းတွေလုပ်မိကောင်းလုပ်မိမယ်။ လဲပြိုကျမှုတွေဖြစ်ကောင်း ဖြစ်မယ်။ ဒီလိုနဲ့ အောင်မြင်ခြင်းကနေ ခေတ္တခဏဆိုသလိုလွဲချော်မှုတွေလည်း ကြုံတွေ့နိုင်ပါတယ်။ ဒါပေမယ့် အဲဒီလိုလွဲချော်မှုတွေ၊ လဲကျမှုတွေကြားထဲမှာလူးကာ လွန့်ကာနဲ့ အောင်မြင်ခြင်းဆီကိုရောက်အောင်သွားဖို့အတွက် မျှော်လင့်ခြင်းဆိုတဲ့အရာကို ကျွန်တော်တို့တတွေ ပိုင်ဆိုင်ထား ပါတယ်။ ကိုယ့်မှာရှိတဲ့ မျှော်လင့်ခြင်းတွေကိုအမှန်တကယ်ဖြစ်တည်လာအောင် ကိုယ့်ဘက်ကနေ အားစိုက်ထုတ်ကြိုးစားမှုသာလိုအပ်ပါ တယ်။ ဒါကြောင့် စိုက်ထုတ်ကြိုးစားမှုတွေကနေအမှန်တကယ်ဖြစ်တည်လာဖို့အတွက် ဘယ်လိုအခက်အခဲတွေတွေ့ကြုံနေရပါစေ။ ဖြစ်လာသမျှကိုကြောက်ဒူးတုန်နေမယ့်အစားမျှော်လင့်ချက်ဆိုတဲ့ သတ္တိအစွမ်း ကိုအသုံးချတတ်ဖို့ အရေးကြီးပါတယ်။ လူမှန်ရင် လဲကျမှုတွေကို ပြန်ထဖို့အတွက် အခွင့်အရေးအချိန်တိုင်းမှာရှိနေပါတယ်။ အဓိကကတော့ ပြန်လည်ပြီးထချင်စိတ်၊ အမှားတွေကို အမှန်ပြင်ချင်တဲ့စိတ်နဲ့ လိုအပ်ချက်တွေကို ပြန်လည်ဖြည့်တင်းချင်တဲ့ စိတ်ရှိဖို့ပါပဲ။ အဲ

  • Supernatural

    24/01/2021 Duration: 10min

    အပတ်စဉ် တင်ဆက်ပေးနေကြ ဖြစ်တဲ့ Padamyar FM ရဲ့ "Supernatural" မှာတော့ ကမ္ဘာတစ်လွှားမှာရှိတဲ့ သဘာဝလွန် ဖြစ်ရပ်များကြောင်းကို တင်ဆက်ပေးနေတာ ဖြစ်ပါတယ်... ဒီတစ်ပတ်မှာတော့ "Time Travel - အချိန်ခရီးသွားခြင်း "အကြောင်းတွေကို တင်ဆက်ပေးထားပါတယ်..... Time Travel အချိန်ခရီးသွားခြင်း ဆိုတာ အမှန်တကယ်ရှိလား၊ မရှိလား ဆိုတာနဲ့ ကမ္ဘာပေါ်မှာရှိတဲ့ Time Traveller တွေအကြောင်းကို တင်ဆက်ပေးထားပါတယ်.... Supernatural အစီအစဉ်ကို အပတ်စဉ် တနင်္ဂနွေ နှင့်ကြာသပတေး နံနက် 11:25 တွင် နားဆင်နိုင်ပါပြီနော်....

  • Knowledge in 3mins

    24/01/2021 Duration: 03min

    ခန္ဓာကိုယ်ကျန်းမာဖို့ အစာအာဟာရတွေ မျှတဖို့လိုအပ်သလို တွေးခေါ်နိုင်စွမ်းတွေ မြင့်မားဖို့ ဗဟုသုတတွေဖြည့်ဖို့ လိုအပ်ပါတယ်..... မိမိကိုယ်ကို ချစ်တယ်ဆိုရင် အချိန် (၃)မိနစ်ပဲပေးပါ... Covid ကာလအတွင်း စီးပွားရေး လုပ်ငန်းများအတွက် " ယနေ့ခေတ် စီးပွားရေးမှာ Marketing အတွက် ဘာတွေပြင်ဆင်ထား သင့်လဲ" ဆိုတဲ့ အကြောင်းအရာနှင့် ပတ်သက်ပြီး Dr. Phyo Paing (Marketing Trainer and Consultant) မျှဝေပေးထားပါတယ် ..... Knowledge in 3 mins ကို ပတ္တမြား FM တွင် Wednesday 11:25 AM နှင့် Sunday 11:10 AM တို့တွင် ထုတ်လွှင့်ပေးသွားမှာဖြစ်လို့ စောင့်မျှော်နားဆင်နိုင်ပါပြီ။ #knowledgein3mins #PadamyarFM #fm #myanmarfm #dr.phyopaing

  • ဒီနေ့အတွက်စကား

    24/01/2021 Duration: 03min

    Happiness is found when you stop comparing yourself to other people. သင့်ကိုယ်သင်တခြားသူတွေနဲ့လိုက်လံနှိုင်းယှဉ်နေတာကိုရပ်တန့်လိုက်မယ်ဆိုရင် သင်ပျော်ရွှင်မှုကိုရှာတွေ့ပါလိမ့်မယ်တဲ့။ ဒီနေ့အတွက်စကားကတော့ တခြားသောသူတွေရဲ့ဘဝကို သဘောကျပြီးကိုယ့်ရဲ့ဘဝနဲ့နှိုင်းယှဉ်လို့ စိတ်ဓါတ်ကျအားငယ်နေတဲ့ သူတွေအတွက် အသိပေးထားတဲ့စကားတစ်ခွန်းဖြစ်ပါတယ်။ လောကမှာကိုယ့်ရဲ့ဖြစ်တည်လာတဲ့ဘဝဟာ အကောင်းတွေ ချည်းဖြစ်တည်ဖို့ဆိုတာမဖြစ်နိုင်ပါဘူး။ အဆိုးတွေချည်းကိုလည်း တစ်ချိန်လုံးတွေ့ကြုံပိုင်ဆိုင်နေမှာမဟုတ်ပါဘူး။ လောကမှာအောင်မြင်ပျော်ရွှင်တဲ့အခိုက်အတန့်တွေလည်း ရှိနိုင်သလို တစ်ခါ တစ်ရံကံကွက်ကျားလို့ ကိုယ့်မှာအခက်အခဲတွေနဲ့ပဲလုံးပန်းနေရတာမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါကိုသည်းမခံနိုင်ဘဲ ကိုယ်ပိုင်ဆိုင်ထားတဲ့ဘဝကတော့ ပင်ပန်းဆင်းရဲလိုက်တာ၊ တခြားသူတွေရဲ့ဘဝကတော့ သာယာအေးချမ်းလိုက်တာဆိုပြီး စိတ်ညစ်နေတဲ့သူတွေရှိတတ်ပါတယ်။ ဒါပေမယ့်သေချာစဉ်းစားကြည့်မယ်ဆိုရင် ကိုယ့်ဘဝဆိုတာကိုယ့်ရှင်သန်ခွင့်ရတဲ့ တစ်သက်တာအတွက် ဘုရားကပေးထားတဲ့အကောင်းဆုံးသောလက်ဆောင်ပါပဲ။ 

  • ပြောကြည့်

    23/01/2021 Duration: 15min

    လူငယ်တွေရဲ့ လွတ်လပ်စွာတွေးခေါ်မှုတွေကို သိရှိခံစားရမယ့် ပြောကြည့် အစီအစဉ်..... ဒီတစ်ပတ် ပြောကြည့် အစီအစဉ်မှာတော့ "ယောင်္ကျားလေး နှင့် မိန်းကလေး ဘယ်သူက မာယာပိုများသလဲ"ဆိုတာကို မေးမြန်းထားပါတယ်..... ပရိသတ်များရဲ့ ရင်ထဲက စကားသံများကို နားဆင်ပေးပါအုန်းနော်.... ဒီအစီအစဉ်လေးကို Radio မှာနားဆင်နိုင်သလို Padamyar FM Website &  Mobile Application တွင်လည်းနားဆင်နိုင်ပါတယ်....

  • ဒီနေ့အတွက်စကား

    23/01/2021 Duration: 03min

    Mistakes are painful when they happen. But years later a collection of mistakes called experiences which lead us to success. လောကမှာရှင်သန်နေထိုင်တဲ့လူသားတိုင်းလူသားတိုင်းမည်သူတစ်ဦးတစ်ယောက်ကမှ ရာနှုန်းပြည့် ပြီး ပြည့်စုံတဲ့သူဆိုတာ မရှိပါ ဘူး။ ရှင်သန်ရာဘဝတစ်ကွေ့မှာအမှားအယွင်းတစ်စုံတစ်ရာကိုလုပ်ဖူးတဲ့သူတွေချည်းပါပဲ။ ဒါကြောင့် ကိုယ်လည်းမှားဖူး၊ သူလည်း မှားဖူးတဲ့ ဒီလောကပတ်ဝန်းကျင်မှာ ဘယ်သူ့ကိုမှ အပြစ်ကြီးကြီးမားမားတင်နေလို့လည်းမရနိုင် ပါဘူး။ အဓိကကတော့ မှားခဲ့ဖူး တဲ့အမှားတွေကိုအချိန်မှီအမှန်ပြင်နိုင်ဖို့သာလိုပါတယ်။ ကိုယ်ရဲ့အမှားတွေကနေသင်ခန်းစာယူ နိုင်ပြီးအမှားတွေကို အမှန် ပြင်နိုင် သေးသရွေ့ ကိုယ်ဟာကောင်းမွန်စွာနဲ့ လောကမှာနေထိုင်နေသေးသမျှ လောကအတွက် အကျိုးပြုနေတဲ့သူချည်းပါပဲ။ အဓိကကတော့ အမှားတွေကိုအမှန်ပြင်ဖို့ပါပဲ။ အမှားတွေကိုအမှန်ပြင်နိုင်ဖို့ ခဲတံတွေမှာတောင် ခဲဖျက်တွေဆိုတာပါရှိနေတတ်ပါ တယ်။ ဘောပင်ကိုလည်း Correction လုပ်လို့ရနိုင်ပါတယ်။ တကယ်လို့ ဖျက်စရာခဲဖျက်ကို လုံးဝရှာမတွေ့တော့ရင်တောင် အဲဒီ စာမျက်နှာကိုဖျက်ချပြီးနောက်ထပ်စာမျက်နှာအသစ်ကို ပြုစုရေးသားပိုင်ခွင့်လူသားတိုင်းမှာရှိနေပါတယ်။ အရေးကြီးတာကကိုယ့်ရဲ့ အမှားတွေက

  • Knowledge For All

    21/01/2021 Duration: 15min
  • Knowledge For All

    21/01/2021 Duration: 15min
  • Knowledge in 3 mins

    20/01/2021 Duration: 03min
  • let's Do It

    19/01/2021 Duration: 03min
  • I'M

    19/01/2021 Duration: 15min
  • Supernatural

    17/01/2021 Duration: 10min
page 2 from 50